ခရစ်တော်၌ ရွေးချယ်ခြင်း

          ဧဖက် ၁း၄ ၌ ပညာရှိ ပေါလုက “ဤကမ္ဘာ မတည်မရှိမှီ၊ ငါတို့ကို ခရစ်တော်၌၊ ရွေးကောက်တော်မူသည်” ဟု ရေးသားဖေါ်ပြခဲ့ရာ၊ ဘုရားသခင်၏ ထာဝရအစီအစဉ်နှင့် ကျွန်ုပ်တို့အပေါ် သူ၏ ကရုဏာတော်ကို ထင်ရှားပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးဘဝအတွက် အခြေခံကျသော သမ္မာတရားတစ်ခုဖြစ်ပြီး၊ ကမ္ဘာမဖြစ်ပေါ်မီကပင် ကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာဖြင့် ရွေးချယ်ခဲ့သည့် ဘုရားသခင်၏ အချုပ်အခြာအာ

ဏာဖြစ်သည်။

 

                      ကျမ်းစာထဲတွင် မထင်ရှားသော်လည်း နက်နဲသော ဥပမာတစ်ခုကို ကြည့်ပါက၊ ကမ္ဘာဦး ၂၄း၁-၄ တွင် အာဗြဟံသည် မိမိကျွန်အား ဣဇာက်အတွက် မယားရှာရန် စေလွှတ်ခဲ့သည့် အဖြစ်အပျက်ကို တွေ့ရသည်။ ဤဇာတ်လမ်းတွင် အာဗြဟံကျွန်သည် ဘုရားသခင်၏ လမ်းပြမှုကို ရယူကာ ရေဗက္ကာကို ရွေးချယ်ခဲ့ပြီး၊ ၎င်းသည် အာဗြဟံ၏ သားဣဇာက်အတွက် ဘုရားသခင်၏ ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်တစ်ခုဖြစ်သည်။ ဤအဖြစ်အပျက်သည် ဧဖက် ၁း၄ ၏ သွန်သင်ချက်ကို ကဲ့သို့ဖြစ်သည်။ ထိုနည်းတူပင် ကျွန်ုပ်တို့သည်ည်း ကိုယ်ကျင့်တရား၊ ကောင်းမှုကုသိလ် ကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်အားဖြင့် ခရစ်တော်၌ ရွေးချယ်ခံရခြင်းဖြစ်ပါသည်။

 

                ဤသမ္မာတရားကို နားလည်ခြင်းပြီး ခံယူအသက်ရှင်ခြင်းသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအတွက် ကြီးမားသော ကောင်းကြီးမင်္ဂလာနှင့် မျှော်လင့်ချက်ဖြစ်သည်။ ကမ္ဘာမတည်မရှိမီကပင် ကျွန်ုပ်တို့ကို သိတော်မူသော ဘုရားသခင်သည်၊ ကျွန်ုပ်တို့အား သူ၏သားတော် ယေရှုခရစ်တော်၌ မင်္ဂလာရှိသော အသက်တာသို့ ခေါ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။

                       ထို့ကြောင့် ကျွန်ုပ်တို့သည် ဤရွေးချယ်ခြင်းကို လက်ခံပြီး၊ ဘုရားသခင်၏ အကြံတော်အတိုင်း အသက်ရှင်နေထိုင်သင့်သည်။

ဤသို့ဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၌ ပေးသနားထားသော ဓမ္မမင်္ဂလာများကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။

မေတ္တာဖြင့်

Saw Kay @ John Kay

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?