ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း အပိုင်း (၂)

         ချစ်သောမိတ်ဆွေ၊ ဤလောက၌ အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာနှင့်ကြုံ  ဟောပြောချက်ကိုနားယောင်ပြီး၊ ဒုက္ခထဲမှာတွေဝေနေသော ယုံကြည်သူ များစွာရှိ၏။ ထက်ပါဆရာတို့၏ ဟောပြောသောဒေသနာမှာဘုရားသားဖြစ်လျှင် ကျန်းမာရမည်။ ဘုရားသားမှန်လျှင်ဒုက္ခဆင်းရဲမကြုံရ။ အားလုံးအ ဆင်ပြေနေရမည်။ ထိုဆရာတို့ဟောပြောသည့်အတိုင်း ဖြစ်မည်ဆိုပါက ဤလောကဆင်းရဲဒုက္ခမှ လွတ်နိုင်စ ရာ အကြောင်း ရှိ၏။


သို့သော်လက်တွေ့မှာ အထက်ပါ ဆရာတော်များဟောပြော

သည့်အတိုင်း ဖြစ်မလာ။

ဒုက္ခနှင့် ကြုံလာသောအခါ စိတ်ပျက်ဝမ်းနည်းရသည် သာမက ဘုရားသခင်ကိုပါ။

အသားလွတ်အပြစ်တင် ရသည် အခြေထိဆိုးဝါးခဲ့လေသည်။


        ဆရာကြီးများဟောပြောသည့်အတိုင်း ငါတို့ များ ဘုရားသားမဖြစ်သေးတာလား၊

သို့မဟုတ် ဆရာ ကြီးများ၏ ဩဝါဒကများ မှားနေရော့သလား၊ တစ်ခုခု

တော့မှားနေကြောင်း သတိရလာကြလေသည်။ ဤ အခြေအနေထဲမှာ ရောက်နေသော ယုံကြည်သူလူ

တစ်စုများအတွက် ရည်ရွယ်ပြီး ဤဆောင်းပါးအမှတ်

စဉ်(၂)ကိုရေးသားလိုက်ရခြင်းဖြစ်လေသည်။ ဤ ဆောင်းပါးသည် ကျွနု်ပ်ကိုယ်တိုင်

အခေါက်ခေါက် အခါခါဖတ်ရှုလေ့လာခဲ့သော ဒုက္ခပြဿနာ၊ ခရစ် ယာန်အဖြေစာအုပ်ကို

မှီငြမ်းပြီး ရေးသားကြောင်း ရှေးဦးစွာ ဝန်ခံလိုပါသည်။


       ယုံကြည်သူများအကြောင်း မစဉ်းစားမှီ ခရစ် တော်၏ အသက်တာကို ရှေးဦးစွာ

လေ့လာပါမည်။ အရှင်ယေရှုခရစ်သည် ကောင်းကင်မှ ြွကလာသော သခင်ဖြစ်ပါ၏။

        သူသည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူလျက် မွေးဖွားခဲ့၏ (ဖိ၂း၆-၇)။

ထိုခရစ်တော်သည် လူ့ဇာတိ အဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွတ်နိုင်သော

အဖခမည်းတော်ထံ ကြီးစွာသော ေြွကးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်

ဆုတောင်းပဌာနာပြုလျက် ကြောက်ရွံ့စရာအမှု၌ ချမ်းသာရာရခဲ့၏။ ဘုရားသား

မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နား ထောင်ခြင်းအကျိုး

အကြောင်းကို သင်တော်မူ၏ (ဟေဗြဲ ၅း၇-၈)။


        ထို့အပြင်အရှင်ယေရှုသည် ဤလောက၌ ဒုက္ခ မျိုးစုံခံခဲ့လေ၏။ ကျမ်းစာ၌လာသည်ကား

ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်

စက်ခြင်းကိုခံရလေ၏ (ဟေရှာယ ၅၃း၅)။ ထာဝရဘု ရားသည် အရှင်ယေရှုကို

နှိပ်စက်ခြင်းငှာ အလိုတော် ရှိ၍ အနာခံစေတော်၏ (ဟေရှာယ ၅၃း၁၀)။ အရှင်

ယေရှုသည် ဤဒုက္ခမျိုးစုံကို ခံရသောအခါ မတတ်သာ ၍ သည်းခံနေခြင်းမဟုတ်။

မရုန်းထွက်နိုင်၍ အလျှော့ ပေးလိုက်ခြင်းလည်းမဟုတ်။ အဖခမည်းတော်၏

အကြံအစည်တော်ပြည့်စုံစေဘို့ရန် ကျေနပ်အားရစွာ ခံရခြင်းဖြစ်လေသည်။

ကျမ်းစာ၌လာသည်ကား မိမိ စိတ်ဝိညာဉ်ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်

