သင့်အတွက်…. ငရဲမှသတိပေးစကား

သို့/.................
လူလောကတွင်ယခုအသက် ရှင်လျက်ရှိနေတဲ့ချစ်သော မိတ်ဆွေ…ငရဲထဲမှကျွန်တော် သူေဋ္ဌးကြီးဒိုင်း(စ်)(DIVES)သည်သင့်အားငရဲထဲမှအကြောင်း တွေကို သတိပေးပြောပြချင်ပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)ခန့်က လူ့လောကမှာအသက်ရှင်နေထိုင်ခဲ့တဲ့ သူေဋ္ဌးကြီးတစ်ဦးဖြစ်ပါတယ်။

ကျွန်တော်ကဟာ ပါလက်စတိုင်းနိုင်ငံ မှာခရစ်တော် မပေါ်မှီ(၅)နှစ်က စည်းစိမ်ဥစ္စာ အလွန်ကြွယ်၀ချမ်းသာတဲ့ ဂျူး(ယုဒ) မိဘနှစ်ပါးမှဖွားမြင်ခဲ့သူဖြစ်ပါတယ်။ ညီအကို(၆)ယောက်အနက် ကျွန်တော်ဟာအကြီးဆုံးဖြစ်ခဲ့သလို အရင်ဦးဆုံးသေသူလည်းဖြစ်ပါတယ်။

ဖေဖေဟာအလွန်ချမ်းသာပြီး ငွေကိုသာတပ်မက်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့စီးပွါးရေးလုပ်ငန်းတွေအထဲမှာဘဲအချိန်ကုန်တာများပါတယ်။ သား/သမီးတွေကိုဂရုစိုက်ခြင်းလုံး၀မရှိပါ။ဘာသာရေးအတွက်လည်းအချိန်မပေးသူတစ်ယောက်ဖြစ်ပါတယ်။

မေမေဟာလည်း ကြွယ်၀ချမ်းသာပြီးရုပ်ရည် လှပတ့ဲဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက်မြို့ထဲမှာကျင်းပတဲ့မိတ်ဆုံစားပွဲတွေ၊ မိတ်ဿဟာရပျော်ပွဲ ရွှင်ပွဲတွေကိုဖိတ်ကြားခြင်းခံရသူတစ်ယောက်ဖြစ်ပါ
တယ်။ မေမေဟာအိမ်မှာမရှိတာများပါတယ်။

ကျွန်တော်တို့ညီအကိုတွေကိုတော့ အိမ်ဖော်တွေနဲ့ထားရစ်ခဲ့ပါတယ်။အိမ်ဖော်တွေကလည်း ကျွန်တော်တို့ကိုမဆုံး၊မသွန်သင်နိုင်ခဲ့ပါ။ဒါကြောင့်ကျွန်တော်တို့ဟာ ကိုယ့်သဘောအတိုင်း ကိုယ်ကြိုက်သလိုစည်းမဲ့ကကမ်းမဲ့နေထိုင်ခဲ့ကြပါတယ်။

ဖေဖေဟာဆင်းရဲမွှဲတေတဲ့လူတွေနဲ့ကျွန်တော်တို့ညီအကိုတွေအပေါင်းအသင်းလုပ်တာကို လုံး၀မ ကြိုက်ပါ။ဒါပေမဲ့ချမ်းသာတဲ့လူတွေရဲ့သားသမီးတွေနဲ့ဆိုရင်တော့နေချင်သလိုနေလို့ရပါတယ်.ဖေဖေဘာမှမပြောဘူး။ ကျွန်တော့်သူငယ်ချင်းတွေဟာ ကျွန်တော့်ကိုအရက်သောက်ခြင်း၊ဖဲရိုက်၊ခိုးခြင်း၊မုသားပြောဆိုခြင်း၊ လိမ်ညာခြင်း၊ဆဲဆိုခြင်း…….စတဲ့မကောင်းတဲ့အကျင့်တွေကိုသွေးဆောင်ခဲ့ပေမယ့် ဖေဖေန့ဲမေမေဟာကျွန်တော့်
ဘ၀ရှေ့ရေးအတွက် လုံး၀စိုးရင်ပူပန်မူမရှိခဲ့ပါ။

ဖေဖေမေမေဟာ အိမ်တွင်းရေးကိုလုံး၀လျစ်လျူရူထားခဲ့ပါတယ်။သားသမီးတွေကိုလည်းသွန်သင် ဆုံးမခြင်းလုံး၀မရှိခဲ့ပါ.မကြာခင်မှာဘဲ ကျွန်တော်ဟာလူ့လောကရဲ့အပြစ်နွံထဲမှာနစ်မွန်းခဲ့ရပါတယ်။ဖေဖေဟာ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ ပါ၀င်လုပ်ကိုင်ခွင့်မပြုဘူး။ဒါပေမယ့် ကျွန်တော်လိုချင်တာအားလုံးကို၀ယ်ပေး
တယ်။ ဒါတာကြောင့်ကျွန်တော်ရဲ့သူငယ်ချင်းတွေဟာ ကျွန်တော်ကိုအလွန်အားကျကြတယ်။ ကျွန်တော်ဟာ
အပြစ်အမျိုးစုံကို ကျူးလွန်တတ်တဲ့အချိန်မှာအရွယ်အရောက်သေးပါဘူး။

ဖေဖေနဲ့မေမေရဲ့ဘာသာရေးခံယူချက်ဟာ လေးနက်မူမရှိပါ။သားသမီးတွေကို ဘုရား၊တရားအကြောင်း ဘာတစ်ခုမှ သွန်သင်လမ်းပြခြင်းလည်းမရှိပါ။ဘုရားတရားရေးမှာ အချင်းချင်းငြင်းခုန်နေတာမျိုးကိုဖေဖေက လုံး၀မကြိုက်ပါ။ကျွန်တော်တို့မိသားစုဟာ ဘုရား၊တရားရေးမှာလေးနက်မူမရှိဘဲအေးအေးစက်စက် ဖြစ်နေတယ်။ အဲဒီလိုနဲ့ဘဲတဖြည်းဖြည်းနဲ့ ကျွန်တော်တို့မိသားစုဟာ ဘုရား၊တရားမဲ့ဖြစ်သွားခဲ့ပါတယ်။

တစ်နေ့……ဂျော်ဒန်မြစ်ထဲမှာနှစ်ခြင်းမင်္ဂလာပေးနေတဲ့ထူးဆန်းတဲ့ပရောဖက်တပါးအကြောင်းကို လူတိုင်းပြောနေကြတယ်။ လူအချို့ကသူ့ကို မေရှိယ လို့ထင်ကြတယ်။တကယ်တော့သူဟာ မေရှိယမဟုတ်ဘူး။

ပရောဖက်သာဖြစ်ပါတယ်။မကြာခင်မေရှိယကြွလာတော့မယ်၊နောင်တရကြပါ လို့အဲဒီပရောဖက်ကသတိ

ပေးဟောပြောနေတယ်။မေရှိယ(သခင်ယေရူခရစ်တော်)ကြွလာတဲ့အခါလူတွေဟာအကြီးအကျယ်ကွဲလွဲ သွားကြတယ်။

မေရှိယဆိုသူအတွက် အသက်စွန့်ရဲလောက်အောင်ချစ်ခင်သူတွေရှိသလိုသူ့ကိုသတ်ခြင်လောက်အောင်

မုန်းတီးသတွေလည်းရှိနေတယ်။

ဘာသာရေးခေါင်းဆောင်(ဖာရိရဲှ)တွေက သူ့ကိုသတ်ဖို့နည်းလမ်းအမျိုးမျိုးရှာကြံကြတယ်။သူ့ကိုဖေဖေ

ကလည်းအဖျက်သမားတစ်ဦးလို့မြင်တယ်။ဒါကြောင့်ကျွန်တော်လည်းဘာသာရေးနဲ့ကင်းကင်းကွာကွာနေ လိုက်ပါတယ်။

ကျွန်တော်ရဲ့အချိန်တော်တော်များများကိုပျော်ပါးခြင်းနဲ့ကုန်လွန်စေခဲ့ပါတယ်။ကျွန်တော့ကိုကျွန်တော်အသက် ငယ််ငယ်နဲ့ သေမယ်လို့မထင်ခဲ့မိပါဘူး။

ကျွန်တော်အသက်(၂၀)ရောက်လာတဲ့အခါအရက်သမားကြီးတစ်ယောက်ဖြစ်နေပါပြီ။ကျန်းမာရေးလည်း

ကျဆင်းယိုယွင်းလာပါတယ်။ ကျွန်တော်ဟာရောဂါေ၀ဒနာမျိုးစုံကိုပြင်းထန်စွာခံစားရပါတယ်။

ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရောဂါမျိုးစုံစွဲကပ် လာတဲ့အတွက် ဆေးဆရာ ကိုအမြဲပြနေရပါတယ်။ဒီလိုနဲ့ဘဲကျွန်တော်ဟာ

အသက်(၃၆)နှစ်ပြည့်ပြီး(၂)ရက်အကြာမှာ အသက်ထွက် သွားပြီးဒီငရဲထဲကိုရောက်လာပါတယ်။

ကျွန်တော်ဟာအသက်ထွက်ခါနီးမှာ နတ်ဆိုးတွေဟာကျွန်တော့်၀ိညာဉ်ကိုနှိပ်စက်ညှင်းပမ်းဖို့ဆွဲခေါ်သွာ

းကြတယ်။ကျွန်တော့်၀ိညာဉ်ကိုမှောက်မိုက်ထဲဆွဲခေါ်တဲ့အခါ…သူသယ်မယ်၊ငါသယ်မယ် နဲ့အချင်းချင်းလုကြ၊

ငြင်းခုန်ကြပါသေးတယ်။နောက်ဆုံးမှာနတ်ဆိုးတပါးကကျွန်တော့်၀ိညာဉ်ကို ငရဲမီးလျှံထဲဆွဲခေါ်သွားဖို့စာတန်

မာရ်နတ်ထံမှခွင့်ပြုချက်ရသွားပါတယ်။

အဲဒီနတ်ဆိုးဟာ ကျွန်တော့်၀ိညာဉ်ကိုဆွဲယူပြီးအလင်းထက်လျင်မြန်တဲ့နှုန်းနဲ့မီးလျှံထဲသယ်ဆောင်

သွားပါတယ်။တစ်ခဏအကြာမှာဘဲကျွန်တော်ဟာအလွန်ပူလောင်ပြီး မှောင်မဲနေတဲ့ငရဲမီးလျှံထဲကပစ်ချ

ခြင်းခံရပါတယ်။မီးတောက်လောင်နေပြီး မီးခိုးနဲ့အမှောင်ထုဖုံးလွှမ်းနေတဲ့ဒီငရဲထဲမှာ လူသန်းပေါင်းများ

စွာဟာလည်း အော်ဟစ်ငိုကြွေးနေကြတာကိုကျွန်တော်တွေ့ရပါတယ်။

ငရဲထဲမှာကျွန်လောင်ကျွမ်းခံနေရပြီးရေလည်းငတ်၊ဗိုက်လည်းဆာပေမဲ့သောက်ဖို့၊စားဖို့ဘာမှမရှိဘူး။

အခြားလူသန်းပေါင်းများစွာလည်းကျွန်တော်လိုဘဲခံစားနေရတယ်။ငရဲမီးထဲကျွန်တော်လောင်ကျွမ်းခံနေရတဲ့

အချိန်မှာအေ၀းကိုကျွန််တော်လှမ်းကြည့်လိုက်တော့ချောက်ကြီးတစ်ခုပိုင်းခြားထားတဲ့အခြားတစ်ဖက်ကမ်းမှာ

ထွန်းလင်းပြီးအလွန်သာယာလှပနေတဲ့နေရာတစ်ခုကိုလှမ်းမြင်ရတယ်။အဲဒီနေရာမှာဘုရားသခင်ကိုယုံကြည်

သူတွေဟာ ကျွန်တော်တို့ရဲ့ဘိုးဘေးအာဗြဟံနဲ့အတူအေးချမ်းစွာရှိနေကြတာကိုတွေ့ရတယ်။

အဲ့ဒီထဲမှာ ကျွန်တော်လောကတွင်းအသက်ရှင်စဉ်တုန်းက ကျွန်တော့်အိမ်တံခါးရှေ့နားမှာခိုကပ်စား

သောက်တဲ့ဆင်းရဲသားလာဇရုကို အာဗြဟံရဲ့ရင်ခွင်မှာတွေ့လိုက်ရတယ်။လောကမှာရှိတုန်းကသူ့ကိုကျွန်တော်

ထမင်းကျွေးတိုင်း ဘုရားသခင်ကိုယုံကြည်ဖို့ သူကကျွန်တော်ကိုပြောပြတတ်တယ်။ ဒါပေမဲ့ သူ့စကားကို

ကျွန်တော်ဂရုမစိုက်မိခဲ့ဘူး။ အခုလာဇရုကိုအာဗြဟံရဲ့ရင်ခွင်မှာမြင်ရတဲ့အခါ ကျွန််တော်နောင်တရမိတယ်။

ဒါနဲ့အာဗြဟံကို အဖအာဗြဟံ….အဖအာဗြဟံ ကျွန်တော့ကယ်မသနားမူပါ။ကျွန်တော်ဟာဒီငရဲမီးထဲမှာ ေ၀ဒနာ

ပြင်းထန်စွာခံစားနေရပါတယ်။ဒါကြောင့်လာဇရုရဲ့လက်ဖျားကို ရေမှာနစ်ပြီးကျွန်တော်လျှာပေါ်ရေစက်ချပေးဖို့

လာဇရုကိုကျွန်တော်ရှိရာသို့စေလွှတ်ပေးတော်မူပါ……..လို့ကျွန်တော်လှမ်းပြောတဲ့အခါ အဖအာဗြဟံကလည်း

