တောင်းသောသူက ရသည်

အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြပါသလား။ အရေးကြီးဆုံးအရာများကို အရေးပါသည့်နေရာ တွင် ထားနိုင်ကြပါသလား။ ဆုတောင်းခြင်းဖြင့် အချိန်များစွာယူခြင်းသည် အချိန်ကို အကျိုးရှိရှိအသုံး ပြုခြင်း၊ အရေးကြီးဆုံးအရာကို အရေးပါသည့်နေရာတွင် ထားရှိနိုင်ခြင်းပင်ဖြစ်သည်။

ထမင်းစားချိန်ပင်မရနိုင်လောက်အောင် လုပ်ဆောင်စရာများလွန်းသော ယေရှု၊ ကောင်းကင်နှင့် မြေကြီးကို စိုးစံအုပ်စိုးသော ယေရှု၊ ထိုယေရှုခရစ်တော်က ဆုတောင်းခြင်းကို အလွန်အရေးထားသည်။ မိုးမလင်းခင်ဆုတောင်းသည်(မာ ၁း၃၅)။ တစ်ခါတစ်ရံ ညလုံးပေါက်ဆုတောင်းသည်(လု ၆း၁၂)။ အသက်စွန့်ခါနီးအချိန်ထိဆုတောင်းသည်(လု ၂၃း၃၄)။ ယခုအချိန်တွင်လည်း ယုံကြည်သူများအတွက် ဆုတောင်းပေးလျက်ရှိသည်(ဟေ ရး၂၄-၂၆)။
ထိုသို့ အရာခပ်သိမ်းပြည့်စုံသော ယေရှုခရစ်တော်ကိုယ် တိုင်က ဤမျှလောက် ကြိုးစားဆုတောင်းသည်ဆိုလျှင် အရာခပ်သိမ်းမပြည့်မစုံသော မိမိတို့သည် အဘယ်ကြောင့် မကြိုးစားရပါမည်နည်း။ ]]ဆုတောင်းခြင်းသည် အလွန်လွယ်ကူသည်။ အလုပ်တကာထဲတွင် အလွယ်ဆုံးပင်ဖြစ်နိုင် သည်။ ပညာတတ်ရန်မလို၊ ချမ်းသာရန်မလို၊ နှုတ်ချိုရန်မလို၊ စကားပြောတတ်ရန်ပင် မလိုပေ။
နှလုံး သားထဲမှ ဆုတောင်းနိုင်သည်။ သို့ဖြစ်လျက်ပင် ယုံကြည်သူများသည် ဆုတောင်းခြင်းကို ခက်ခဲသော အလုပ်ဟု ထင်မှတ်နေကြသည်။ ဆုတောင်းမည့်အစား ၎င်းထက်ခက်ခဲသောအရာများကို ပို၍လုပ် ဆောင်လိုတတ်ကြသည်။ . . . ဘုရားသခင်ကမူ ဆုတောင်းလေလေ၊ မျက်နှာသာပေးလေလေပင်ဖြစ် သည်။
ဆုတောင်းသည်နှင့်တစ်ပြိုင်နက် အဖြေပေးရန်ဆုံးဖြတ်ပြီးဖြစ်သည်(ဒံ ၉း၂၃)။ . . . များများ တောင်းပါက ဪ၊ ငါ့သားက ငါ့စည်းစိမ်နှင့် စေတနာကို စိတ်ချယုံကြည်နေပါလားဟု ဝမ်းသာပီ တိဖြစ်လျက် ဆုတောင်းသည်ထက်သာလွန်၍ ပေးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ထံတောင်းသောသူ တိုင်း အချည်းနှီးလှည့်ပြန်ရသည်ဟူ၍ မရှိဖူးပေ။( ဆု တောင်းခြင်း။ ဆရာ Do Suan Mung ၏ တရား ဟောချက်များ အတွဲ - ၁ )။
သို့ဖြစ်၍ ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြပါစို့(ဟေ ၄း၁၆)။ ဘုရားသခင်ကို အားမနာကြပါစို့နှင့်။ မစိုးရွံ့ကြပါစို့နှင့်။ စိတ်မလုံစရာရှိလျှင် အပြစ်များကိုဝန်ခံပြီး တောင်းပန်ကြပါစို့။ စကားလှလှသုံးစရာမလိုဘဲ စိတ်ထဲရှိသည့်အတိုင်း မခြွင်းမချန်တောင်းကြပါစို့။
ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က ကူညီမစပါလိမ့်မည်(ရော ၈း၂၆-၂၇)။ တောင်းသောသူက ရသည်(မ ၇း၇)။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?