၍အားရလိမ့်မည်။


        သို့သော်ကျွနု်ပ်တို့စောဒကတတ်လေ့ရှိသော အချက်မှာ သခင်ယေရှုထိုသို့

ပြုတော်မူသည်မှာ မှန်၏။ ကိုယ်တော်သည် နာကျည်းဖွယ်သော ရက်စက် မှုကို ခံယူ၍

ဒုက္ခဘဝကို သုခဘဝဖြစ်အောင် ပြောင်း လဲတော်မူသည်မှာ မှန်၏။

သို့သော်ထိုနည်းလမ်းက အရှင်ယေရှု၏ နည်းလမ်းသာဖြစ်သည်။ ကျွနု်ပ်တို့

လိုက်နိုင်သောနည်းလမ်းမဟုတ်ဟူသော အချက်ပေ တည်း။


        အရှင်ယေရှုသည် သူ၏ နည်းလမ်းကို ကျွနု်ပ် တို့ နည်းလမ်းဖြစ်စေတော်မူပြီ။

တမန်တော်ဝတၳု ရှိ တမန်တော်တို့၏ အမှုဆောင်ပုံသည် သခင်ယေရှု ကိုယ်တိုင်

တမန်တော်များအထဲ၌နေ၍ သူ့အမှုတော် ကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်လေသည်။

အထူးသဖြင့် ဆင်းရဲဒုက္ခ ခဲရာခဲဆစ်တို့နှင့် ပတ်သက် ၍ တပည့်တော်တို့၏

အမှုသည်ကိုယ်တော်နှင့် ဆက်နွယ်လျက်ရှိ၏။ ထိုတမန်တော်တို့၌ခံရသော

ဆီးတားခြင်းအမှုများသည် အောင်မြင်တိုးတက်ခြင်း များဖြစ်လာ၏။

ဘေးဥပါဒ်များမှ ဥဒါန်းကျူးဧဖွယ်ရာ ဖြစ်လာကုန်၏။


        ဤတမန်တော်ဝတၳုထဲမှ အဖြစ်အပျက်အချို့ ကို ထုတ်နှုတ်၍ ဒုက္ခဆင်းရဲ

အတားအဆီးတို့ကို မည် သို့ မျက်နှာမူရင်ဆိုင်ကြပုံအကြောင်း ဆင်ခြင်ကြည့်

ကြကုန်အံ့။ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော် တို့တက်ကြရာတွင် တင့်တယ်