ငါ့သားသင်သည်လောကမှာအသက်ရှင်စဉ်တုန်းက အလွန်ချမ်းသာစွာနေရပေမဲ့ဘုရားသခင်ကယုံကြည်

အားကိုးမူမရှိခဲ့ဘူး။နောင်တမလွန်ရေးအတွက်လည်းကြိုတင်ပြင်ဆင်ထားမူမရှိဘူး။

လာဇရုကတော့အလွန်ဆင်းရဲစွာနေရပေမဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားတယ်။

နောင်တမလွန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားတယ်။ ဒါကိုသင်အောက်မေ့သတိရပါ။

အခုတော့ လာဇရုကသက်သာခြင်းရှိတယ်။ သင်ကတော့ဒုက္ခေ၀ဒနာတွေကိုပြင်းထန်စွာခံစားရတယ်။

နောက်ပြီးငါတို့နဲ့သင်တို့စပ်ကြားမှာ အလွန်နက်တဲ့ချောက်ကြီးရှိနေတယ်။ဒါကြောင့်ငါတို့ဆီက သင်တို့ရှိရာသို့

ကူးခြင်းသောသူမကူးနိုင်၊သင်တို့ဆီကငါတို့ရှိရာသို့ကူးချင်သောသူလည်းကူးလို့မရနိုင်ဘူး…လို့ပြန်ပြောတယ်။

ဘုရားသခင်ကိုယုံကြည်သူတွေဟာ အာဗြဟံနဲ့အတူ သာယာအေးချမ်းတဲ့နေရာမှာငြိမ်းချမ်းစွာရှိနေကြတာကို

ကျွန်တော်မြင်နေရပါတယ်။

ချစ်သောမိတ်ဆွေ……သင်လည်းသာယာအေးချမ်းတဲ့နေရာမှာ ငြိမ်းချမ်းစွာဘုရား

သခင်နှင့်အတူနေလိုပါသလား။သင့်အသက်တာကိုစစ်ဆေးလျက် အချိန်မှီအဓိပ္ပါယ်ရှိစွာပြင်ဆင်အသက်ရှင်ပါ။

စပါးကိုစပါးဂိုဒေါင်ထဲသွန်ချသလို ကမ်ဘာပေါ်မှလူသားတွေဟာငရဲမီးအိုင်ထဲကို အဆက်မပြတ်ရောက်

လာနေကြတယ်။ ငရဲမီးထဲရောက်တာနဲ့ကြောက်လန့်ကာ အော်ဟစ်ငိုကြွေးကြတော့တာဘဲ။ ကမ်ဘာကနေရောက်

လာတဲ့လူသစ်တွေက ကျွန်တော်တို့ကိုလောကမှာရှိတဲ့ လူသားတွေရဲ့ခေတ်မီတီထွင်မူနဲ့ ကမ်ဘာကြီးတိုးတက်

ပြောင်းလဲနေမူအကြောင်းတွေကိုပြောပြတော့ ကျွန်တော်တို့အားလုံးအံ့သြကြရပါတယ်။

လူသားတွေဟာ ရုပ်ပိုင်းဆိုင်ရာမှာတိုးတက်ကြပေမယ့် ဘုရား၊တရားရေးမှာတော့ ကျွန်တော်တို့လိုပဲ

စိတ်၀င်စားမူမရှိကြဘူး။နိုင်ငံပေါင်းစုံကဆယ်ကျော်သက်လူငယ်လူရွယ် သန်းပေါင်းများစွာဟာလည်း ငရဲထဲ

ရောက်လာကြတယ်။လူ့လောကမှာသူတို့အသက်ရှင်စဉ်က ဘုရားတရားအတွက်အချိန်မပေးကြဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးကြလိမ့်မယ်လို့သူတို့မထင်မိကြဘူး။အခုတော့………….နောက်ကျသွားပါပြီ။

ဒါကြောင့်မိတ်ဆွေသင်လည်းကိုယ့်အသက်တာကို ကိုယ်သတိပြုလျက်အသက်ရှင်ပါ။

ပြင်းထန်စွာပူလောင်နေတဲ့ ဒီငရဲမီးထဲမှာကျွန်တော်ဟာရေတစ်စက်တောင်မသောက်ရဘူး။အိပ်ဖို့

နေနေသာသာ တမှေးမှတောင်အိပ်လို့မရဘူး။ထမင်းဆိုလို့ေ၀လာေ၀းပဲ။ဓါတ်ဆီပီပါပုံးကြီးထဲ ဆီးဖြူသီးမ

ပြည့်တပြည့်ထည့်ပြီးလိမ့်သလို ငရဲမီးအိုင်ထဲမှာကျွန်တော်တို့ဟာခြာခြာလည်လူးလိမ့်ခံနေကြရတယ်။

ကျွန်တော်ပါးစပ်ဟတိုင်း မီးတောက်မီးလျှံတွေဟာ ပါးစပ်ထဲ၀င်လာတယ်။ကျွန်တော်ဟာဗိုက်ထဲမျို

ချမိတယ်။အသက်ရူတဲ့အခါမှာမီးခိုးမီးလျှံတွေဟာ ကျွန်တော်အဆုတ်ထဲ၀င်ကုန်တယ်။ရေအောက်မှာရေနစ်တဲ့

လူလိုဘဲ ကျွန်တော်ဟာငရဲမီးထဲမှာနစ်မွန်းနေတယ်။ကျွန်တော့်မျက်လုံးတွေဟာ မီးခိုးမီးလျှံတွေကြောင့်ပူလောင်

စပ်ဖျဉ်းပြီး ပေါက်ကွဲလုမတတ်ခံစားနေရပါတယ်။

ကျွန်တော်ဟာငရဲမီးခိုးမီးလျှံတွေကြားထဲမှာ မီးထက်ပိုပြီးစူးရှနာကျင်အောင်နှိပ်စက်တတ်တဲ့သတ္တဝါ

တွေရဲ့ ကိုယ်ဖောက်နှိပ်စက်ခြင်းကိုလည်းခံနေရတယ်။အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါတွေဟာဘေး

ဒဏ်ကြီးကာလအတွင်းမှာ လူ့လောကကမ်ဘာပေါ်တတ်လာပြီး သခင်ယေရူခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ်

ယုံကြည်လက်ခံခြင်းမရှိတဲ့လူတွေကိုညှင်းဆဲမှာဖြစ်ပါတယ်။ဒီငရဲမီးထဲမှာ သံကြိုးနဲ့ချည်နှောင်ခံထားရတဲ့

ကောင်းကင်တမန် တပါးကိုလည်း ကျွန်တော်တွေ့တယ်။

ဘာကြောင့်ဒီကိုရောက်နေရသလဲလို့ ကျွန်တော်သူ့ကို

မေးတဲ့အခါ ကောင်းကင်တမန်ကသူဟာ တချိန်တုန်းက ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာခဲ့တဲ့သန့်

ရှင်းတဲ့ကောင်းကင်တမန်တပါးဖြစ်ခဲ့ကြောင်းနဲ့ စာတန်မာရ်နတ်ရဲ့သွေးဆောင်မူနောက်ကိုလိုက်ပြီး ဘုရားသခင်

ကိုပုန်ကန်မိခဲ့တဲ့အတွက်အခုလိုငရဲထဲမှာ ချည်နှောင်ခံနေရတဲ့အကြောင်းပြောပြတယ်။

စာတန်မာရ်နတ်ဟာ ဘုရားသခင်ကလွဲရင် တန်ခိုးအကြီးဆုံးနဲ့အလှပဆုံးဖြစ်တယ်။

ကောင်းကင်တမန်များစွာဟာ မာရ်နတ်ရဲ့စကားကိိုနားထောင်ပြီး ဘုရားသခင်ကိုပုန်ကန်တဲ့အတွက်ကြောင့် ငရဲမီးထဲမှာ အခုလိုဒုက္ခခံနေရတာဖြစ်ပါတယ်။

ငရဲဟာမာရ်နတ်နဲ့ သူ့နောက်လိုက်အပေါင်းအသင်းတွေအတွက် ဘုရားသခင်ဖန်ဆင်း

ထားတာဖြစပါ်တယ်။စာတန်ရဲ့စကားကိုနားထောင်မိတဲ့အတွက်ကြောင့် ငရဲထဲရောက်နေတဲ့ကောင်းကင်တမန်

တွေဟာ အလွန်စိတ်ပျက်၀မ်းနည်းနေကြပါတယ်။ယခုခေတ်ကမ်ဘာပေါ်မှာ အသက်ရှင်လျက်ရှိနေတဲ့လူသားတွေ

ဟာ မာရ်နတ်ရဲ့စကားကိုနားထောင်မယ်ဆိုရင် သူတို့လိုဘဲဒီငရဲထဲကို ရောက်လာကြမှာဘဲလို့ အချုပ်ခံနေရတဲ့

ကောင်းကင်တမန်တပါးက ကျွန်တော့်ကိုပြောပြပါတယ်။

တကယ်ဆိုရင် ယခုအသက်ရှင်လျက်ရှိနေတဲ့လူသားတွေဟာ သခင်ယေရူခရစ်တော်ဘုရားကို ယုံကြည်လက်ခံရင်

ငရဲနှင့်လွတ်ရတဲ့အခွင့်အရေးရှိနေပါတယ်။ဒါ့အပြင်အပြစ်မှလည်းလွတ်ပြီး ဘုရားသခင်၏

သားသမီးဖြစ်ရတဲ့အခွင့်နဲ့ ကောင်းကင်နိုင်ငံကိုလည်းသွားရမှာဖြစ်ပါတယ််။

ဒါကြောင့်လောကမှာယခုအသက်ရှင်လျက်ရှိတဲ့ ချစ်သောမိတ်ဆွေအပေါင်းတို့ မာရ်နတ်ရဲ့စကားကိုမယုံ

ကြပါနဲ့။ဘုရားရဲ့စကားကိုနားထောင်ယုံကြည်ကြပါ။ဒါမှသင်တို့ငရဲနှင့်လွတ်ပြီးကောင်းကင်နိုင်ငံတော်သို့ရောက်

မှာဖြစ်ပါတယ်။သင်တို့ရဲ့နောင်တမလွန်အရေးကို အလေးအနက်ထားကြပါ။

ကျွန်တော်ဟာကန့်နဲ့လောင်တဲ့ဤငရဲမီးထဲမှာပူလောင်လွန်းတဲ့အတွက် ေ၀ဒနာများကိုအလွန်ပြင်းထန်

စွာခံစားနေရပါတယ်။ တနေ့မှာကျွန်တော်ဖေဖေနဲ့ရင်ဆိုင်တိုးမိတယ်။ အဲဒီအခါကျွန်တော်က ဖေဖေလောကမှာ

နေစဉ်က ဘုရားသခင်စကားကိုဖေဖေဘာကြောင့် မယုံကြည်ခဲ့သလဲ။ငရဲသိုမရောက်ရအောင်သားတို့ကိုဘာဖြစ်

လို့မပြောပြ၊မသွန်သင်ခဲ့သလဲ လို့မကျေမနပ်နဲ့မေးလိုက်ပါတယ်။ အဲဒီအခါကဖေဖေက သားရေဖေဖေမှားပါပြီ

ဖေဖေမှားပါပြီ လို့အကြိမ်ကြိမ်ပြောကြားခဲ့တယ်။ယခုလိုငရဲရောက်မှမှားမှန်းသိတော့အပိုပါဘဲ။ ယခုအချိန်ကျမှ

ငရဲကလွတ်အောင်လယ်လိုမှလုပ်လို့မရတော့ပါဘူး။ ယခုလောကမှာအသက်ရှင်နေတဲ့လူသားတွေကတော့

ငရဲနဲ့လွတ်အောင်လုပ်လို့ရပါသေးတယ်။

ဒါကြောင့် ချစ်သောမိတ်ဆွေ……..သင့်အသက်တာကို သင်သတိပြုလျက်ပြင်ဆင်အသက်ရှင်ပါ။

ကျွန်တော်က ဖေဖေကိုမုန်းတယ်၊မေမေကိုမုန်းတယ် လို့ပြောမိပါတယ်။ ငရဲသို့မရောက်ရအောင်

ကျွန်တော့်ကိုလမ်းပြသွန်သင်မူမပြုခဲ့တဲ့မိဘတွေအပေါ် ကျွန်တော်အရမ်းဒေါသထွက်မိပါတယ်။

ဒါကြောင့် ချစ်သောမိဘများခင်ဗျား……မိမိရဲ့သားသမီးတွေကိုငရဲသို့မရောက်ရအောင် ဘုရားသခင်

ရဲ့နှုတ်ကပတ်တော်သမ္ပာကျမ်းစာအတိုင်း လမ်းပြသွန်သင်ကြပါလို့ ကျွန်တော်တောင်းပန်လိုပါတယ်။အပြစ်

ဒဏ်ခံရာ ဤအပယ်ငရဲသို့မရောက်ရအောင် လမ်းပြသွန်သင်ခြင်းမပြုတဲ့မိဘတွေနဲ့ လမ်းလွဲအောင်ဟောပြော

သွန်သင်တဲ့ ဘာသာရေးဆရာတွေကိုသနားကြင်နာသူဆိုလို့ငရဲထဲမှာတယောက်မှမရှိဘူး။သူတို့ကိုဒေါသထွက်

ကြတယ်။ မုန်းတီးပြစ်တင်ကြတယ်။

ငရဲထဲမှာမကြားခြင်း၊မမြင်ခြင်းတာတွေကိုဘဲ နေ့တိုင်းကြားနေ၊မြင်နေရပါတယ်။ဒီဒုက္ခဆင်းရဲမျိုးကို

