ခရစ်တော်ရှိသောနေရာ
မဿဲ ၁၈:၂၀ “အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍
စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်” ဟု မိန့်တော်မူသည်။
ဤကတိတော်သည်
ခရစ်တော်၏တည်ရှိမှုသည် ကြီးကျယ်သောအဆောက်အအုံများ သို့မဟုတ် လူအုပ်ကြီးများတွင်သာ
ကန့်သတ်မထားဘဲ၊ သူ၏နာမတော်ကို ယုံကြည်ခြင်းဖြင့် စည်းဝေးသော နေရာတိုင်းတွင်
ရှိတော်မူကြောင်း ထင်ရှားစေသည်။ ဤသမ္မာတရားသည်
ကျွန်ုပ်တို့၏ဝိညာဉ်ရေးခရီးတွင် များစွာသောခွန်အားနှင့် မျှော်လင့်ခြင်းကို ပေးပါသည်။
ကျမ်းစာထဲမှ ဥပမာတစ်ခုအနေဖြင့်၊
ယောဟန် ၂၀:၁၉-၂၂ ကို ကြည့်နိုင်သည်။ ယေရှုခရစ်တော် ကားစင်တင်ခံရပြီးနောက်၊ တပည့်တော်များသည် ယုဒလူများ၏ ကြောက်ရွံ့မှုကြောင့် တံခါးများကို ပိတ်ထားသော အဆောက်အအုံတစ်ခုအတွင်း စည်းဝေးနေကြသည်။ ထိုအခါ ခရစ်တော်သည် ရုပ်ခန္ဓာအားဖြင့် သူတို့အလယ်တွင် ပေါ်ထွန်းတော်မူပြီး “သင်တို့အား ငြိမ်သက်ခြင်းရှိစေသတည်း” ဟု မိန့်တော်မူသည်။ ထိုအခိုက်အတန့်တွင် တပည့်တော်များသည် ကြောက်ရွံ့မှုမှ ဝမ်းမြောက်ခြင်းသို့ ပြောင်းလဲသွားကြပြီး၊ ခရစ်တော်က သူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်တော်မူသည်။ ဤဖြစ်ရပ်သည် ခရစ်တော်၏တည်ရှိမှုသည် မည်သည့်အခြေအနေမဆိုကြောက်ရွံ့မှု၊ မသေချာမှု၊ သို့မဟုတ် အနည်းငယ်သောသူများသာ စည်းဝေးရာအခိုက်အတန့်တိုင်းကို ပြောင်းလဲစေနိုင်ကြောင်း ပြသနေပါသည်။ဤကဲ့သို့ပင် ယနေ့ခေတ်တွင်
ကျွန်ုပ်တို့သည် ဘဝ၏စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်၌ပင်၊
ခရစ်တော်၏နာမတော်ကို ယုံကြည်ခြင်းဖြင့် စည်းဝေးရာ နေရာတိုင်းတွင်
သူရှိတော်မူကြောင်း ကျွန်ုပ်တို့ သိရှိနိုင်သည်။
ထို့ကြောင့် အိမ်တွင်
မိသားစုနှင့် အတူဆုတောင်းနေသည်ဖြစ်စေ၊ ဘုရားကျောင်းတွင် ယုံကြည်သူများနှင့်
စည်းဝေးနေသည်ဖြစ်စေ၊ သို့မဟုတ် တစ်ယောက်တည်း ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းနေသည်ဖြစ်စေ၊ ခရစ်တော်သည်
ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်။ သူ၏တည်ရှိမှုသည် ကျွန်ုပ်တို့၏ခန္ဒာ၊ စိတ်နှင့်
ဝိညာဉ်အတွက် အာမခံချက်ဖြစ်ပါသည်။
ထို့ကြောင့်၊
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် စည်းဝေးရာအခါတိုင်း၊ ခရစ်တော်သည်
ကျွန်ုပ်တို့အလယ်တွင် ရှိတော်မူကြောင်း သတိရပါစို့။
ဤကတိတော်ကို
ဆုပ်ကိုင်ပြီး၊ ဆုတောင်းခြင်း၊ မိဿဟာယပြုခြင်း၊ ဝတ်ပြုစည်းဝေးခြင်းကို ယုံကြည်စွာဖြင့်
ရှေ့သို့ချီတက်လျှက်သာ၍ ကျိုးစားလုပ်ဆောင်ကြပါစို့။
မေတ္တာဖြင့်
John Kay
Comments
Post a Comment