တံခါး၌ ခြေဆွံသူတစ် ယောက်သည် ထိုင်လျက် ဆီး၍ တောင်းခံ၏။ ထိုအခါ မိမိတို့

အိတ်ကိုလက်ဖြင့် စမ်းကောင်းစမ်းကြလိမ့်မည်။ စမ်းသော်လည်း

ငွေတစ်ပြားတစ်ချပ်မျှ မတွေ့သဖြင့်၊ ငွေကြေးမဲ့ခြင်းတည်းဟူသော

လောကဆင်းရဲခြင်းနှင့် သာ ကြုံနေမြဲရှိလေသည်။ ကျွနု်ပ်တို့သာဆိုလျှင်

ပိုက်ဆံပေးစရာမရှိ၍ ဝမ်းနည်းစွာ ခေါင်းကုတ်ပြီး ထွက်သွားကြလိမ့်မည်။

ပိုက်ဆံမရှိလေခြင်းဟူသော၊ ဒုက္ခဆင်းရဲ၏ နှိပ်စက်ခြင်းကို ခံစားရပေမည်။

များ သော သူတို့ပိုက်ဆံမရှိခြင်းသည် အလွန်ကြီးလေးသော

ဆင်းရဲဒုက္ခကြီးတစ်ခုဖြစ်၏။


        သို့သော် ယောဟန်နှင့် ပေတရုတို့မှာမူ ထိုဆင်း ရဲခြင်းအတွက်

ဝမ်းနည်းကြေကွဲနေမည့်အစား ပိုက်ဆံ မရှိခြင်းကိုပင်

အခွင့်အရေးသဖွယ်ရယူလျက် ငါတို့၌ ရွှေငွေမရှိ။ ရှိသည်အရာကို

ငါတို့ပေးမည်။ နာဇရက်မြို့ သားယေရှု၏ နာမတော်ကြောင့် လှမ်းသွားလော့ ဟူ

သော အံ့ဩဖွယ်စကားကို မိန့်ဆိုခဲ့လေ၏။ ခြေဆွံသူ သည် ထ၍ လှမ်းသွား၏။

ပေတရုနှင့်ယောဟန်တို့ သည် ငွေမရှိခြင်းဆင်းရဲကို တွေးပြီး ငိုေြွကးကြသည်

မဟုတ်။ ဆင်းရဲဒုက္ခကို ခေါင်းငုံ့ပြီး ခါးစည်းခံနေကြ သည်မဟုတ်။

ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ် ကိုင် အသုံးချခဲ့ကြလေသည်။ အကယ်၍

ပေတ ရုနှင့် ယောဟန်တို့၌ ပိုက်ဆံငွေကြေးရှိခဲ့ပါမူ မည်သို့ ဖြစ်မည် နည်း။

သူတောင်းစားကို ပိုက်ဆံတစ်ပြား တစ်ချပ် ပစ်ပေးရုံနှင့် ပြီးကြပေလိမ့်မည်။


        ဤတမန်တော်တို့မှာ ခရစ်တော်ကိုယ်တိုင် ရွေး ချယ်ထားသော

အထူးပုဂ္ဂိုလ်များဖြစ်သောကြောင့် ဥပမာပြုရန် ရှည်ဝေးလှသည်ဟုထင်လျှင် သာမည

အသင်းသားဖြစ်သော သတေဖန်ကို ကြည့်ကြစို့။ သူ သည် လွှတ်တော်၌

စစ်ဆေးခံရသောအခါ တစ်ဖက်မှ နေ၍ လိမ်လည်သက်သေထွက်ဆို ခဲ့ ကြသည်။ သူ့ကို

သေကြောင်း ကြံကြသည်။ သူ့အတွက် အလွန်ခံရ ခက်ပေမည်။ သို့သော် သတေဖန်သည်

ပြစ်မှားသမျှကို ခေါင်းငုံ့ခံနေသည်မဟုတ်။


  တုန့်ပြန်အသုံးပြုတော်မူပြီး

သူ့အပေါ် ကျလာသမျှသော မုသားသက်သေ စကား လုံးတိုင်းသည် အလင်းရောင်သဖွယ်

ဖြစ်လာသည်။ သူ့မျက်နှာကို မြင်ရသော သူတိုင်းက ကောင်းကင် တမန်၏ မျက်နှာကို

မြင်ရကြသည်အလား ထင်ရကြ ၏။ သူ့တစ်ဖက်မှ မတရားသက်သေခံလေလေ သူ့ မျက်နှာမှာ

တောက်ပြောင်လေလေဖြစ်၍ နောက်ဆုံး တွင် ကျောက်ခဲဖြင့် ပစ်သတ်ကြလေသည်။

ထို့အပြင် အသက်မထွက်မီ ပစ်သတ်သောသူတို့အပေါ် ထို

အပြစ်ဒဏ်မသက်ရောက်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးသွားသေး၏။


        ထိုပဌာနာသံကို ရှောလုအမည်ရှိသော သူငယ် တစ်ယောက်သည်ကြားလျှင် နှလုံး၌

လွန်စွာ ထိခိုက်၍ နောက်ဆုံး၌ ဒမာသက်မြို့လမ်းတွင် ကိုယ်တော်ရှင်

ခြေရင်းသို့ အသက်တာကို ပုံ၍ အပ်နှံရ လေသည်။ သူ့ကို ပစ်သမျှကျောက်တို့ကို

မေတ္တာ စကားလုံးနှင့် သာချေပခဲ့သောကြောင့် နောင်တွင် တမန်တော်ဖြစ် လာမည့်

ရှင်ပေါ်လုအား ခရစ်တော်အတွက် သူကယ် ဆယ်ခဲ့လေပြီ။ ဤသို့ဖြင့် သတေဖန်သည်

ရန်ကို ရန် ချင်းမတုန့်နှင်းဘဲ မေတ္တာဖြင့် တုန့်ပြန် ခဲ့သောကြောင့်

လောကဓံတရားကို နိုင်နင်းအောင်မြင်၍ နိုင်ငံတော် ပြန့်ပွားရေးအတွက်

မိမိခံရသော ဆင်းရဲခြင်းကိုပင် အသုံးပြုချေပြီ။


        သတေဖန်ကို ခဲနှင့်ပေါက်သတ်ပြီးနောက် ခရစ် ယာန်တပည့်တော်တို့သည် ဆက်လက်၍

ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံကြရလေသည်။ တပည့်တော်တို့သည် အရပ်ရပ်သို့