ဘယ်လောက်ကြာအောင် ကျွန်တော်ဆက်ခံရမလဲလို့ညီးပြုအော်ဟစ်မိတယ်။အဲဒီအခါ ထာ၀ရ…ထာ၀ရအစဉ်

အမြဲ ဘဲလို့အေ၀းတနေရာက နတ်ဆိုးတပါးရဲ့ဖြေကြားသံကို ကျွန်တော်ကြားရတယ်။

ရေတခွက်လောက်သောက်ပါရစေ လို့လူတယောက်ကအော်ဟစ်တောင်းခံတဲ့အခါ ဘယ်တော့မှမ

သောက်ရဘူး ဘယ်တော့မှမသောက်ရဘူး လို့နတ်ဆိုးတပါးက ပြန်ဖြေလိုက်တယ်။ဘုရားသခင်ရဲ့အပြစ်လွတ်

ခြင်းကျေးဇူးကို လက်မခံသူတွေဟာ ကမ်ဘာအဆက်ဆက်နေ့ညမပြတ်သက်သာရာမရကြလို့ သမ္မာကျမ်းစာရဲ့

သတိပေးစကားဟာအလွန်မှန်ကန်ပါတယ်။

ငရဲထဲမှာဒေါသထွက်ဆဲဆိုသံတွေသာမကကြောက်လန့်ပြီးငယ်သံပါအောင် အော်ဟစ်နေသူသန်းပေါင်း

များစွာလည်း ရှိနေပါတယ်။ခံစားရတဲ့ဒုက္ခေ၀ဒနာတွေကို အရက်သောက်ပြီးမေ့ပျောက်လိုတဲ့အရက်သမားတွေ

လဲ ငရဲမှာအများကြီးရှိနေကြပါတယ်။ဒါပေမယ့်ငရဲထဲမှာအရက်ဆိုင်နဲ့အရက်မရှိတဲ့အတွက်အရက်ကိုရှာ၀ယ်လို့်

မရနိုင်ပါ။ဒါကြောင့်အရက်သောက်စရာမရှိကြဘူး။

လူ့လောကမှာအသက်ရှင်စဉ်တုန်းက ဘုရားသခင်ကိုမယုံကြည်ဘဲ က့ဲရဲ့ကျောခိုင်းသူတွေဟာ ငရဲထဲ

ရောက်တော့မှမိ်မိတို့မှားမှန်းသိကြတယ်။ ဒီငရဲထဲမှာ ပညာတတ်ပုဂ္ဂုလ်တွေ၊ ပညာမဲ့တွေ၊သူေဋ္ဌးတွေ၊ဆင်းရဲ

သားတွေ၊ ဘုရားမဲ့ဝါဒီတွေ…..စတဲ့လူတန်းစားအမျိုးမျိုးနဲ့လူမျိုးပေါင်းစုံရှိနေကြတယ်။သခင်ယေရူခရစ်တော်

ကို ယုံကြည်လက်ခံခြင်းမရှိရင် ဘယ်သူဘဲဖြစ်ဖြစ်ငရဲထဲရောက်မယ်ဆိုတဲ့အကြောင်း ဘုရားသခင်ရဲ့နှုတ်ကပတ်

တော် သမ္မာကျမ်းစာထဲမှဘုရားသခင်ရဲ့သတိပေးစကားကို သူတို့အခုမှလက်ခံသဘောပေါက်သွားကြတယ်။

ဒါကြောင့် ချစ်သောမိတ်ဆွေ…….သင်လည်းနောင်တမလွန်မှာငရဲနဲ့လွတ်ဖို့ သင့်ဘ၀ကိုယခုကတည်း စစ်ဆေး

လျက်ကြိုတင်ပြင်ဆင်အသက်ရှင်ပါ။

သေလွန်ပြီးငရဲထဲရောက်တဲ့အခါ လူတွေဟာဘုရားရှိကြောင်း၊ငရဲရှိကြောင်း၊နောင်တမလွန်ဘ၀

ရှိကြောင်း၊မယုံကြည်သူဆိုလို့တယောက်မှမရှိတော့ပါဘူး၊ဘုရားမဲ့ဝါဒီတွေတောင် ဘုရားသခင်ရဲ့မိန့်တော်မူချက်

တွေကိုယုံကြည်လာကြတယ်။ဒါပေမဲ့ အလွန်နောက်ကျသွားပါပြီ။ ငရဲထဲမှာနောင်တရပြီး မိမိအသက်တာကိုပြန်

လည်ပြင်ဆင်အသက်ရှင်ဖို့အခွင့်အရေးမရှိတော့ပါဘူး။အလွန်နောက်ကျသွားပြီဖြစ်ပါတယ်။

ဘာသာရေးကိုင်းရှိုင်းသူတွေကို ငရဲထဲမှာကျွန်တော်တွေ့လိုက်ရတော့အလွန်အံ့သြမိတယ်။ကျွန်တော်

တို့အရက်သမား၊ဘုရားမဲ့တရားမဲ့သမားတွေသာ ငရဲကျတာမဟုတ်ပါဘူး။ဘာသာရေးကိုင်းရှိုင်းသူတွေလည်းငရဲ

ထဲရောက်နေကြတယ်။နှစ်ခြင်းမင်္ဂလာခံခြင်း၊အသင်းတော်ဘောင်ထဲ၀င်ခြင်း၊ဥပုသ်စောင့်ခြင်း၊အလှူငွေပေးလှူ

ခြင်း၊ဘုရားကျောင်းမှန်မှန်တက်ခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ကြောင်း၊ငရဲမှမလွတ်နိုင်ကြောင်း၊

ငရဲထဲရောက်မှသူတို့ သဘောပေါက်နားလည်လာကြတယ်။ ဒါပေမဲ့ …..နောက်ကျသွားပါပြီ။အဲဒီလူတွေဟာ

မိမိတို့ကိုယ်ကိုသူတော်ကောင်းထင်မှတ်ကြပြီး ဘာသာရေးကျင့်စဉ်နဲ့လုံလောက်တယ်လို့ထင်မှတ်တဲ့အတွက်

သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိခဲ့ဲကြသူတွေပါ။

ငရဲကလွတ်အောင် ဘာသာရေးပုဂ္ဂိလ်၊ ဂိုဏ်ကဏနဲ့အသင်းတော််အဖွဲ့အစည်းတွေကမကယ်တင်မစွမ်း

ဆောင်ပေးနိုင်ပါ။မိဘနှစ်ပါးကသခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံတဲ့အတွက် စစ်မှန်တဲ့ဘုရားသခင်ရဲ့

သားသမီးများဖြစ်ကြပေမယ့် သားသမီးတွေကသခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံခြင်းမရှိရင်

(အမည်ခံခရစ်ယာန်ဖြစ်ရင်) အဲဒီသားသမီးတွေဟာ ငရဲကိုသွားရမှာဖြစ်ပါတယ်။

မိမိကိုယ်တိုင်ရဲ့ယုံကြည်လျှေက်လှမ်းတဲ့ အသက်တာလမ်းအတိုင်းမိမိခံစားရမှာဖြစ်ပါတယ်။သခင်ယေရူခရစ်တော်ရဲ့

အသွေးတော်ကသာ အပြစ်ဖြေလွတ်ပေးသောကြောင့် သခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံသူတွေသာငရဲနှင့်

လွတ်ပြီးကောင်းကင်နိုင်ငံသို့ရောက်မယ် လို့ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ကအတိအကျပြောထားပါတယ်။

ကျွန်တော်ဟာငရဲရောက်နေတာနှစ်ပေါင်းအတော်ကြာနေပါပြီ။နှုတ်နဲ့ပြောပြလို့မကုန်နိုင်လောက်တဲ့ ဒုက္ခေ၀ဒနာတွေကို

ပြင်းထန်စွာနေ့စဉ်ရက်ဆက်၊အချိန်တိုင်းနာရီတိုင်းမှာ ကျွန်တော်ခံစားရနေရပါတယ်။

နောက်ထပ်နှစ်ပေါင်းများစွာဆက်ပြီး ခံစားရဖို့လည်းရှိနေပါသေးတယ်။ဒီငရဲထဲမှာ မီးလောင်ခံရခြင်း၊ဆာလောင်

မွတ်သိပ်ခြင်း၊ရေငတ်ခြင်းတွေအပြင် သန်းပေါင်းများစွာသောပိုးလောက်ကောင်တွေက ကျွန်တော့်ခန္ဓာကိုယ်တ

ခုလုံးကို ကိုက်စားထိုးဖောက်ကြပါသေးတယ်၊နည်းနည်းလေးမှသက်သာမူမရပါ။ ဒီငရဲဟာ ဘုရားသခင်ရဲ့

နောက်ဆုံးတရားစီရင်ရာနေ့အထိ သခင်ယေရူခရစ်တော်ကိုမယုံကြည်တဲ့ လူတွေအားလုံးကိုချုပ်နှောင်တဲ့အ

ကျဉ်းထောင်ဖြစ်ပါတယ်။

သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိသူများအားလုံးကိုပလ္လင်ဖြူကြီးမှာတရားစီရင်ပြီးမှ

ထာ၀ရမီးလောင်ကျွမ်းရာငရဲထဲပစ်ချခြင်းခံရမှာဖြစ်ပါတယ်။ပလ္လင်ဖြူကြီးပေါ်မှာထိုင်ပြီးတရားစိရင်မဲ့ပုဂ္ဂိုလ်ဟာ

သခင်ယေရူခရစ်တော်ဘဲဖြစ်ပါတယ်။ သခင်ယေရူခရစ်တော်ဟာဘုရားသခင်ရဲ့တပါးတည်းသောသားတော်ဘဲ

ဖြစ်ပါတယ်။သူဟာအပြစ်ကင်းစင်ပေမဲ့လို့ ကျွန်တော်တို့အပြစ်သားတွေရဲ့အပြစ်တွေအတွက် လက်ဝါးကပ်တိုင်

အပေါ်မှာအသေခံခဲ့တယ်။

သူက ကျွန်တော်တို့ကိုချစ်သနားလို့ ကျွန်တော်တို့ခံရမဲ့အပြစ်တွေအတွက် ကျွန်တော်တို့ရဲ့ကိုယ်စားအ

သေခံပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက သူ့စကားကိုနားမထောင်ကြဘူး။ သူ့ကို ငြင်းဆန်ခဲ့တယ်။

တစ်နေ့ပလ္လင်ဖြူကြီးရှေ့ရောက်ရင် သူ့ကိုယုံကြည်လက်ခံခြင်းမရှိတဲ့လူသားအားလုံးဟာ သူကိုဒူးထောက်ရှစ်ခိုး

ကြရလိမ့်မယ်။ သခင်ယေရူခရစ်တော်ဟာဘုရားဖြစ်ကြောင်း ထိုသူအားလုံးတို့နှုတ်က၀န်ခံရလိမ့်မယ်။ ဒါပေမဲ့ အကျိုးထူးမှာတော့မဟုတ်ပါဘူး နောက်ကျသွားပါပြီ။

သခင်ယေရူခရစ်တော်ဘုရားအား တရားစီရင်ပြီးနောက်ပြစ်ဒဏ်ချမှတ်မှာပြစ်ပါတယ်။အလွန်ကြောက်

မက်ဖွယ်ကောင်းတဲ့ ထာ၀ရငရဲမီးအိုင်ထဲကိုချပစ်ပါလိမ့်မယ်။

ငရဲမီးအိုင်ဟာ ဘုရားသခင်ကိုပြစ်မှားပုန်ကန်တဲ့ မာရ်နတ်နဲ့သူ့နောက်လိုက်နတ်ဆိုးတွေ၊၀ိညာဉ်ဆိုးတွေ

ခေတ်အဆက်ဆက်ကဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းမရှိတဲ့လူတွေ သခင်ယေရူခရစ်တော်ကိုယုံကြည်

လက်ခံခြင်းမရှိတဲ့ လူတွေပြစ်ဒဏ်ခံရာနေရာဖြစ်ပါတယ်။

ငရဲထဲရောက်၇င် ဒုက္ခေ၀ဒနာမျိုးစုံကိုသေချင်လောက်အောင်နာကျင်စွာအဆက်မပြတ် အစဉ်အမြဲခံစား

ကြရပါလိမ့်မယ်။သေချင်ပေမဲ့ မသေနိုင်ပါဘူး။ ငရဲမီးအိုင်ဟာသခင်ယေရူခရစ်တော်ဘုရားကို ယုံကြည်လက်ခံ

ခြင်းမရှိသောလူတွေ ဘုရားသခင်ရဲ့အမျက်တော်ကိုခံရတဲ့နေရာဖြစ်ပါတယ်။ ချစ်သောမိတ်ဆွေ…….

