အလုပ်အကိုင်ကောင်းနှင့် ကောင်းသောအရာကိုလုပ်ခြင်း

         လူတို့က အလုပ်အကိုင်ကောင်းခြင်း၊ မကောင်းခြင်းကို ဝင်ငွေကောင်းခြင်း ၊မကောင်းခြင်းဖြင့် တိုင်းတာသတ်မှတ်လေ့ရှိကြသော်လည်း ဘုရားသခင်ကမူ ကောင်းသောအရာကိုလုပ်ခြင်း၊ မလုပ်ခြင်း ဖြင့် တိုင်းတာသတ်မှတ်သည်။ 

သို့သော်လည်း ကောင်းသောအရာလုပ်ခြင်းကို အလုပ်အကိုင်ကောင်း ဖြစ်မှန်း သိထားလျက်ပင် လူတိုင်းမလုပ်နိုင်ကြခြင်းမှာရစရာထက် ကုန်စရာ(ငွေကြေး၊ ခွန်အား၊ ပညာစသည်ဖြင့်) ပိုများတတ်သောကြောင့်ဖြစ်သည်။ စင်စစ် ကောင်းသည်၊ အဆင်ပြေသည်ဟု ထင် မှတ်သည့်အလုပ်တိုင်းသည် အကောင်းဆုံးသောအလုပ် မဟုတ်တတ်ပေ။

 အကောင်းဆုံးသောအလုပ် ဟူသည် အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကောင်းသောအရာကို တစိုက်မတ်မတ်လုပ်ဆောင် ခြင်းပင်ဖြစ်သည်။ ရှမာရိလူသည် လမ်းဘေးမှသေလုမြောပါးလူအပေါ် ကောင်းသောအရာပြုလုပ်ရာ၌ ရစရာမရှိရုံ သာမဟုတ်ဘဲ ကုန်စရာသာဖြစ်ခဲ့သည်။

 အချိန်ကုန်သည်၊ ခွန်အားကုန်သည်၊ ငွေကုန်သည်၊ ခံစားခွင့် နှင့် ဂုဏ်သိက္ခာစွန့် လွှတ်ရသည်(သူ၏မြင်းပေါ်တွင် လူနာကိုတင်ရသဖြင့် မြင်းထိန်းဘဝရောက်သွား သည်)၊ ပြန်လာလျှင် လိုသလောက်ပြန်ပေးမည်ဟုဆိုသဖြင့် ငွေထပ်မံကုန်လိမ့်မည်ဖြစ်သည်(လု ၁၀း ၂၅-၃၇)။ 

လူအများစုသည် အလုပ်အကိုင်ကောင်းကိုသာ ရှာဖွေလေ့ရှိကြပြီး ကောင်းသောအရာကို စိတ် မဝင်စားကြသဖြင့် အလုပ်မရတတ်ကြချေ။ စင်စစ် ကောင်းသောအရာကိုလုပ်ရန် ရှာဖွေကြပါက မရ နိုင်မည့်သူ၊ အရည်အချင်းမမီမည့်သူ ရှိလိမ့်မည်မဟုတ်ပေ။ 

လူတိုင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေး ဖြစ်သဖြင့် အလွန်ဝမ်းသာစရာပင်ဖြစ်သည်။ ဘုရားသခင်ကလည်း ထိုသို့သောသူကို အမြဲရှာဖွေလျက် ရှိပြီး အကျိုးခံစားခွင့်ပေးရန် အဆင်သင့်စောင့်ကြိုနေသည်(ဂလာ ၆း၉-၁၀)။ မည်မျှပင် အလုပ်အကိုင်ကောင်းစေကာမူ ကောင်းသောအရာမလုပ်ပါက အချည်းနှီးသာဖြစ်ပါ လိမ့်မည်။

 အကြောင်းမှာ ယင်းတို့သည် ကြာရှည်မခံဘဲ ကောင်းသောအရာကသာ အစဉ်တည်မြဲ၍ဖြစ် သည်။ ယုဒလူမျိုးတို့၏ထုံးစံ၌ ဈာပနပွဲမပြုလုပ်နိုင်သူကို ပြန်ရစရာမရှိသည့်တိုင် အလုံးစုံကူညီခြင်း ကို အကောင်းဆုံးသောအလုပ်အဖြစ် သတ်မှတ်ကြသည်။ 
ယင်းနောက်တွင် ချို့တဲ့သူကိုကူညီခြင်း၊ ပွဲ အခမ်းအနားသို့ဖိတ်ကြားခြင်း၊ အားနည်းသူကိုဖေးမခြင်းစသည်ဖြင့် အစဉ်လိုက်လာသည်။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?