ထွက်ပြေးတိမ်းရှောင်ကြရသော်လည်း ကွဲလွင့်ကြသောသူတို့သည်

ဧဝံဂေလိတရားတော်ကို ရောက်ရာလေရာ၌ ဟောပြောကြကုန်၏။ သူတို့ကို

ပျက်စီးစေမည့် အကြံအစည်တော်တည်းဟူသော ''ပေ'' ပေါ်၌တင်၍ မတရားသော

အာဏာတန်ခိုး တည်းဟူသော ''တူ'' နှင့်ထုလိုက်သောအခါ ဧဝံဂေလိ တရားမီးလျှံသည်

နေရာအနှံအပြား ထွန်းလင်းပြီးသား ဖြစ်သွားလေသည်။


 ယုံကြည်သူများကိုယ်တိုင်

ထိုသို့ အထုအထောင်ခံရခြင်းကြောင့် သာ၍ရင့်ကျက် သော ခရစ်ယာန်များ

သာ၍စည်းလုံးညီညွတ်သော ယုံကြည် သူများဖြစ်လာကြရလေသည်။ ဘယ်လိုနှိပ် စက်ကြ

မည်နည်းဟူ၍ နှိပ်စက်သူများပင်လျှင် အကြံအိုက် ရချေပြီ။ သို့သော် ''နိပ်'' လေလေ ''ထက်'' လေလေ ရှိကုန်ကြပြီဟူသော ရလာဒ်သာအဖတ်တင် ကျန်ရစ်ခဲ့