သင်လည်းငရဲထဲရောက်ရင် ဒီအတိုင်းဘဲခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်အသက်ရှင်လျက်ရှိနေတဲ့ ယခုအချိန်

ကတည်းကငရဲနဲ့လွတ်အောင်ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားပါမိတ်ဆွေ။

ကျွန်တော့်ကို အပြစ်ဒုစရိုက်ထဲနစ်မျောစေပြီး ဘုရားတရားသိအောင်လမ်းညွန်မပေးခဲ့တဲ့ မိဘတွေကို

အပြစ်တင်မိတယ်။ဒေါသထွက်မိတယ်။ အကယ်၍မိဘတွေကသာ ကျွန်တော့်ကိုဘုရားတရားသိအောင်

သွန်သင်ညွန်ပြမယ်ဆိုရင် ကျွန်တော်ဟာ ဘုရားသခင်ကို ယုံကြည်အားကိုးမှာပေါ့၊ကျွန်တော်တို့ညီအကို

အားလုံး လည်း ဒီငရဲရောက်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့အခုတော့မိဘတွေက ဘုရားတရားကိုလျစ်လျူ

ရူထားပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာဘဲ အချိန်ကုန်နေကြတယ်။

ကျွန်တော်တို့ညီအကိိုတွေကိုကျတော့ ဘုရားတရားသိအောင်မသွန်သင်မညွန်ပြတဲ့အတွက်ကြောင့်

ကျွန်တော်တို့ညီအကိုအားလုံးဟာမိဘနှစ်ပါးစလုံးအပေါ်အခဲမကြေဒေါသထွက်မိကြတယ်။ ဒါကြောင့်

ချစ်မိတ်ဆွေ…..သင်လည်းသင့်ရဲ့စီပွားရေးလုပ်ငန်းတွေအထဲမှာဘဲ အချိန်ကုန်မနေပါနဲ့။ သင့်ရဲ့နောင်တမလွန်

မှာငရဲနဲ့လွတ်အောင် ယခုကတည်းကပြင်ဆင်ထားပါမိတ်ဆွေ။

ကျွန်တော်အိမ်ထောင်အပြုခဲ့လို့တော်ပါသေးရဲ့။ ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဟာဘုရားတရား

အကြောင်း မပြောပြတတ်တော့ သားသမီးတွေရှိရင် ကျွန်တော်ဟာသူတို့ကိုငရဲထဲရောက်အောင်ပို့ပေးတဲ့နံပါတ်

တစ် တရားခံဖြစ်သွားနိုင်တယ်။ ကျွန်တော်ယခုငရဲထဲကိုရောက်နေရတဲ့အဓိကတရားခံကတော့ ကျွန်တော်ကိုယ်

တိုင်ပါဘဲ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ကိုယ်တိုင် သခင်ယေရူကိုယုံကြည်လက်ခံကိုးစားခြင်းမရှိခဲ့လို့ပါ။

ချစ်သောလူကြီး၊ လူငယ်များခင်ဗျား……မာရ်နတ်ရဲ့လိမ်လည်လှည့်စားတဲ့စကားတွေကိုနားမထောင်ကြ

ပါနဲ့။ကိုယ့်အပြစ်ကိုနောင်တရပြီး အပြစ်လွတ်ပိုင်တဲ့ကယ်တင်ရှင် သခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံပါ။

ကိုးစားပါမိတ်ဆွေ။

ငရဲထဲကိုမလာကြပါနဲ့။ကျွန်တော်ဟာအချိန်မီနောင်တမရခဲ့တဲ့အတွက်ကြောင့် ယခုလိုဒီမှာဒုက္ခခံနေရ

တာဖြစ်ပါတယ်။ ဒါကြောင့်ချစ်သောမိတ်ဆွေတို့ အချိန်မှီနောင်တရကြပါ။

ဘုရားတရားနဲ့တမလွန်ဘ၀အတွက် ဆင်ခြင်လေ့လာဖို့ကျွန်တော်အချိန်မပေးခဲ့မိဘူး။ငရဲထဲမှာ`နှိမ်စက်

ညှင်းဆဲခြင်းအမျိုးမျိုးနဲ့ ငရဲမီးဟာဒီလောက်ပြင်းထန်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး

ကျွန်တော်ဒီငရဲထဲရောက်ပြီးမှ နောင်တမလွန်ဘ၀ရှိကြောင်း၊ငရဲရှိကြောင်း၊ ကယ်တင်ရှင်သခင်ယေရူ

ခရစ်တော်ဘုရားရှိကြောင်း သိမြင်လာပြီးမိမိကိုယ်ကို ခွင့်မလွတ်နိုင်အောင် ယူကျုံးမရဖြစ်ရတယ်။နောင်တမ

လွန်ဘ၀အတွက် ကြိုတင်မပြင်ဆင်ခဲ့တဲ့ ကျွန်တော့်အမှားမျိုးချစ်မိတ်ဆွေတို့မဖြစ်ဖို့ အချိန်မှီနောင်တရကြပါ။

မိမိကိုယ်ကိုကြိုတင်ပြင်ဆင်ကြပါ။

မာရ်နတ်ဟာ လိမ်လည်လှည့်ဖြားသူ သူခိုး လူသတ်သမားဖြစ်တယ်။သူပြောသောစကားကိုမယုံကြပါနဲ့။

ဘုရားသခင်ရဲ့စကားကိုနားထောင်ပါ။ မာရ်နတ်ကိုကျောခိုင်းပြီး ဘုရားသခင်နဲ့အတူအသက်ရှင်ကြပါ။ ကယ်တင်

ခြင်းမရခင်သေဆုံးသွားရင် သင်ဟာငရဲထဲမှာ ပြစ်ဒဏ်ထာ၀ရခံရမယ်ဆိုတာ ဆင်ခြင်ပြီးအချိန်မှီနောင်တရပါ။

နောက်ကျမှနောင်တရလို့ကတော့ အပိုပါပဲမိတ်ဆွေ။

မိဘများခင်ဗျား…..သားသမီးတွေကို ဘုရားတရားအကြောင်းမသွန်သင်တဲ့ ကျွန်တော့်မိဘလိုမျိုးမဖြစ်ပါ

စေနဲ့။ သားသမီးတွေကို ကယ်တင်သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံအားကိုးလာအောင်သွန်သင်လမ်း

ပြဖို့မိဘတိုင်းမှာတာ၀န်ရှိပါတယ်။သားသမီးတွေကို ဘုရားတရားသိအောင် ကယ်တင်ခြင်းခံစားရအောင်

သွန်သင်လမ်းပြပေးခြင်းဟာမိဘတွေရဲ့အကောင်းဆုံး အမွေအနှစ်နဲ့အရေးအကြီးဆုံးတာ၀န်၀တ္တရားဖြစ်ပါတယ်။

ကျွန်တော်ပြောတာကို ယုံကြည်စွာဖြင့်လုပ်ဆောင်ပါ။ မယုံကြည်ရင်တော့ သင့်ဟာသေသေပြီးခြင်း တစ်မိနှစ်အတွင်း

ကျွန်တော်ပြောသမျှကို သင်လက်တွေ့သိမြင်ယုံကြည်သွားပါလိမ့်မယ်။ အဲဒီအချိန်ကြမှနောင်

တရလို့ကတော့အပိုပါဘဲ။အချိန်နောက်ကျသွားပါပြီ။

ဒါကြောင့် ချစ်သောမိတ်ဆွေ…….သင်ယခုအသက်ရှင်လျက်ရှိတဲ့အချိန်မှာ သင့်ရဲ့နောင်တမလွန်အရေးကိုစဉ်းစားပါ။

သင့်အသက်တာကို အဓိပ္ပါယ်ရှိစွာလျှောက်လှမ်းအသက်ရှင်ပါ။သခင်ယေရူခရစ်တော်ကို သင့်ရဲ့ကယ်တင်ပိုင်ရှင်အဖြစ်

စိတ်နှလုံးထဲမှာ ယုံကြည်လက်ခံပြီး ဘုရားသခင်ပြောတဲ့စကားအတိုင်း အသက်တာကိုလျှောက်လှမ်းပါ…ချစ်မိတ်ဆွေ။

ကျွန်တော်ရှိနေတဲ့ငရဲထဲကိုမလာကြပါနဲ့လို့တောင်းပန်ရင်း..

ငရဲထဲမှသူေဋ္ဌးကြီး ဒိုင်း(စ်)

ချစ်သောမိတ်ဆွေ………သင်ယခုဖတ်ရူသိရှိလိုက်ရသော ငရဲထဲမှသူေဋ္ဌးကြီးဒိုင်း(စ်)ရဲ့သတိပေးစကား

ကိုဆင်ခြင်နှလုံးသွင်းပါ။သင်လည်းသူေဋ္ဌးကြီးကဲ့သို့ ငရဲထဲသွားရရင်တော့မလွယ်ပါဘူး။ငရဲမီးအိုင်ထဲမှာခံရတဲ့

ဒုက္ခတွေဟာအင်မတန်ပြင်းထန်ပြီး ကြောက်စရာ အလွန်ကောင်းပါတယ်။ ငရဲထဲရောက်ပြီးရင်လည်း ပြန်လာလို့

မရဘဲ အဲဒီမှာထာ၀စဉ် အမြဲနေရမယ်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က

အတိအကျပြောထားပါတယ်။ ချစ်သောမိတ်ဆွေ…….သင်ငရဲထဲသွားချင်ပါသလား။

မသွားချင်ဘူးဆိုရင်တော့……သင့်ရဲ့နောင်တမလွန်ဘ၀ကိုငရဲနဲ့သေချာပေါက်လွတ်အောင် ယခုကတည်း

ကပြုလုပ်ပါ။သင့်ဘ၀ကို သင်သတိပြုပါ……ချစ်မိတ်ဆွေ။

သင့်ဘ၀ကိုသင်သတိပြု

ချစ်သောမိတ်ဆွေ…..သင်ယခု အသက်ရှင်နေထိုင်ရတဲ့ဤလောကကြီးထဲမှာရှိသမျှ သက်ရှိသက်မဲ့

အရာအားလုံးဟာ မတည်မြဲဘူးဆိုတာသင်သတိပြုမိရဲ့လား။လူ့ဘ၀ဟာလဲမတည်မြဲဘုူး၊တိုတောင်းတယ်။

အခိုးအငွေ့လိုပါပဲ။ယခုအသက်ရှင်လျက်ရှိနေပေမယ့် မနက်ဖြန်ကျရင် အသက်ရှင်လျက်ရှိချင်မှရှိနိုင်မယ်။ဒီအ

ထဲမှာ မိတ်ဆွေလည်းပါတယ်ဆိုတာသတိပြုမိရဲ့လား။အိုခြင်း နာခြင်းနဲ့သေခြင်းတွေကို မိတ်ဆွေမလွန်ဆန်နိုင်

ပါဘူး။ ဒါကြောင့်မိတ်ဆွေ သင့်ဘ၀ကို သင်သတိပြုပါ။ လူသားတိုင်းဘယ်အချိန်သေရမယ်ဆိုတာ အတိအကျမ

သိနိုင်ပေမယ့်သေချာတဲ့အချက်ကတော့ မည်သူမဆို တစ်နေ့တော့သေရမယ်ဆိုတာပါပဲ။အဲဒီလိုသေသွားပြီးတဲ့

နောက်ပိုင်းမှာ ဘာဖြစ်မယ်ဆိုတာကိုရော သင်သိရဲ့လား။

လူဟာသေပြီးသွားရင် နောင်ဘ၀ရှိတယ်ဆိုတာကိုတော့ဘာသာတရားတိုင်းကမငြင်းပါဘူး၊လက်ခံပါ

တယ်။ဒါပေမယ့်….သင့်ရဲ့နောင်ဘ၀မှာကော ဘာဖြစ်မယ်ဆိုတာအတိအကျသိရဲ့လား။

ဘုရားသခင်ရဲ့နှုတ်ကပတ်တော် သမ္မာကျမ်းစာထဲမှာတော့သေသွားပြီးတဲ့လူတိုင်းငရဲ၊ ဒါမှမဟုတ်

ကောင်းကင်နိုင်ငံဆိုတဲ့နေရာတစ်ခုခုကိုသွားရမယ်လို့ အတိအကျပြောထားပါတယ်။ ချစ််မိတ်ဆွေ…

သင်ကောဘယ်နေရာကိုသွားချင်ပါသလဲ။

အချို့က…မိမိရဲ့နောင်တမလွန်ရေးအတွက် စဉ်းစားဖို့နေနေသာသာ ဘုရားဆိုတာ မရှိဘူးလို့ပြောကြပါ

တယ်။မိမိသွေးသားတပ်မက်မူဖြင့် ဘုရားမဲ့စရိုက်နဲ့ မိမိထင်ရာ၊မိမိကြိုက်နှစ်သက်သလိုအသက်ရှင်ကြပါတယ်။

မိတ်ဆွေ…တကယ်တော့ဘုရားဆိုတာရှိပါတယ်။ ဘုရားရှိကြောင်းကို သိပ္ပံနည်းနဲ့တော့ သက်သေမပြနိုင်ပါဘူး။

ဒါပေမဲ့ချစ်မိတ်ဆွေ..သင်နေ့တိုင်းထမင်းချက်စားနေတဲ့ အိုးကိုကြည့်ပါ။ အဲဒီအိုးကိုပြုလုပ်တဲ့သူမရှိရင်

သင်ဟာအဲဒီအိုးနဲ့ ထမင်းချက်စားနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအိုးကိုပြုလုပ်တဲ့သူရှိလို့သင်ဟာအဲဒီအိုး၀ယ်ပြီး

ထမင်းချက်စားနိုင်တယ်မဟုတ်လား။ ဒါကြောင့်…ပစ္စည်းတစ်ခုဟာ ပြုလုပ်တဲ့သူမရှိရင် သူ့အလိုလိုတော့ဖြစ်မလာပါဘူး။

ပြုလုပ်တဲ့သူရှိလို့ပစ္စည်းတစ်ခုအဖြစ်ရှိနေရခြင်းဖြစ်ပါတယ်။ ဒီလိုပဲ….ေ၇၊မြေ၊တော တောင် ပင်လယ်၊

သမုဒ္ဒရာ၊သစ်ပင်၊ပန်းပင်၊လူတွေ၊ တိရစာၦန်တွေနဲ့ကမ္ဘာပေါ်မှာရှိသမျှ သက်ရှိ၊ သက်မဲ့အရားအားလုံးကို

ကြည့်ခြင်းအားဖြင့် ဒီအရာတွေကိုပြုလုပ်တဲ့သူ ဖန်ဆင်းတဲ့ဘုရားဆိုတာရှိကြောင်း သိနိုင်ပါတယ်။

ဘုရားဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက်ဖြစ်တဲ့ အရာတစ်ခုမှမရှိဘူးလို့ သမ္မာကျမ်းစာထဲမှာတော့ အတိ

အကျ ဖေါပြထားပါတယ်။နောက်ပြီးဘုရားဆိုတဲ့ ပုဂ္ဂိုလ်ဟာ တစ်ဆူတည်းပဲရှိရမယ်။တန်ခိုးနဲ့ပြည်၀ရမယ်။

