အသက်တာတစ်ခုလုံး ကိုယ်တော့်အတွက်

အသက်(၃၈)နှစ်သာရှိသေးသော Frances Havergal ဆိုသူသည် Areley ဆိုသူ အမျိုးသမီး၏ နေအိမ်သို့ ငါးရက်ခန့်တည်းခိုရန် အလည်အပတ်ရောက်ရှိသည်။ ရောက်ရောက်ချင်းပင် အိမ်ရှင်မက ငါတို့မိသားစု(၁၀)ယောက်ရှိတယ်။ ဆုဘယ်လောက်ပဲတောင်းတောင်း တချို့မပြောင်းလဲနိုင်သေးဘူး။ ပြောင်းလဲပြီးသူတချို့လည်း လုံးဝအားရစရာမရှိဘူး။

ဒါကြောင့် ကိုယ်တော်၊ ဒီမိသားစုအားလုံးကို ကျနော့်ကိုပေးပါလို့ ဆုတောင်းပေးစမ်းပါ ဟု ပြောလိုက်သည်။ ဆုတောင်းချက်အဖြေရသဖြင့် အိမ်ရှင်မိသားစုအားလုံး ပြောင်းလဲလာကြသည်။ နောက်ဆုံးည တွင် Frances ၏စိတ်ထဲ၌ အလုံးစုံ ကိုယ် တော့်အတွက် သာ ဖြစ်လို ပါတယ် ဟူသည့်အသံကို အဆက် မပြတ်ကြားနေရသည်။ သူကိုယ်တိုင်လည်း လွန်ခဲ့သောနှစ်လကပင် ခရစ်တော်အတွက် အလုံးစုံဆက် ကပ်ထားသူဖြစ်သဖြင့် အသက်တာတစ်ခုလုံး ကိုယ်တော့်အတွက်}ဟူသည့်သီချင်းကို ချက်ချင်းရေးဖွဲ့ လိုက်သည်။
ထိုနေ့သည် ၁၈၇၄ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ဖြစ်ပြီး နောင်ငါးနှစ်အကြာတွင် သူ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်၌ အသက်(၄၃)နှစ်သာရှိသေးသော်လည်း ဘုရားသခင်နှင့်အသင်း တော်အတွက် (Another Year Is Dawning, Like a River Glorious စသည့်)ဓမ္မသီချင်းပုဒ်ရေများစွာ ရေးဖွဲ့ခဲ့သည်။ မှန်ပါသည်။ ကိုယ်တော်၊ ကျွနု်ပ်၏အသက်တာတစ်ခုလုံးကို ကိုယ်တော်အပိုင်ယူတော်မူပါ ဟု ဆက်ကပ်အပ်နှံရန် အလွန်အရေးကြီးသည်။
"ညီအ စ်ကိုတို့၊ အ သ က်ရှင်ခြ င်း လ က္ခဏ ာ၊ သ န့်ရှင်းခြ င်း လက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော် မည် အကြောင်း ဘုရားသခင် ၏ ကရုဏာတော်ကိုထောက်ထား၍ ငါတိုက်တွန်းနှိုးဆော်ပေ ၏ ။ သင်တို့သည်လောကီပုံသဏ္ဍန်ကိုမဆောင်ကြနှင့် ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သိနိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန ်ပြော င်းလဲခြင်းသို့ ရောက် ကြလော့" (ရော ၁၂း၁-၂)။
ရှေးခေတ်တွင် တိရစ္ဆာန်ကိုသတ်၍ အသွေးဖြင့်ယဇ်ပူဇော်ကြသည်။ သို့သော်လည်း ယေရှုခရစ် တော်အသတ်ခံရပြီးချိန်မှစ၍ တိရစ္ဆာန်အသွေးမလိုအပ်တော့ချေ။ အသက်မဲ့သောယဇ် မလိုအပ်တော့ သဖြင့် ဘုရားသခင်က အသက်ရှိသောယဇ်ဖြစ်သည့် မိမိတို့၏ ကိုယ်၊စိတ်၊ဝိညာဉ်ဖြင့်ပူဇော်သည့် ယဇ်ကို အလိုတော်ရှိသည်။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?