လေသည်။ တရားလိုများသာ အဆုံးကြီးရံှုးလျက် တရားခံများမှာမူ၊

အောင်ပွဲခံလျက်ရှိကြလေပြီ။


        ချစ်သောမိတ်ဆွေ၊ ဤသို့သောဖြစ်ရပ်မှာ

ဓမ္မကျမ်းတစ်ခုလုံးပြည့်နှက်လျက်ရှိလေပြီ။ ပေါလုနှင့် သိလတို့ကို

ကြည့်ဦးမည်လော။ ထောင်အတွင်း၌ လက်ထိပ်၊ ခြေထိပ်ခတ်လျက်၊ ကျောကုန်း၌ ဒဏ်ရာ

အလျှိုးလျှိုးဖြင့် သွေးများပင် ယိုစီးလျက်ရှိကြ၏။


        ဘယ်အမှုကိုပြု၍ ဤသို့ဆင်းရဲကို ခံကြရသ နည်း။ ဧဝံဂေလိတရားတော်ကို

ဝေငှခဲ့သောကြောင့် အမြင့်မြတ်ဆုံးသော ဆုကျေးဇူးကို အခြားသူတို့အား

ဝေငှခြင်းကြောင့် ဤသို့ ဒုက္ခဆင်းရဲနှင့် ကြုံကြရသည်။ ထိုသို့သော

ဒုက္ခမျိုးကြုံတွေ့ရသောအခါ သူတို့၏ ကိုး ကွယ်ခြင်းသည်

အချည်းနှီးဖြစ်သွားပြီလော။ ဘုရား သခင်သည် သူတို့ကို မကြည့်ရှုဘဲ

မျက်နှာလွှဲသွား ပြီးလော၊ လောက၌ ဘုရားမရှိ တရားမရှိသော ငါတို့ သည်

ဤသို့ဆင်းရဲခြင်းကို ခံရချေသည်ဟု ထိုင်၍ ညည်းညူ နေကြသလော။

ထိုသို့အလျှင်းမဟုတ်ပါ သန်းခေါင်ယံ၌ ပေါလုနှင့် သီလတို့သည် သီးချင်းဆို

ကြ၏။ သီးချင်းကိုပင် သီဆိုကြလေပြီ။ ဤမျှလောက် မတရားခံနေစဉ် နှလုံးသားထဲမှ

ထွက်လာသော သီ ချင်းသံကို ကြားဖူးပါသလား။


 ကျေးဇူးတော်ကို ချီးမွမ်း သော

သီချင်းသံသည် ကောင်းကင်အထက်ဘုရားရှင် ထံတော်အပါးသို့ ရောက်သွားသောအခါ

ဘုရားသခင် သည် ကြားတော်မူလျှင်မနေသာ၍ အောက်သံဖြစ် သော ငလျှင်နှင့်

စည်းဝါးလိုက်ပေးတော်မူရလေသည်။ မိုးမလင်းမီ ထောင်မှူးနှင့်မိသားစုသည်

ပြောင်းလဲလာ သောကြောင့် ခရစ်ယာန်အသင်းတော်တစ်ပါး၏ အုတ်မြစ်ကို

တည်ဆောက်နိုင်ပေသည်။ထိုအကျဉ်း သား ပေါလုသည်ထောင်ထဲမှ ဖိလိပ္ပိမြို့ရှိ

အသင်း တော်သို့ ရေးလိုက်သော ဩဝါဒစာ၌ ဝမ်းနည်းသံမ ကြားရဘဲ

ကျေးဇူးတော်ချီးမွမ်းခြင်း ပြည့်လျှံလျက်ရှိ လေသည်။ ပေါလုနှင့်သိလသည်

ဒုက္ခဆင်းရဲကို သည်း ခံရုံနေကြသည်မဟုတ်။ ဖယ်ရှောင်၍ နေကြသည် လည်းမဟုတ်

ဆင်းရဲခြင်းကို ဆွဲကိုင်ယူ၍ အသုံး ပြုကြ လေသည်။


        ဓမ္မသစ်ကျမ်းတွင် ဤသို့သော သက်သေသာဓ ကမျိုး အများရှိရာမှ ကျွနု်ပ်တို့

ကိုယ်တိုင်တစ်ခါမဟုတ် တစ်ခါကိုယ်တွေ့ကြုံရကြသောအကြောင်း တစ်ခုကို

ထပ်မံတင်ပြလိုပါသည်။ ဘုရားသခင်ထံဆုတောင်း ခြင်းကို ဂါထာတစ်ခုကဲ့သို့

အသုံးချနေသော ''ဥုံဖွ'' ပျောက်စေဆရာကြီးအား ဤဖြစ်ရပ်မှန်ဖြင့် သတိပေး

လိုပါသည်။ ထို့အပြင် ''ဥုံဖွ'' ပျောက်စေဆရာကြီးများ နောက်သို့

တကောက်ကောက် လိုက်ပါလွယ်သော ယုံကြည်သူ လူသစ်များကိုလည်း သတိပေးနှိုးဆော်

အပ်ပါသည်။


        အကြောင်းမှာ ပေါလုကို နှိမ်နှင်းခြင်းငှာ စာ တန်၏ စေတမန်သဖွယ်