စုံလင်ရမယ်။ဖန်ဆင်းနိုင်ရမယ်။သန့်ရှင်းဖြောင့်မတ်ရမယ်။ လူသားတွေနဲ့ နောင်တမလွန်ရေးကို အမခံချက်ပေး

နိုင်ရမယ်။မပြောင်းလဲတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒီအရည်အချင်းတွေနဲ့ပြည့်၀မှစစ်မှန်တဲ့ဘုရားဖြစ်ပါတယ်။ဘုရားဆို

တာရှိကြောင်း မိတ်ဆွေသိပြီးဆိုရင် ဆက်လက်ဖတ်ပါမိတ်ဆွေ။

ဤလောကကြီးထဲမှာ အသက်ရှင်နေထိုင်လျက်ရှိတဲ့လူသားတိုင်းဟာ ယခုဘ၀၊နောင်ဘ၀စိတ်ချမ်းသာ

မူရရှိအောင်နည်းအမျိုးမျိုးနဲ့ကြိုးစားရှာဖွေနေကြပါတယ်။အချို့လူကြီးလူငယ်တွေကတော့ မူးယစ်ဆေးဝါးသုံးစွဲ

ခြင်း၊သေရည်သေရက် သောက်သုံးခြင်း၊မိမိတပ်မက်မူအတိုင်းကျင့်ကြံပြုမူခြင်းတွေနဲ့ စိတ်ချမ်းသာမူကိုရှာဖွေကြ

တယ်။ အဲ….နောက်ဆုံးတော့ အဲဒီအရာတွေဟာ သူတို့ရဲ့ စိတ်ချမ်းသာမူကို ခေတ္တခဏသာပေးနိုင်ပြီး

အချိန်ကြာလာတဲ့အခါ သူတို့ကို ရောဂါဆိုးအမျိုးမျိုးဒုက္ခအမျိုးမျိုးပေးတာကိုတွေ့ရပါတယ်။

လူသားတွေရဲ့ အသက်တာကိုလေ့လာကြည့်မယ်ဆိုရင်လောကမှာလူသားအဖြစ်မွေးဖွားလာတဲ့

အချိန်ကစပြီးအရွယ်ရောက်လာတာနဲ့ပညာရှာကြ၊ဥစ္စာရှာကြ၊အိမ်ထောင်ပြုကြပါတယ်။လောကစည်းစိမ်ကြွယ်၀

ပြီးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ အသက်ရှင်နေထိုင်ဖို့ကြိုးစားရှာဖွေစုဆောင်းကြတယ်။

အူမတောင့်မှသီလစောင့်မယ်၊ ဆိုပြီး ယခုဘ၀ကိုဦးစားပေးကြတယ်။ နောက်ဘ၀အရေးကို အလေးမထား မစဉ်းစားကြဘူး။

ရှာဖွေတယ်၊စုဆောင်းတယ်၊ မကျေနပ်သေးဘူး။သြော်…ဒါငါ့သားသမီးအ

တွက်၊ဒါငါ့မြေးအတွက်…..ဒါကတော့ငါ့ဘ၀ ရှေ့ရေးအတွက်ဆိုပြီးဒီလိုနဲ့ပဲအတောမသတ်နိုင်ဘူး။ လောဘမသတ်နိုင်ကြ ဘူးဖြစ်နေပါတယ်။

ရလေလိုလေ၊အိုတစေၦ ဆိုတဲ့စကားအတိုင်း စည်းစိမ်ဥစ္စာကြွယ်၀ချမ်းသာလေလေ၊ထပ်ပြီးလိုချင်လေလေပဲ

မဟုတ်ဘူးလား။တကယ်တော့အတတ်ပညာတွေ၊ စည်းစိမ်ဥစ္စာတွေဟာ စစ်မှန်တဲ့ စိတ်ငြိမ်သက်ချမ်းသာမူကိုမ

ပေးနိုင်ပါဘူး….မိတ်ဆွေ။ ပိုင်ဆိုင်ထားတဲ့အတတ်ပညာတွေ၊ စည်းစိမ်ဥစ္စာတွေနဲ့၊ပိုင်ဆိုင်ထားသမျှအားလုံးဟာ

လည်းမိမိရဲ့နောင်တမလွန်ရေးအတွက် အာမခံချက်မပေးနိုင်ပါဘူး။ နောက်ပြီးအဲဒီပိုင်ဆိုင်ထားသမျှအရာတွေ

အားလုံးကိုလည်း နောင်တမလွန်ဆီကို ယူသွားလို့မရပါဘူးမိတ်ဆွေ။သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က

သင်တို့သည် ဤလောကသို့အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ

ယူ၍မသွားနိုင်….လို့သတိပေးထားပါတယ်။ဒါကြောင့်သင့်ရဲ့ဘ၀ကိုသင်သတိပြုပါ….ချစ်မိတ်ဆွေ။

တချို့ကတော့ လောကအသက်တာမှာကောင်းကောင်းစား၊ကောင်းကောင်း၀တ်ပြီး ကြွယ်၀ချမ်းသာစွာ

စည်းစိမ်ခံစားနိုင်ဖို့ ငွေကြေးတွေ၊စည်းစိမ်ဥစ္စာတွေကို ကြိုးစားရှာဖွေကြတယ်။အဲဒီလိုကြိုးစားရှာဖွေရင်း သူတို့ရဲ့

စီးပွားရေးလုပ်ငန်းတွေထဲမှာပဲ အချိန်တွေကုန်နေတယ်။သူတို့့ရဲ့ဘ၀ဟာ အလုပ်ထဲမှာပဲ နစ်မွန်းနေတယ်။

တစ်နေ့ပြီးတစ်နေ့စား၀တ်နေရေးအတွက်ပဲ ရှာဖွေလုံးပန်းရင်း အသက်၀ိညာဉ်ရေး (နောင်တမလွန်ရေး)ကို

မစဉ်းစားနိုင်လောက်အောင် အလုပ်များနေကြတယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထက် အခြားဘယ်အရာကို

မျှ ဦးစားမပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်။

အဲဒီလိုအသက်ရှင်နေထိုင်တဲ့သူတွေထဲမှာ ချစ်မိတ်ဆွေ…..

သင်လည်းပါနေမယ်ဆိုရင် မိတ်ဆွေကိုမေတ္တာနဲ့သတိပေးပါရစေ။တိုတောင်းလွန်းတဲ့ ဤလောကအသက်တာ

မှာ မိတ်ဆွေလိုချင်တဲ့ပုံစံအတိုင်းအသက်ရှင် နေထိုင်စားသောက်သွားလာရတယ်ပဲထားဦး၊ သေသွားပြီးတဲ့

နောက် နောင်တမလွန်ဘ၀မှာကြတော့မိတ်ဆွေဟာငရဲထဲရောက်မယ်ဆိုရင် မိတ်ဆွေရဲ့ဘ၀ဟာ အင်မတန်

၀မ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့်သင့်ရဲ့နောင်တမလွန်ရေးအတွက်အလေးအနက်ထားစဉ်းစားပါ။

သင့်ရဲ့ဘ၀ကိုသင်သတိပြုပါမိတ်ဆွေ။

တချို့ကြပြန်တော့….လူ့ဘ၀ဟာတိုတောင်းလွန်းပါတယ်။ ဒါကြောင့်အသက်ရှင်ရတဲ့ယခုအချိန်လေးမှာ

ချမ်းသာပျော်ရွှင်စွာနဲ့ နေထိုင်စားသောက်ရရင် ပြီးတာပဲကွာ။ငရဲတွေ ကောင်းကင်နိုင်ငံတွေ နောင်တမလွန်ရေး

တွေ အကြောင်းကိုစိတ်အရူပ်ခံ အချိန်အကုန်ခံစဉ်းစားဖို့မလိုပါဘူး….လို့ပြောကြပါတယ်။ နောင်တမလွန်ရေးကို

ပေါ့ပေါ့တန်တန်သဘော ထားကြပါတယ်။ ပေါ့ပေါ့ဆဆအသက်ရှင်ကြတယ်။၀မ်းနည်းစရာကောင်းလေစွ။ယခု

ဘ၀မှာရွှေတွေ ငွေတွေစည်းစိ်မ်ဥစ္စာတွေကိုဘယ်လောက်ပဲပိုင်ဆိုင် ချမ်းသာနေပါလေ့စေ။တိုက်တွေ၊ ကားတွေ၊

သငေ်္ဘာတွေ ၊လယ်ယာတွေ၊ ခြံတေ၊ွ ငါးမွေးကန်တေ၊ွ စီးပွားရေးလုပ်ငန်းအမျိုးစုံနဲ့ အသိပညာ၊ အတတ်ပညာ၊

ရာထူးတွေ၊ ဘွဲ့တွေ၊ ဘယ်လောက်ပဲပိုင်ဆိုင်နေပါလေ့စေ။ နောင်တမလွန်ဘ၀မှာ ငရဲနဲ့မလွတ်

ဘူးဆိုရင်တော့၊ယခုပိုင်ဆိုင်ထားတဲ့ အရာအားလုံးနဲ့ပျော်ရွှင်မူတွေဟာအလကားပါပဲမိတ်ဆွေ။ ဒါကြောင့် ယခု

ဘ၀မှာငြိမ်သက်ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နေထိုင်စားသောက်ရပြီး နောင်တမလွန်မှာလည်း ငရဲနှင့်သေချာပေါက်

လွတ်အောင်လုပ်ပါမိတ်ဆွေ။လုပ်လိုရတဲ့နည်းလမ်းရှိနေလို့သတိပေးနေရခြင်းပါ။

တချို့က…..ငါတို့ကတော့ကွာ စား၀တ်နေရေးအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ရှာဖွေစားသောက်

နေရတာ၊ စား၀တ်နေရေးအတွက်တောင်အနိုင်နိုင်ဖြစ်နေတာ ကောင်းကင်နိုင်ငံတို့ ၊ငရဲတို့ နောင်တမလွန်အရေး

တို့အကြောင်းကို အချိန်ပေးစဉ်းစားမနေနိုင်ပါဘူး။

ယခုအချိန်မှာ ဒါတွေစဉ်းစားဖို့မလိုသေးပါဘူး။ အချန်တွေအ

များကြီးရှိပါသေးတယ်။ယခုလောလောဆယ်မှာ စား၀တ်နေရေးကသာအရေးကြီးပါတယ်။နောင်တမလွန်အရေး

ကယခုအချိန်မှာအရေးမကြီးပါဘူး။ ငွေကြေးပြည့်စုံလာတော့မှပဲ၊ဒါမှမဟုတ်အသက်ကြီးရင့်အိုမင်းလာတော့မှပဲ

ဘုရား၊တရားလိုက်စားကြတာပေါ့။ ကောင်းကင်နိုင်ငံတို့၊ ငရဲတို့၊ နောင်တမလွန်ရေးတို့အကြောင်းကိုစဉ်းစားကြ

တာပေါ့။ ယခုတော့စား၀တ်နေရေးအတွက်အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်လိုက်ဦးမယ်…..လို့ဆိုတတ်ကြပြန်ပါ

တယ်။အလုပ်မလုပ်ဘဲ ကောင်းကင်နိုင်ငံတို့၊ ငရဲတို့၊ နောင်တမလွန်ရေးတို့အကြောင်းစဉ်းစားစေလိုခြင်းမျိုးမ

ဟုတ်ပါဘူး….မိတ်ဆွေ။

အလုပ်ကိုကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်ကလည်းနောင်တမလွန်မှာ ငရဲနှင့်လွတ်ဖို့အ

တွက် နောင်ရေးစိတ်အေးရအောင် သတိပေးနေရခြင်းပါ။ယခုဘ၀မှာလည်းဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့နဲ့ နေထိုင်

စားသောက်ရပြီး တမလွန်ဘ၀ကြပြန်တော့ လဲငရဲကျမယ်ဆိုရင်မလွယ်ပါဘူး။ ဒါကြောင့် သင့်ရဲ့နောင်တမလွန်

ဘ၀ကို ငရဲနဲ့သေချာပေါက်လွတ်အောင်ယခု ကတည်းကပြုလုပ်ဖို့မေတ္တာနဲ့သတိပေးနေရတာပါမိတ်ဆွေ။

ချစ်သောမိတ်ဆွေ….သင်ဟာ နေထိုင်စားသောက်၊၀တ်ဆင်ဖို့အတွက် ရှာဖွေလုံးပမ်းရင်း သင့်ရဲ့အချိန်

တွေကုန်နေပါသလား။သင်ဟာဤလောကမှာ ထာ၀စဉ်နေရမယ်လို့ ထင်နေပါလား။

တစ်နေ့ကျဤလောကမှသင်ဧကန်အမှန်ထွက်ခွာသွားရမယ်ဆိုတာကို သင်သတိပြုပါ။ အဲဒီလိုထွက်ခွာသွားတဲ့အခါသင်

သွားရမယ့်နေရာကို ယခုကတည်းက အတိအကျသိထားဖို့လိုပါတယ်။ နေထိုင် စားသောက် ၀တ်ဆင်ဖို့နဲ့ သင့်ရဲ့ဘ၀လိုအပ်မူ

များအတွက် ကြိုးစားရှာဖွေရင်း တစ်ဖက်က လည်းသင့်ရဲ့နောင်တမလွန်ရေးစိတ်အေးရေးရအောင်ပြုလုပ်ပါ……..

