ဖခင်များနေ့ဖြစ်ပေါ်လာပုံ

    ဖခင်များနေ့ကို ဖခင်များအားဂုှဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ တတိယပတ် တနင်္ဂနွေနေ့တွင်ကမ ္ဘာ့နိုင်ငံ အများအားစုတွင် ကျင်းပကြသည်။

ယခုနှစ် ၂၀၁၁ အတွက် ဖခင်များနေ့ကို လာမည့် ဇွန်လ ၁၉ ရက်နေ့ဍ်ကျင်းပကြမည်ဖြစ်ပါသည်။

မိခင်များနေ့ကိုအားဖြည့်သည့်အနေဖြင့် ၂၀ ရာစုအစောပိုင်းကာလတွင် အခမ်းအနားဖြင့် အစပျိုးပေးခဲ့သည်။ ကမ ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံ၏ သတ်မှတ်သော ဖခင်များနေ့တွင် ဖခင်အတွက်လက်ဆောင်ပစည်းပေးခြင်း၊ အထူးညစာစားပွဲကျင်းပပေးခြင်း နှင့် မိသားစုတွင်းပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်း ဖြင့် ဂုဏ်ပြုကြသည်။


ဖခင်နှစ်သက်တတ်သောလက်ဆောင်ပစည်းပေးကြသည်။

ပထမဆုံးသော ဖခင်များနေ့ ကို ၁၉၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ Sonora Dodd's မှ ကျင်းပပေးခဲ့သည်။

၁၉၀၉ ခုနှစ် တစ်နေ့သောတနင်္ဂနွေ တွင် Spokane, Central Methodist Episcopal Church ဘုရားကျောင်းဍ် ကျင်းပသော မိခင်များနေ့ ဆွေးနွေးပြောကြားချက်ကို နားထောင်ရင်း သူမသည် သူမ၏ဖခင် William Smart ကိုဂုဏ်ပြုလိုခဲ့သည်။ William Smart သည် ပြည်တွင်းစစ် စစ်ပြန် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဇနီးသည်သေဆုံးပြီးနောက် သားသမီး ၆ ယောက်ကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။

၁၉၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများအဆင့် အဖွဲ့အစည်းများ၊ ဝိုင်အမ်စီအေလူငယ်များနှင့် ဘုးရားရှိခိုးကျောင်းသို့ နှင်းဆီပန်းများဆင်မြန်းကာတက်ရောာက်ခဲ့ကြသည်။ အတူရှိနေသော ဖခင်များအတွက် အနီရောင် နှင်းဆီဖြင့်ကိုယ်စားပြုလျက် သေဆုံးပြီးဖခင်များအတွက် အဖြူရောင်နှင်းဆီဖြင့် ကိုယ်စားပြု ချီးမွမ်းထောပနာပြုပေးခဲ့ကြသည်။


သူမသည် ပထမဦးဆုံးသော ဖခင်များကို ဂုဏ်ပြုခဲ့သူဖြစ်သည်။

ဖခင်များနေ့သည် တစ်ကမ ္ဘာလုံး၏ ဖခင်များကို ကိုယ်စားပြုကြောင်းနားလည်ပြီးဖြစ်သော်လည်း "Fathers' Day" အစား ၁၉၁၃ ခုနှစ်တွင် “Father's Day” ကိုအသုံးပြုခဲ့ပြီးဖြစ်သဖြင့် အဆိုပါအသုံးကိုသာ ဆက်လက်အသုံးပြုရန် ၂၀၀၈ ခုနှစ် U.S. Congress မှအတည်ပြုခဲ့သည်။


ကျေးဇူးရှင်ဖခင်များအားဂုဏ်ပြုလျက်…

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?