ကိုယ်ခန္ဓာ၌ ဝေဒနာတစ်ခု ရှိကြောင်းသိရသည်။ အမှုတော်ကို ကောင်းမွန်စွာ

ဆောင်ရွက်နိုင်ရန် ဘုရားသခင်သည် ထိုဝေဒနာကို ပျောက်ကင်းအောင်

ကုသပေးသင့်သည်။ ဤရောဂါမှ ပျောက်ကင်းအောင် ပေါလုသည် သုံးကြိမ်တိုင်တိုင်

ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်ထံမှရသော အဖြေသည်

အနာငြိမ်းခြင်းမဟုတ်။


 ဘုရားသခင်သည် ဂရုဏာတော်မရှိ။ လစ်လျှူရှုသကဲ့သို့

နေတော်မူ၏။ လူတွေက မတရားညှင်းဆဲသလို ဝေဒနာကလည်း ဖိစီး နှိပ်စက်

ဘုရားသခင်ကလည်း ဂရုမစိုက်ဖြင့် သုံးဌာန ၏ ဖိစီးခြင်းခံရသောအခါ

ပေါလုအနေဖြင့် နှလုံးကြေ ကွဲ စိတ်ပျက်ဝမ်းနည်းရုံသာ ကျန်တော့မည်မဟုတ်

လော။ လူတွက်နည်းဖြင့်တွက်သော် စိတ်ပျက်ခြင်းသို့ သာဆိုက်ပေမည်။


        သို့သော်ထိုသို့မဟုတ် သုံးကြိမ်တိုင်တိုင် ဆု တောင်းသည့် အဆုံး၌ပေါလုအား

ဘုရားသခင်က သင့်ဝေဒနာကို ငါသည် ပပျောက်စေမည်မဟုတ်။ သို့ သော်

ပပျောက်သည်ထက်သာ၍ ကောင်းသော အရာ တစ်ခုကို ငါပေးမည်။ ဤဝေဒနာစွဲနေစဉ်တွင်

သင်၌ အသုံးပြုနိုင်သည် ခွန်အားတန်ခိုးကို ငါပေးမည်။ ငါ၏ကျေးဇူးသည်

သင်အဖို့လုံလောက်ပေ၏။ ခွန်အား နည်းရာ၌ ငါတန်ခိုးသည် စုံလင်သည်ဟု

မိန့်တော် မူ၏။


 ဘုရားသခင်၏ သဘောတော် အလိုတော်ကို ပေါလုသည်

သဘောပေါက်နားလည်သောအခါ ရော ဂါရှိလျက်ပင်ထ၍ ဝမ်းမြောက်ရွှင်လန်းခြင်း

ရှိသည်။ ခရစ်တော်အတွက် အားနည်းခြင်း၊ အနာတရပြုခြင်း၊

ညှင်းပန်းနှိပ်စက်ခြင်း၊ ကျဉ်းကျပ်ခြင်းများကို ငါနှစ် သက်စွာ

နာခံပါမည်ဟု ဝန်ခံလေ၏။ အကြောင်းမူ ကား ငါသည်အားနည်းသောအခါ

တန်ခိုးနှင့်ပြည်စုံ ၏ (၂ကော ၁၂း၇-၁၀)။


        ဤနေရာ၌ ပေါလုသည် ဝေဒနာမှ သက်သာ ပျောက်ကင်းခြင်းကို မတွေ့ရသော်လည်း

ဝေဒနာကို အသုံးပြုနိုင်သည့်သာ၍ မြင့်မြတ်သော အခွင့်ထူးကို တွေ့လေ၏။

        အထက်ပါရှင်ပေါလု၏ ဝေဒနာနှင့် ပတ်သက် ၍ ကိုယ်ခန္ဓာကျန်းမာခြင်းပြဿနာကို

ကျွနု်ပ်တို့တိုက် ရိုက်တွေ့ရကြပြီ။ ဘုရားသခင်သည် လူတို့ကို ရောဂါ ဝေဒနာမှ

ချမ်းသာပေးပုံပေးနည်း အမျိုးမျိုးရှိသည်။ သင့်မြတ်သောနေရာဒေသ၊

တိုင်းရင်းဆေး၊ ဓါတ်စာ၊ ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း

စသည်တို့မှာ လည်း ဘုရားသခင်၏ နည်းလမ်းများပင် ဖြစ်ကြောင်း ဝန်ခံရပေမည်။


သို့သော် ဤသာမညနည်းလမ်းများ ထက် ထူးကဲ၍ ဘုရားသခင်ကိုယ်တိုင်

တိုက်ရိုက်တို့ ထိလျက် ကျန်းမာစေခြင်းမျိုး ဧကန်မုချရှိကြောင်း

ကျွနု်ပ်တို့ယုံကြည်ပါ၏။ ဤတန်ခိုးမျိုးကိုလောကီပညာ ဖြင့် နားမလည်နိုင်။

ဖော်ပြရှင်းလင်း၍လည်း မတတ် နိုင်သော တန်ခိုးကို တွေ့ထိခံစားသူတိုင်း

ဝန်ခံရကြ၏။