မိတ်ဆွေ။နောက်ပြီးမိတ်ဆွေဟာ ဤလောကမှ ထွက်ခွာသွားရမယ့်အချိန်ကို မသိတဲ့အတွက် အချိန်ကိုမဆွဲဘဲ

ယခုအချိန်ရှိတုန်း မိတ်ဆွေရဲ့နောင်တမလွန်ရေးအတွက် အလေးအနက်ထားစဉ်းစားပြီး လုပ်သင့်တာကိုလုပ်ပါမိတ်ဆွေ။

တချို့ကတော့ ကောင်းတာလုပ်ရင်ကောင်းတဲ့နေရာ ရောက်မယ်။မကောင်းတာလုပ်ရင် မကောင်းတဲ့နေ

ရာရောက်မယ်လို့ပြောကြပါတယ်။ ဒါပေမယ့်ချစ်သောမိတ်ဆွေ သင့်ရဲ့ဘ၀အသက်တာမှာလည်းကောင်းတာ

လုပ်တာနဲ့ မကောင်းတာလုပ်တာ ဘယ်ဟာကိုကပိုများနေသလဲလို့ပြန်စဉ်းစားကြည်ပါ။ကိုယ်ထိလက်ရောက်

ကျူးလွန်းခြင်း၊နှုတ်နဲ့ကျူးလွန်ခြင်း၊စိတ်နဲ့ကျူးလွန်ခြင်းတွေကို မိတ်ဆွေထိန်းနိုင်ရဲ့လား။ကိုယ်ထိလက်ရောက်

ကျူးလွန်ခြင်းနဲ့ နှုတ်နဲဲ့ကျူးလွန်ခြင်းတွေကိုမိတ်ဆွေ ထိန်းနိုင်

တယ်ပဲထားဦး သူတစ်ပါးကိုစိတ်နဲ့ကတော့မလွဲမသွေ ပြစ်မှားကျူးလွန်မိမှာသေချာတယ်။ အဲဒီလိုပြစ်မှားကျူး

လွန်မိတာနဲ့တပြိုင်တည်း မိတ်ဆွေမှာအပြစ်ရှိနေပြီး၊မကောင်းတာလုပ်နေပြီဆိုတာသတိပြုပါ။ အဲဒါကြောင့်

မိတ်ဆွေသေရင်မကောင်းတာလုပ်ခဲ့တဲ့အတွက် မကောင်းတဲ့နေရာဖြစ်တဲ့ငရဲကိုသွားရမယ်ဆိုတာသေချာသွားပြီပေါ့။

ချစ်မိတ်ဆွေ……သင့်ဘ၀ကိုသင်သတိပြုလျက် သင့်ရဲ့နောင်တမလွန်အရေးကိုအလေးအနက်ထားစဉ်း

စားပါ။ တချို့ကတော့…ယခုဘ၀မှာအရက်သောက်ခြင်း၊လောင်းကစားခြင်း၊မုသာပြောဆိုခြင်း၊ဂိုဏ်ပြိုင်ခြင်း

ရန်ဖြစ်ခြင်း၊မုန်းတီးခြင်း၊မနာလိုခြင်း၊လောဘတပ်မက်ခြင်း၊ခိုးခြင်း၊လှည့်စားခြင်း၊ကျိန်ဆဲခြင်း၊လူသတ်ခြင်း မာန

ထောင်လွှားခြင်း၊အမျက်ဒေါသထွက်ခြင်း၊သူတစ်ပါးကိုကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းစိတ်နဲ့ကျူးလွန်ခြင်း၊

နှုတ်နဲ့ကျူးလွန်ခြင်းစတဲ့ မကောင်းမူအကုသိုလ်တွေ ဘယ်လောက်ပဲလုပ်လုပ်၊ကောင်းမူကုသိုလ်လုပ်လိုက်ရင်

နောင်တမလွန်မှာ ကောင်းတဲ့နေရာရောက်မယ်လို့ပြောကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချစ်မိတ်ဆွေ၊သင့်ရဲ့ဘ၀အသက်တာမှာလည်းသင်လုပ်လိုက်တဲ့ကောင်းမူကုသိုလ်

နဲ့မကောင်းမူကုသိုလ်တွေဘယ်ဟာကပိုများနေမလဲလို့စဉ်းစားကြည့်ပါ။ကုသိုလ်တစ်ပဲငရဲတစ်ပိဿဆိုတဲ့စကား

အတိုင်းမိတ်ဆွေလုပ်လိုက်တဲ့ကောင်းမူကုသိုလ်က နည်းနည်းလေးဖြစ်နေပြီး မကောင်းမူအကုသိုလ်တွေက

အဆမတန်များလွန်းနေတာကိုမိတ်ဆွေတွေ့ရပါလိမ့်မယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မိတ်ဆွေလုပ်လိုက်တ့ဲ

ကောင်းမူကုသိုလ်ဟာ မိတ်ဆွေရဲ့နောင်တမလွန်ရေးအတွက် အာမခံချက်မပေးနိုင်ပါဘူး။

အချို့ကတော့…အကျင့်သီလ၊ကိုယ်ကျင့်တရားတွေကို ကြိုးစားလိုက်လျှေက်ကြတယ်။ ဒါပေမယ့်

နောက်ဆုံးတော့လောဘ၊ဒေါသ၊မောဟတွေကို မထိန်းချုပ်နိုင်ဘဲကျူးလွန်ကြတယ်။ ကိုယ်ထိလက်ရောက်

ကျူးလွန်ခြင်း၊နှုတ်နဲ့ကျူးလွန်ခြင်း၊စိတ်နဲ့ကျူးလွန်ခြင်းတွေကို ကျူးလွန်ကာအကျင့်သီလ၊ ကိုယ်ကျင့်တရားတွေ ဖောက်ပြန်ပျက်ပြားကြကုန်တာကိုတွေ့ရပါတယ်။အဲဒီအတိုင်းတသေ၀မတိမ်း လိုက်လျှောက်နိုင်ဖို့မလွယ်ပါဘူး။ ဘယ်လူသားမှလည်းအတိအကျမလိုက်လျှောက်နိုင်ပါဘူး။ ဒါကြောင့်အကျင့်သီလ၊ကိုယ်ကျင့်တရားဟာလည်း

နောင်တမလွန်ရေးအတွက်အာမခံချက်မပေးနိုင်ပါဘူးမိတ်ဆွေ။

အချို့ကတော့..နောင်တမလွန်မှာ ကောင်းရာမွန်ရာရောက်ဖို့ဘာသာတရားကို အလေးထားလိုက်စား

ကြပါတယ်။ ဘာသာတရားမှာပါတဲ့သွန်သင်မူပညတ်တရားတေါကို လိုက်လျှောက်ကြတယ်။

သိပ်ကောင်းပါတယ်။ ဒါပေမယ့်…..ဘာသာတရားပါတဲ့ ပညတ်တစ်ပါးကိုချိုးဖောက်မိရင်ပညတ်တရားအားလုံး

ကိုချိုးဖောက်တာနဲ့အတူတူဖြစ်တဲ့အတွက် ပညတ်တရားအားလုံးကလိုက်လျှောက်နိုင်ဖို့ ဘယ်သူမျှမတတ်နိုင်ပါဘူး။ ဘယ်သူမှလည်းမလိုက်လျှောက်နိုင်ပါဘူး။ ဒါကြောင့်ဘာသာတရားဟာလည်း နောင်တမလွန်ရေးအတွက်

အာမခံချက်မပေးနိုင်ပါဘူး မိတ်ဆွေ။

အချို့ကတော့…..ပြောကြတယ်။ငယ်တဲ့အရွယ်ဖြစ်တဲ့ပထမ အရွယ်မှာပညာရှာ ။ အရွယ်ရောက်ကြီး

ပြင်းလာပြီဖြစ်တဲ့ ဒုတိယအရွယ်မှာဥစ္စာရှာ။ အသက်ကြီးရင့်အိုမင်းလာပြီတဲ့ တတိယအရွယ်မှာတရားရှာတဲ့ ၊

ဘုရားတရားလိုက်စားတဲ့။ ဒါလဲ…သိပ်ကောင်းတဲ့အစီအစဉ်ပါဘဲမိတ်ဆွေ။ အဲဒါပေမယ့် အထူးသတိပြုစရာ

အချက်တစ်ချက်ကတော့ အစီအစဉ်အတိုင်းမဖြစ်ဘဲ၊ ပထမအရွယ်ဖြစ်တဲ့ပညာရှာတဲ့အရွယ်မှာသေသွားခဲ့ရင်

ဒါမှမဟုတ်ဒုတိယအရွယ်ဖြစ်တဲ့ဥစ္စာရှာအရွယ်မှာသေသွားခဲ့ရင်ဘယ်လိုလုပ်မလဲ။အသက်ကြီးမှသေတဲ့လူရှိသလို၊

အသက်ငယ်ငယ်နဲ့သေတဲ့လူတွေလဲအများကြီးပါပဲ။ ဒုက္ခမဖြစ်ပေဘူးလား။မိတ်ဆွေစဉ်းစားကြည့်ပါ။

ပညာရှာတဲ့အရွယ်မှာနဲ့ ဥစ္စာရှာတဲ့အရွယ်မှာသေသွားတဲ့လူတွေအတွက်သွားရာလမ်းဟာလည်း တရားမရှာရသေးတဲ့

အတွက် ဘုရားတရားမလိုက်စားရသေးတဲ့အတွက် ငရဲပဲသွားရမှာဖြစ်ပါတယ်။ သေသေချာချာစဉ်းစားပါ

မိတ်ဆွေ။ သင့်ရဲ့ဘ၀ကို သင်သတိပြုပါ။

နောက်ပြီးငရဲရောက်မလား၊ကောင်းကင်နိုင်ငံရောက်မလားဆိုတာကို ယခုအသက်ရှင်လျက်ရှိတဲ့အချိန်

မှာ အတိအကျမသိဘဲနောင်တမလွန်ကျမှသိနိုင်မယ်ဆိုတဲ့ အသက်ရှင်မူမျိုးဟာလည်း အလွန်အန္တရာယ်

များပါတယ်။ နောင်တမလွန်ဘ၀ရောက်သွားမှ ကောင်းကင်နိုင်ငံကိုသွားရမယ်ဆိုရင်တော့တော်ပါရဲ့၊အကယ်၍

ငရဲသွားရမယ်ဆိုရင်တော့မလွယ်ပါဘူး ထိုအချိန်ရောက်မှငရဲသို့မသွားရအောင် ဘယ်လိုနည်းနဲ့မှလုပ်လို့ရတော့

မှာမဟုတ်ပါဘူး၊ အချိန်နှောင်းနေပြီဖြစ်ပါတယ်။

ဒါကြောင့်ဘယ်အခိျန်၊ဘယ်အရွယ်၊ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နောင်တမလွန်ဘ၀မှာငရဲနှင့်

သေချာပေါက်လွတ်ဖို့ယခုကတည်းကသေချာနေပြီဖြစ်ဖို့အရေးကြီးပါတယ်။လောကလူသားတွေဟာ

ကောင်းကင်နိုင်ငံရောက်ဖို့ မိမိတိ့ုရဲ့အတွေးအခေါ် အယူအဆများ၊မိမိတို့ရဲ့ဘာသာရေးကျင့်ထုံးများ၊ကောင်းမူ

ကုသိုလ်၊အလှူဒါနများ၊အကျင့်သီလ၊ကိုယ်ကျင့်တရားများအားဖြင့် ကြိုးစားလျက်ရှိနေကြပါတယ်။ နောက်ဆုံး

တော့လူရဲ့ကြိုးစားမူနဲ့ ကောင်းကင်နိုင်ငံ(ဘုရားသခင်)ဆီမရောက်နိုင်ဘဲ၊ငရဲလမ်းဆုံးရမယ့်အခြေအနေမျိုးဖြစ်

နေပါတယ်။

ငရဲဆိုတဲ့နေရာကိုတော့ ဘယ်သူမှသွားချင်မှာမဟုတ်ပါဘူး။မိတ်ဆွေလည်း သွားချင်မှာမဟုတ်ပါဘူး။

မိတ်ဆွေရဲ့တမလွန်ဘ၀အတွက်စိတ်ချမူရှိပြီလား။မိတ်ဆွေအနေနဲ့ကိုယ့်ဘ၀ကိုကိုယ်ပြန်စဉ်းစားစစ်ဆေးကြည့်ပါ။

ငါသေရင်ဘယ်ရောက်မလဲ၊ငရဲလား ၊ဒါမှမဟုတ် အိုခြင်း၊ နာခြင်း၊သေခြင်းကင်းတဲ့ကောင်းကင်နိုင်ငံကိုလား

ဆိုတာကို သေသေချာချာစဉ်းစားစစ်ဆေးပါမိတ်ဆွေ။ သိပ်အရေးကြီးပါတယ်။မိတ်ဆွေရဲ့နောင်တမလွန်ဘ၀မှာ

ငရဲနှင့်လွတ်ဖို့မလွတ်ဖို့ဆိုတာ မိတ်ဆွေရဲ့ယခုယုံကြည်လက်ခံလျှောက်လှမ်းနေတဲ့အသက်တာလမ်းအပေါ်မှာ

မူတည်နေပါတယ်။

လူဟာသူတစ်ပါးကို ကိုယ်ထိလက်ရောက်အပြစ်မကျူးလွန်မိအောင် နှုတ်နဲ့မပြစ်မှားမိအောင်

စောင့်ထိန်းလို့ရကောင်းရပေမဲ့ စိတ်နဲ့မပြစ်မှားမိအောင်တော့ ဘယ်သူမှရှောင်ကွင်းလို့မရပါဘူး။ ဒါကြောင့်

လူတိုင်းလူတိုင်းဟာ အပြစ်နဲ့မကင်းနိုင်တဲ့အပြစ်သားတွေချည်းပဲဖြစ်ပါတယ်။ အပြစ်သားဆိုရင် ကောင်းကင် နိုင်ငံကိုမရောက်နိုင်ပါဘူး။

လူတွေဟာ မွေးဖွားလာတဲ့အချိန်ကစပြီး ယနေ့အထိလူသိအောင်ပဲဖြစ်ဖြစ်၊လူမသိအောင်ပဲဖြစ်ဖြစ်၊

ပြစ််မှားကျူးလွန်ခဲ့တဲ့အပြစ်တွေအားလုံးအတွက် ငရဲသွားရမှာပဲ။သမ္မာကျမ်းစာထဲမှာ…..အပြစ်တရား၏အခကား

