အတူနေပေးပါ

သံချေးကိုက်ပြီးလုံးပါးသွားတာထက် အသုံးတော်ခံပြီးလုံးပါးသွားတာက ပိုမိုမြင့်မြတ်တယ်ဟု ဘုရားသခင်အတွက် အလုံးစုံအသုံးတော်ခံသူ Henry Francis Lyte ဆိုဖူးသည်။

သူသည် အသက် (၅၄)နှစ်အရွယ်တွင် ကွယ်လွန်သည်။ ၎င်းသည် တံငါလုပ်ငန်းဖြင့်အသက်မွေးသော Devonshire မြို့၊ အင်္ဂလန်နိုင်ငံ၌ သင်းအုပ်ဆရာ တစ်ဦးဖြစ်သည်။ ထိုမြို့တွင် အခက်အခဲအမျိုးမျိုးကြားထဲမှ (၂၃)နှစ်လုံးလုံး အမှုတော်ဆောင်ရသဖြင့် အလွန်ပင်ပန်းသည်။
အဆုတ်ရောဂါနှင့် ရင်ကြပ်ပန်းနာရောဂါက ထပ်မံနှိပ်စက်သဖြင့် ပို၍ပင်ပန်း နွမ်းနယ်လာသည်။ တစ်ခါတစ်ရံ ၎င်းတစ်ဦးတည်းသာ အဖော်မဲ့ကျန်ရစ်နေသလားဟုပင် အထီးကျန် ဆန်စွာ အတွေးဝင်မိလေ့ရှိသည်။
သို့သော် သူ၏နှလုံးသားထဲတွင်မူ ဘုရားသခင်၏အတူနေပေးမှုကို အမြဲခံစားရသဖြင့် ခွန်အား အကြိမ်ကြိမ်ပြန်လည်ရရှိသည်။ တစ်နေ့တွင် ကျမ်းစာဖတ်နေစဉ် ဧမောက်ရွာသို့ခရီးသွားနေသော တ ပည့်တော်နှစ်ယောက်က သခင်ယေရှုထံ ကျွန်တော်တို့နှင့်အတူနေပါ။ မိုးလည်းချုပ်တော့မယ်ဟု တောင်းဆိုသည့်အကြောင်းကို ဖတ်ရှုမိသည်(လု ၂၄း၂၉)။
ထိုစကားသည် သူ၏နားထဲတွင် အလွန်ချို မြိန်သဖြင့် သူသည် အတူနေပေးပါ(Abide with Me)ဟူသည့်ခေါင်းစဉ်ဖြင့် သီချင်းတစ်ပုဒ်ကို ချက် ချင်းစပ်ဆိုဖြစ်သွားသည်။ သူသည် ထိုသီချင်းစပ်ဆိုပြီးနောက် တစ်နှစ်အကြာတွင်ကွယ်လွန်သွားရာ ဘုရားသခင်၏အတူ နေပေးမှုကို လောကတွင်သာမက ကောင်းကင်အထိပါ မျက်မြင်ကိုယ်တွေ့ ခံစားရလိမ့်မည်ဖြစ်သည်။
အတူနေပေးပါ ၊ တဖြည်းဖြည်းမိုးချုပ်လာပြီ အမှောင်ကြီးစိုးပြီ၊ ကိုယ်တော်အတူနေပေးပါ အားပေးနှစ်သိမ့်ပေးမည့်သူ မရှိတော့ပေ ဒုက္ခရောက်ေ နစဉ် ကိုယ်တော်အတူနေပါ ဘုရားသခင်က မောရှေကို ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု ကတိပေး သည်။
သို့သော်လည်း မောရှေက ပို၍သေချာစေလိုသည့်အပြင် ဘုရားသခင်မပါရှိပါက မည်သည့်အ ရာမျှ မလုပ်ဆောင်နိုင်သည်ကိုသိသဖြင့် ကိုယ်တော်တိုင်မသွားလျှင် အကျွနု်ပ်တို့ကို ဤအရပ်မှ ပို့ တော်မမူပါနှင့်ဟု တောင်းပန်သည်။
မှန်ပါသည်။ ဘုရားသခင်၏အတူနေပေးမှုကို ကိုယ်တိုင်မခံစား ရပါက မည်သည့်အရာမျှ လုပ်ဆောင်ဝံ့မည်မဟုတ်သကဲ့သို့ ခံစားပါကလည်း မည်သည့်အရာမျှ စိုး ရိမ်စရာမလိုတော့ချေ(ထွက် ၃၃း၁၄-၁၅)။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?