ပညတ်တော်နှင့်ခရစ်ယာန်

            ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသေရလ လူမ်ား များအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေး ထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။


တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎၊ မည်သို့ 

၀မ်းမြောက် စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော်

များဖြစ်ကြ သည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့၀တ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။


တချို့သော ပညတ်တော်တို့သည် ဣသေရလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အ၀တ်အ စားနှင့် ပတ်သက်သော ပညတ်တော်)။


ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွနု်ပ်တို့ အသက္တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက် သိမ်းသွားခဲ့သည် (ရောမ၊ ၁၀း၀၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။


ကျွန်ု်ပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎ ပညတ်တော်သည် သင်၏ ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံး အကြွင်း မဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမွ် ချစ်လော့ (မဿဲ၊ ၂၂း၄၀)။


သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် ဘုရားသခင်ကို ချစ်ခြင်း နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန် ဖော်ပြထားသော အချက်များလည်း ပါ၀င်ပါသည်။


ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎ သိရှိနိုင်ရန်ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် လမ်းညွှန်တိုင် ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြော ဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။


ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ ပညတ်တော် တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။


ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ် (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ် ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ (ဥပုဒ်နေ့ကို စောင့်ထိန်းရန် ပညတ်များကလွဲ၍)။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။


ကျွနု်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာ မည် မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားမ်ားက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ၇း၇-၉၊ ဂလာ၊ ၃း၂၄)။


ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမွ် ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွနု်ပ််တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?