သေခြင်းပေတည်း…လို့ အတိအကျပြောထားပါတယ်။ သေခြင်းဆိုတာခန္ဓာကိုယ်သေခြင်းတင်မက ၀ိညာဉ်ပါပျက်စီးဆုံးရူံးမှာကို ဆိုလိုပါတယ်။

လူသားတွေဟာ အပြစ်မကျူးလွန်မိအောင် လောဘ၊ဒေါသ၊မောဟမရှိအောင် ကြိုးစားချုပ်တည်းကြပေ

မယ့်မရဘူး၊အပြစ်လုပ်မိကြတယ်။လောကမှာအပြစ်နဲ့ကင်းအောင် နေနိုင်တဲ့သူတစ်ယောက်မှမရှိပါဘူး။

ဒါကြောင့် လူသားတိုင်းဟာအပြစ်နဲ့မကင်းသူတွေချည်းပဲဖြစ်တဲ့အတွက်ငရဲနှင့်လွတ်ဖို့မိမိကိုယ်မိမိ မကယ်တင်နိုင်ကြောင်းထင်ရှားပါတယ်။ ဒါကြောင့် လူသားတိုင်း ငရဲနှင့်လွတ်ရန်အတွက်ပြုလုပ်ပေးနိုင်တဲ့ ကယ်တင်ရှင်တစ်ဦးလိုနေပြီဆိုတာထင်ရှားပါတယ်။

လူသားတိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းကောင်း တစ်ခုကတော့ လူသားအားလုံးနောင်တမလွန်

မှာ ငရဲနှင့်လွတ်ရန်အတွက်ဘုရားသခင်ပြင်ဆင်ထားတော်မူတယ်ဆိုတဲ့အကြောင်းပါပဲ။ပြင်ဆင်ထားရာမှာလည်း

ဘုရားသခင်ဟာ လူမျိုးတစ်မျိုးတည်းငရဲနှင့် လွတ်ရန်အတွက်သီးသန့်ပြင်ဆင်ထားခြင်းမျိုးမဟုတ်ပါဘူး။ ကမ်ဘာပေါ်ရှိလူမျိုးပေါင်းစုံမှာပါ၀င်တဲ့လူသားအားလုံး ငရဲနှင့်လွတ်ဖို့အတွက် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။လူသားအား

လုံးငရဲနှင့်သေချာပေါက်လွတ်ဖို့အတွက် ဘုရားသခင်ရဲ့ပြင်ဆင်ထားပုံကတော့…

ဘုရားသခင်ဟာလူသားတွေကိုငရဲမှ ကယ်တင်ဖို့သူ့ရဲ့တစ်ပါးတည်းသောသားတော်သခင်ယေရူ ခရစ်

တော်ကို လူသားအဖြစ် ဤလောကသို့စေလွှတ်ခဲ့ပါတယ်.။အပြစ်သားဖြစ်တဲ့ လူတွေကို ကယ်တင်ဖို့

သခင်ယေရူခရစ်တော်ဟာ လူ့ဇာတိကိုခံယူခဲ့ပါတယ်။

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်၏သားတော်သခင်ယေရူ ခရစ်တော်ကို

ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ငရဲသို့မရောက်၊ ထာ၀ရ

အသက်ကိုရစေခြင်းငှာ ဘုရားသခင်သည်မိမိမှာရှိတဲ့ တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်

အောင် လောကီသားတို့ကိုချစ်တော်မူ၏။လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်

ကိုဤလောကသို့စေလွတ်သည်မဟုတ်။လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရမည့်

အကြောင်း၊ငရဲနှင့်လွတ်ရမည့်အကြောင်းစေလွတ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင် ခြင်းကိုမခံရ။ ငရဲသို့မရောက်ရ….လို့ ဘုရားသခင်ကတိပေးထားပါတယ်။

ဘုရားသခင်ဟာ လူသားအားလုံးကို သိပ်ချစ်လို့သူ့ရဲ့တစ်ပါးတည်းသောသားတော် သခင်ယေရူခရစ်တော်ကို

လူသားအားလုံးရဲ့အပြစ်တွေအတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေသတ်

ခြင်းခံစေခဲ့ပါတယ်။ သခင်ယေရူခရစ်တော်ဟာ လူသားအားလုံးရဲ့အပြစ်အတွက်အသေခံတယ်။ ဒါပေမယ့်

(၃)ရက်မြောက်တဲ့နေ့မှာပြန်ပြီးအသက်ရှင်ခဲ့တယ်။ ဘာကြောင့် ပြန်ရှင်လာသလဲဆိုရင် သခင်ယေရူခရစ်တော် ဟာ သေခြင်းကိုအောင်မြင်တဲ့ဘုရားဖြစ်လို့ပါပဲ။

နောက်ပြီးသခင်ယေရူခရစ်တော်ဟာ မနေ့ ယနေ့ နောင်ကာလမပြောင်းလဲဘဲ ထာ၀ရ အသက်ရှင်

တော်မူတဲ့ဘုရားဖြစ်ပါတယ်။ ချစ်သောမိတ်ဆွေ….မိတ်ဆွေဟာသခင်ယေရူခရစ်တော်ကို မိတ်ဆွေရဲ့ကယ်တင် ရှင်အဖြစ် လက်ခံယုံကြည်မယ်ဆိုရင် မိတ်ဆွေမှာရှိတဲ့ အပြစ်အားလုံး ဖြေလွတ်ခြင်းခံရမယ်လို့သမ္မာကျမ်းစာထဲ

မှာ အတိအကျဖေါ်ပြထားပါတယ်။မိတ်ဆွေဟာ အဲဒီလိုအပြစ်လွှတ်ခြင်းခံရပြီးမှ ကောင်းကင်နိုင်ငံကိုသွားနိုင်မှာ

ဖြစ်ပါတယ်။

မိတ်ဆွေဟာဘယ်လိုအခြေအနေမျိုးမှာပဲရှိနေပါစေ၊ဘုရားသခင်ဟာ မိတ်ဆွေကိုချစ်ပါတယ်။ မိတ်ဆွေငရဲထဲ

ကျမှာကိုလည်း ဘုရားသခင်ပူပန်နေပါတယ်။ မိတ်ဆွေရဲ့ ယခုဘ၀အတွက်သာမကနောင်တမလွန်ရေးအတွက်

ပါ စိတ်အေးရအောင် ဘုရားသခင်ကအာမခံချက်ပေးလိုပါတယ် ဒါကြောင့်မိတ်ဆွေရဲ့ နောင်တမလွန်မှာ ငရဲမှ လွတ်ဖို့မိတ်ဆွေရဲ့အပေါ်မှာပဲမူတည်နေပါတယ်။ သင့်ရ့ဲဘ၀အတွက်သင် အလေးအနက်ထားစဉ်းစားပါ မိတ်ဆွေ။ ယခုအချိန်ဟာ မိတ်ဆွေရဲ့ဘ၀အတွက်အလွန်အရေးကြီးဆုံးအချိန်ပါပဲ။

ငရဲကလွတ်အောင် ဘာသာရေးပုဂ္ဂိုလ်၊ဂိုဏ်းဂဏနဲ့အသင်းတော်အဖွဲ့အစည်းတွေက မကယ်တင်မစွမ်း

ဆောင်ပေးနိုင်ပါ။ မိဘနှစ်ပါးက သခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံတဲ့အတွက် စစ်မှန်တဲ့ ဘုရားသား

သမီးများဖြစ်ကြပေမ့ဲ၊သားသမီးတွေက သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိရင်

(မမည်ခံခရစ်ယာန်ဖြစ်ရင်)အ့ဲဒီသားသမီးတေါဟာငရဲကိုသွားရမယ်ဖြစ်ပါတယ်။ နောက်ပြီးသားသမီးတွေက

သခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံပြီးစစ်မှန်တဲ့ဘုရားသားသမီးများဖြစ်ကြပေမဲ့ မိဘနှစ်ပါးက

သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိရင်(အမည်ခံခရစ်ယာန်ဖြစ်ရင်)လည်းအဲဒီမိဘနှစ်ပါးဟာ

ငရဲကိုသွားရမှာဖြစ်ပါတယ်။မိမိယုံကြည်လျှောက်လှမ်းတဲ့ အသက်တာလမ်းအတိုင်းမိမိခံစားရမှာဖြစ်ပါတယ်။

အပြစ်သားတွေအတွက် အသေခံခဲ့တဲ့ဘုရားသခင်ရဲ့သားတော် သခင်ယေရူခရစ်တော်ကို ယုံကြည်

လက်ခံသူဟာ အပြစ်များဖြေလွတ်ခြင်းခံရမည်။ နောင်တမလွန်မှာ ငရဲ့နှင့်သေချာပေါက်လွတ်လျက်

ကောင်းကင်နိုင်ငံတော်သို့ ရောက်မည်လို့သမ္မာကျမ်စားထဲမှာ ဘုရားသခင်ကတိပေးထားပါတယ်။မိတ်ဆွေ

ဟာသခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံမှသာငရဲမှလွတ်နိုင်မှာဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံသို့လည်း

ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေဟာ သခင်ယေရူခရစ်တော်ကို မိတ်ဆွေရဲ့ကယ်တင်ပိုင်ရှင်၊ ငရဲ နှင့်သေချာပေါက်လွတ်အောင် လုပ်ပေးနိုင်သူအဖြစ် ယုံကြည်လက်ခံဖို့ လက်မခံဖို့ ဆိုတာကိုပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။

မိတ်ဆွေဟာဤလောကမှ ထွက်ခွာသွားရမယ့်အချိန်ကိုမသိတဲ့အတွက် ယခုပင် မိမိကိုယ်ကိုမိမိစဉ်းစား

ဆုံးဖြတ်ပါ။နောင်တမလွန်ရောက်မှစဉ်းစားဆုံးဖြတ်မယ်ဆိုရင်မိတ်ဆွေအတွက် သိပ်နောက်ကျသွားပါလိမ့်မယ်။

ဒါကြောင့်အသက်ရှင်လျက်ရှိတဲ့ ယခုအချိန်မှာ မိမိကိုယ်ကိုမိမိသေချာစစ်ဆေးလျက် တိကျပြတ်သားစွာစဉ်းစား ဆုံးဖြတ်ပါ။

** သခင်ယေရူခရစ်တော်သည် ယခုဘ၀အတွက်သာမက နောင်တမလွန်ရေးအတွက်ပါ စိတ်အေးလိုသူတိုင်းအတွက် အာမခံချက်ပေးနေသည်။

** ငရဲနှင့်သေချာပေါက်လွတ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ရောက်လိုသောသူတိုင်းသခင်ယေရူကို ယုံကြည်လက်ခံကြသည်။

ချစ်သောမိတ်ဆွေ၊ သခင်ယေရူခရစ်တော်ကို မိတ်ဆွေရဲ့ကယ်တင်ပိုင်ရှင်၊ငရဲနှင့်သေချာပေါက်လွတ်

အောင် လုပ်ပေးနိုင်သူအဖြစ်ယုံကြည်ပြီလား။

ယုံကြည်ပြီးဆိုရင်၊သခင်ယေရူခရစတော်ကို မိတ်ဆွေရဲ့စိတ်နှလုံးထဲသို့ခေါ်ဖိတ်လက်ခံဖို့ပဲလိုပါတော့

တယ်။ဒါကြောင့်သမ္မာကျမ်းစာထဲဖေါ်ပြထားတဲ့…..အကြင်သူသည်ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ထိုသူရှိ

ရာသို့ငါ၀င်၍ သူနှင့်အတူစားသောက်မည်ဆိုတဲ့အတိုင်းမိတ်ဆွေလဲ သခင်ယေရူခရစ်တော်ကို မိတ်ဆွေရဲ့စိတ်

နှလုံးတံခါးဖွင့်ပြီး၊ အကြွင်းမဲ့အုပ်စိုးခိုလှုံခွင့်ပေးလိုက်ရုံပါပဲ။ အဲ့ဒီအခါမှာသခင်ယေရူခရစ်တော်ဟာမိတ်ဆွေ

ရဲ့စိတ်နှလုံးသားထဲမှာ ၀င်ရောက်ကျိန်း၀ပ်ပြီး အုပ်စိုးမှာဖြစ်ပါတယ်။

ချစ်မိတ်ဆွေ၊ သင့်စိတ်နှလုံးထဲ သခင်ယေရူခရစ်တော်ကိုလက်ခံချင်သလား။ ဆုတောင်းခြင်းဖြင့်

သခင်ယေရူခရစ်တော်ကိုသင့်စိတ်နှလုံးထဲ၌ ကျိန်း၀ပ်ဖို့ခေါ်ဖိတ်လက်ခံနိုင်ပါတယ်။ ဒါကြောင့်

သခင်ယေရူခရစ်တော်ကို မိတ်ဆွေရဲ့စိတ်နှလုံးထဲ၌ ကျိန်း၀ပ်ဖို့ခေါ်ဖိတ်လက်ခံရန်အသင့်ဖြစ်ပြီးဆိုရင်

အောက်မှာပါတဲ့ဆုတောင်းချက်အတိုင်း အသံထွက်လျက်ရွတ်ဆိုဆုတောင်းခေါ်ဖိတ်ပါမိတ်ဆွေ။

ကောင်းမြတ်စုံလင်တော်မူ၍ အသက်ရှင်တော်မူသော ဘုရားသခင်၊ ကိုယ်တော်ရှင်သည်

သား/သမီးကိုအပြစ်ငရဲမှ ကယ်တင်သည့်အတွက် ကျေးဇူးတင်ပါ၏။ သား/သမီးဘ၀တစ်လျှောက်လုံးမှာ

ပြုလုပ်မိခဲ့တဲ့ အပြစ်အားလုံးအတွက် ၀န်ချတောင်းပန်ပါ၏။ အပြစ်တွေအားလုံးကိုဖြေလွှတ်တော်မူပါ။