        သို့သော် ဤသို့ဘုရားသခင်၏ အနာငြိမ်းစေ ခြင်းသည်ရှိငြားသော်လည်း

ဘုရားသခင်သည် အမြဲ မပြတ်သုံးတော်မမူကြောင်းကို မှတ်သားရပေမည်။

ဘုရားသခင်ထံမှ တိုက်ရိုက်တို့ထိပြီး အနာငြိမ်းခြင်းမရ သောအခါများ၌

ကျွနု်ပ်တို့၌ ယုံကြည်တရားပျက်ကြရ လေသည်။ ဘုရားသခင်သည်အခါမရွေး တန်ခိုးပြ

လျက် ကုသပေးသည်ဟု မိတ်ဆွေယုံကြည်ခဲ့ပါမူ အနာ မငြိမ်းသောအခါ ဘုရားသခင်အပေါ်

ထင်ယောင် ထင်မှားဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရား ကို

သိထားဖို့လိုအပ်လေပြီ။


        အမှန်စင်စစ်၊ ဘုရားသခင်သည် တစ်ခါတစ်ရံ တိုက်ရိုက်အနာငြိမ်းစေပြီဟု

ကုသပေးတော်မူ၏။ တစ် ခါတစ်ရံမှာ တိုက်ရိုက်အနာငြိမ်းခြင်းမပြုဘဲနေတော်မူ

၏။ ထိုသို့အနာငြိမ်းခြင်းမပြုလုပ်သောအခါ ထိုထက် သာ၍ အကျိုးကြီးသော

ကျေးဇူးတော် တစ်စုံတစ်ရာ ကို ပေးသနားတော်မူလိုသောကြောင့်ဖြစ်၏။ ဤသမ္မာ

တရားကိုသိထားပါက ဝေဒနာတစ်စုံတစ်ခုမှ ချမ်းသာ မရသောအခါ ဘုရားသခင်အပေါ်

သံသယစိတ်မဝင် နိုင်ပါ။


 အဘယ့်ကြောင့်ဆိုသော် အသက်ကိုပင် မ နှမြောဘဲ

ပေးခဲ့သောဘုရားမေတ္တာကို စိတ်ချယုံကြည် နိုင်သောကြောင့်ဖြစ်လေသည်။

တစ်ခါတစ်ရံ ဘုရား သခင်သည် ခန္ဓာကျန်းမာခြင်းထက် ဝိညာဉ်ပါရမီနှင့်

ပြည့်ဝလျက် ရင့်ကျက်စေလိုသောအခါ ရောဂါဝေဒနာ မှ ကုသပေးခြင်းမပြုသော်လည်း

သာ၍အကျိုးကြီး သော ဆုကျေးဇူးကို ငါတို့အတွက် ပြင်ဆင်တော်မူ၏။ ထို့ကြောင့်

တမန်တော်ပေါလုက အားနည်းသည့် အ ရာမှာ ခွန်အားနှင့်ပြည့်စုံ၏ဟူ၍

ကျေနပ်နှစ်သက်စွာ သူ့ဝေဒနာကို ဝန်ခံခဲ့လေသည်။


        ထို့ကြောင့် ယုံကြည်သူတိုင်း သတိချပ်ရမည့် အရာတစ်ခုမှာ ဘုရားသခင်သည်

မိတ်ဆွေ၏ ရောဂါ ကို တိုက်ရိုက်တို့ထိပြီး တန်ခိုးတော်ဖြင့် အနာငြိမ်းစေ

နိုင်ပါ၏။ ထိုသို့ အနာငြိမ်းခြင်းကို မပေးခဲ့လျှင် ထိုဝေဒ နာကို

အကျိုးရှိအောင် အသုံးပြုနိုင်သည့် တန်ခိုးကို ပေးလိမ့်မည်။


        ရွှေလင်းယုန်ငှက်ကို ကြည့်ပါ။ မုန်တိုင်းတိုက် ခတ်သောအခါ အတောင်ကိုဖြန့်၍

မုန်တိုင်းအရှိန်ကို ပင်အားပြုလျက်၊ မုန်တိုင်းအထက် လေပြေလေညှင်း

ရှိရာအရပ်သို့ တက်သွားလေ့ရှိ၏။ ထို့အတူ ငါတို့ခရစ် ယာန်များသည်လည်း

ဤဆင်းရဲခြင်းအပေါင်း၏ အ ဟုန်ကိုပင် အားပြု၍ မြင့်မြတ်ရာသို့တက်၍ ဝိညာဉ်

ခွန်အားကို ရရှိနိုင်ကြလေသည်။ ဤသည်သာလျှင် စစ်မှန်သော

လောကကိုအောင်နည်းဖြစ်သတည်း။


        ဘုရားသခင်၏ သားဖြစ်သော မည်သည် ကား လောကကို အောင်တတ်၏။ လောကကို

အောင်ခြင်းအကြောင်းမူကား။ ငါတို့၏ ယုံကြည်ခြင်း ပေတည်း (၁ယော ၅း၄)


ခရစ်တော်၏ မေတ္တာ၌

       (ဇေန)


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?