ယခုအချိန်ကစပြီး သခင်ယေရူခရစ်တော်ဘုရားသည် သား/သမီးရဲ့အပြစ်တွေအတွက် လက်ဝါးကပ်တိုင်

ပေါ်မှာအသေခံပြီး(၃)ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တယ်ဆိုတာကိုနှုတ်နှင့်၀န်ခံ၍စိတ်နှလုံး

ဖြင့် အကြွင်းမဲ့ယုံကြည်လက်ခံပါပြီ။ ဒါကြောင့်သခင်ယေရူခရစ်တော်ဘုရား သား/သမီးရဲ့စိတ်နှလုံးထဲမှာ

ကျိန်း၀ပ်၍ ကယ်တင်ရှင်အဖြစ်သာမက အရှင်သခင်အဖြစ်လည်း အုပ်စိုး၍ လမ်းပြသွန်သင်တော်မူပါမည့်

အကြောင်း သခင်ယေရူခရစ်တော်ဘုရား၏ နာမကိုအမှီပြု၍ဆုတောင်းခေါ်ဖိတ်လက်ခံပါ၏။ အာမင်။

ယခုလိုမိတ်ဆွေရဲ့ စိတ်နှလုံးထဲ သခင်ယေရူခရစ်တော်ဘုရားကိုခေါ်ဖိတ်လက်ခံပြီးတဲ့ ယခုအချိန်က

စပြီးမိတ်ဆွေဟာဘုရားသခင်ရဲ့သားသမီးဖြစ်သွားပါပြီ။ မိတ်ဆွေဟာ ထာ၀ရအသက်ဆိုတဲ့ ကယ်တင်ခြင်း

ဆုကျေးဇူးတော် ငရဲနှင့်သေချာပေါက်လွတ်ပြီးဆိုတဲ့ အာမခံချက်ကိုလည်း ယခုအချိန်နာရီကစ၍

ပိုင်ပိုင်နိုင်နိုင်ပိုင်ဆိုင်ရပြီဖြစ်ပါတယ်။ မိတ်ဆွေဟာအခုချိန်ကစပြီးဘယ်အချိန်ပဲသေသေငရဲနှင့်သေချာပေါက်

လွတ်တာတင်မကသေးဘူး ကောင်းကင်နိုင်ငံသို့ရောက်ဖို့လည်း ယခုအခိျန်ကစ၍သေချာသွားပြီဖြစ်ပါတယ်။

မိတ်ဆွေဟာယခုဘ၀အတွက်သာမက နောင်တမလွန်အရေးအတွက်ပါစိတ်အေးရသူ၊သခင်ယေရူခရစ်တော်ကို

ယုံကြည်လက်ခံခြင်းအားဖြင့် အဓိပ္ပါယ်ရှိသော အနာဂါတ်ကို ပိုင်ဆိုင်သူအဖိုးတန်လူသားတစ်ယောက်

ဖြစ်သွားပါပြီ။

ချစ်သောမတ်ဆွေ…..သင်သည် ခရစ်ယာန်အသင်းတော်တပါးပါးနှင့် ဆက်သွယ်ပြီးထိုအသင်းတော်မှ

အသင်းအုပ်ဆရာအားသင်သည် သခင်ယေရူခရစ်တော်ကိုယုံကြည်လက်ခံပြီးဖြစ်ကြောင်း ပြောပြပါ။ ထိုအသင်း

အုပ်ဆရာထံမှ ဗတိ္တဇံမင်္ဂလာခံယူခြင်း(နှစ်ခြင်းအင်္ဂလာခံယူခြင်း)အကြောင်းမေးမြန်းသင်ယူပါ။ သင်ယူပြီး

နှစ်ခြင်းမင်္ဂလာခံယူရန်သင့်စိတ်နှလုံးတွင်ဖြစ်ပေါ်ပါက ထိုအသင်းအုပ်ဆရာနှင့်တိုင်ပင်ကာ နှစ်ခြင်းမင်္ဂလာကို

ခံယူပါ။နှစ်ခြင်းမင်္ဂခံခြင်းသည် လူရှေ့ဘုရားရှေ့တွင်သင်သည်သခင်ယေရူခရစ်တော်ကို ယုံကြည်လက်ခံပြီး

ဖြစ်ကြောင်း၀န်ခံခြင်း လက်တွေ့သက်သေထူခြင်းလည်းဖြစ်ပါတယ်။

ချစ်သောမိတ်ဆွေ…..ပွဲတော်မင်္ဂလာတွင်လည်းပါ၀င်ပါ။ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာကျမ်းစာ

ကိုအချိန်ပေး၍ မှန်မှန်ဖတ်ပါ။ဘုရားသခင်ထံဆုတောင်းပါ။ ၀တ်ပြုအစည်းအေ၀းများလည်းတက်ရောက်ပါ။

သမ္မာကျမ်းစာတွင် ဖေါ်ပြထားသည့်ဘုရားသခင်ကိုယုံကြည်ကိုးစားလျက် ယုံကြည်ခြင်းအပြည့်နှင့် သင့်အသက် တာလမ်းကို လက်တွေ့လျှောက်လှမ်းပါ။

ဘုရားသခင်သင့်ကိုကောင်းချီးပေးတဲ့အရာခပ်သိမ်းအတွက်ဘုရားသခင်၏ကျေးဇူးတော်အပေါင်းကို ချီးမွမ်းပါ။

သင်၏အလုပ်များကိုဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ဘုရားသခင်ကို ကိုးစားလျက် အလုပ်များကို

ကြိုးစားလုပ်ကိုင်ပါ။ ဘုရားသခင်၏စကားတော်အတိုင်း သင်ရရှိသော၀င်ငွေအားလုံးကို ဆယ်ဘို့တစ်ဘို့

(တစ်ဆယ်ရလျင် တစ်ကျပ်၊တစ်ရာရလျှင် တစ်ဆယ်ကျပ်) ဖယ်ကာ ဘုရားသခင်၏ အမူတော်မြတ်တွင်ပါ၀င်ပါ။

ထိုအခါဘုရားသခင်သည် သမ္မာကျမ်းစာတွင် ကတိပေးထားတဲ့အတိုင်း သင်၏ခန္ဓာ၊စိတ်၊၀ိညာဉ်အပေါ် သင်၏ အလုပ်အကိုင်များအပေါ် သင်၏မိသားစု၀င်အားလုံးအပေါ် ဘုရားသခင်သည်ကောင်းကင် တံခါးဖွင့်ပြီး ကောင်းကြီးမင်္ဂလာများကို အကုန်အစင်သွန်းလောင်းမှာဖြစ်ပါတယ်။

ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရူပြီး ဘုရားသခင်၏စကားတော်ကို

အမြဲဆင်ခြင်အောက်မေ့ပါ။ ဘုရားသခင်၏ စကားတော်များအတိုင်းလက်တွေ့အသက်ရှင်ပါ။

မိတ်ဆွေဟာ……ဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့ မှန်ကန်သောအသက်ရှင်မူမျိုးဖြင့်အဓိပ္ပါယ်ရှိသော

အသက်တာလမ်းကိုလျှောက်လှမ်းနိုင်ပြီဖြစ်ပါတယ်။

ဘုရားသခင်ကောင်းချီးပေးပါစေ။သို့/

လူလောကတွင်ယခုအသက် ရှင်လျက်ရှိနေတဲ့ချစ်သော မိတ်ဆွေ…ငရဲထဲမှကျွန်တော် သူေဋ္ဌးကြီးဒိုင်း(စ်)(DIVES)သည်

သင့်အားငရဲထဲမှအကြောင်း တွေကို သတိပေးပြောပြချင်ပါတယ်။ ကျွန်တော်ဟာ

လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)ခန့်က လူ့လောကမှာအသက်ရှင်နေထိုင်ခဲ့တဲ့ သူေဋ္ဌးကြီးတစ်ဦးဖြစ်ပါတယ်။

ကျွန်တော်ကဟာ ပါလက်စတိုင်းနိုင်ငံ မှာခရစ်တော် မပေါ်မှီ(၅)နှစ်က စည်းစိမ်ဥစ္စာ အလွန်ကြွယ်၀ချမ်းသာတဲ့ ဂျူး(ယုဒ) မိဘနှစ်ပါးမှဖွားမြင်ခဲ့သူဖြစ်ပါတယ်။ ညီအကို(၆)ယောက်အနက် ကျွန်တော်ဟာ

အကြီးဆုံးဖြစ်ခဲ့သလို အရင်ဦးဆုံးသေသူလည်းဖြစ်ပါတယ်။

ဖေဖေဟာအလွန်ချမ်းသာပြီး ငွေကိုသာတပ်မက်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့စီးပွါးရေးလုပ်ငန်း

တွေအထဲမှာဘဲအချိန်ကုန်တာများပါတယ်။ သား/သမီးတွေကိုဂရုစိုက်ခြင်းလုံး၀မရှိပါ။ဘာသာရေးအတွက်

လည်းအချိန်မပေးသူတစ်ယောက်ဖြစ်ပါတယ်။

မေမေဟာလည်း ကြွယ်၀ချမ်းသာပြီးရုပ်ရည် လှပတ့ဲဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက်

မြို့ထဲမှာကျင်းပတဲ့မိတ်ဆုံစားပွဲတွေ၊ မိတ်ဿဟာရပျော်ပွဲ ရွှင်ပွဲတွေကိုဖိတ်ကြားခြင်းခံရသူတစ်ယောက်ဖြစ်ပါ

တယ်။မေမေဟာအိမ်မှာမရှိတာများပါတယ်။

ကျွန်တော်တို့ညီအကိုတွေကိုတော့ အိမ်ဖော်တွေနဲ့ထားရစ်ခဲ့ပါတယ်။အိမ်ဖော်တွေကလည်း

ကျွန်တော်တို့ကိုမဆုံး၊မသွန်သင်နိုင်ခဲ့ပါ။ဒါကြောင့်ကျွန်တော်တို့ဟာ ကိုယ့်သဘောအတိုင်း

ကိုယ်ကြိုက်သလိုစည်းမဲ့ကကမ်းမဲ့နေထိုင်ခဲ့ကြပါတယ်။

ဖေဖေဟာဆင်းရဲမွှဲတေတဲ့လူတွေနဲ့ကျွန်တော်တို့ညီအကိုတွေအပေါင်းအသင်းလုပ်တာကို လုံး၀မ

ကြိုက်ပါ။ဒါပေမဲ့ချမ်းသာတဲ့လူတွေရဲ့သားသမီးတွေနဲ့ဆိုရင်တော့နေချင်သလိုနေလို့ရပါတယ်.ဖေဖေဘာမှမပြော

ဘူး။ကျွန်တော့်သူငယ်ချင်းတွေဟာ ကျွန်တော့်ကိုအရက်သောက်ခြင်း၊ဖဲရိုက်၊ခိုးခြင်း၊မုသားပြောဆိုခြင်း၊

လိမ်ညာခြင်း၊ဆဲဆိုခြင်း…….စတဲ့မကောင်းတဲ့အကျင့်တွေကိုသွေးဆောင်ခဲ့ပေမယ့် ဖေဖေန့ဲမေမေဟာကျွန်တော့်

ဘ၀ရှေ့ရေးအတွက် လုံး၀စိုးရင်ပူပန်မူမရှိခဲ့ပါ။

ဖေဖေမေမေဟာ အိမ်တွင်းရေးကိုလုံး၀လျစ်လျူရူထားခဲ့ပါတယ်။သားသမီးတွေကိုလည်းသွန်သင်

ဆုံးမခြင်းလုံး၀မရှိခဲ့ပါ.မကြာခင်မှာဘဲ ကျွန်တော်ဟာလူ့လောကရဲ့အပြစ်နွံထဲမှာနစ်မွန်းခဲ့ရပါတယ်။ဖေဖေဟာ

သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ ပါ၀င်လုပ်ကိုင်ခွင့်မပြုဘူး။ဒါပေမယ့် ကျွန်တော်လိုချင်တာအားလုံးကို၀ယ်ပေး

တယ်။ဒါတာကြောင့်ကျွန်တော်ရဲ့သူငယ်ချင်းတွေဟာ ကျွန်တော်ကိုအလွန်အားကျကြတယ်။ ကျွန်တော်ဟာ

အပြစ်အမျိုးစုံကို ကျူးလွန်တတ်တဲ့အချိန်မှာအရွယ်အရောက်သေးပါဘူး။

ဖေဖေနဲ့မေမေရဲ့ဘာသာရေးခံယူချက်ဟာ လေးနက်မူမရှိပါ။သားသမီးတွေကို ဘုရား၊တရားအကြောင်း

ဘာတစ်ခုမှ သွန်သင်လမ်းပြခြင်းလည်းမရှိပါ။ဘုရားတရားရေးမှာ အချင်းချင်းငြင်းခုန်နေတာမျိုးကိုဖေဖေက

လုံး၀မကြိုက်ပါ။ကျွန်တော်တို့မိသားစုဟာ ဘုရား၊တရားရေးမှာလေးနက်မူမရှိဘဲအေးအေးစက်စက်

ဖြစ်နေတယ်။အဲဒီလိုနဲ့ဘဲတဖြည်းဖြည်းနဲ့ ကျွန်တော်တို့မိသားစုဟာ ဘုရား၊တရားမဲ့ဖြစ်သွားခဲ့ပါတယ်။

တစ်နေ့……ဂျော်ဒန်မြစ်ထဲမှာနှစ်ခြင်းမင်္ဂလာပေးနေတဲ့ထူးဆန်းတဲ့ပရောဖက်တပါးအကြောင်းကို လူတိုင်းပြောနေကြတယ်။

လူအချို့ကသူ့ကို မေရှိယ လို့ထင်ကြတယ်။တကယ်တော့သူဟာ မေရှိယမဟုတ်ဘူး။

ဘုရားသခင်ကောင်းချီးပေးပါစေ။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?