အသင်းတော်ကို သင်ဘာပေးခဲ့သနည်း

သင်းအုပ်ဆရာများသည် အသင်းသားများကို ဘာပေးခဲ့ကြသနည်း။ မိဘများသည် သားသမီး များအတွက် ဘာထားရစ်ခဲ့ကြသနည်း။ အချိန်ကာလပြောင်းလဲလာသည်နှင့်အမျှ လောကကြီးကို နှုတ် ဆက်ထွက်ခွာပြီးသူနှင့် အသက်ရှင်သေးသူအမြောက်အမြားရှိရာ တိုင်းပြည်နှင့်လူမျိုးအတွက် ဘာအ မွေထားရစ်ခဲ့ကြပါမည်နည်း။ သင်းအုပ်ဆရာများသည် အသင်းသားများအတွက် ဂီတတူရိယာအမျိုးမျိုး လိုအပ်သည်ဟုဆိုပြီး ဖြည့်ဆည်း

ပေးကြသည်။

အစီအစဉ်နှင့် လှုပ်ရှားမှုအမျိုးမျိုး လိုအပ်သည်ဆိုပြီး ကြိုက်သလိုလုပ် ဆောင်ခွင့်ပေးကြသည်။ ဘုရားကျောင်းအကြီးကြီး လိုအပ်သည်ဆိုပြီး ငွေကုန်ကြေးကျများစွာဖြင့် တည်ဆောက်ကြသည်။ အသင်းသားများ သမ္မာတရား၌မွေ့လျော်ရေးထက် အပေါ်ယံပျော်ရွှင်ရေးကို သာ အမျိုးမျိုးကြိုးစားလုပ်ဆောင်ကြသည်။
ဘုရားသခင်၏မျက်နှာသာထက် အသင်းသားများ၏မျက် နှာသာကို ရှာဖွေကြသည်။ ဝိညာဉ်အစာပြည့်ဝရေးထက် လောကီအစာပြည့်ဝရေးကိုသာ ဦးစားပေးကြ သည်။ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က မည်သို့သဘောထားမည် ဆိုသည်ထက် အသင်းသား များက မည်သို့သဘောထားမည်ကို ပို၍စိတ်ဝင်စားကြသည်။ ဝတ်ပြုခြင်းအဆင်ပြေ၊ မပြေကို ဘုရား သခင်၏အလိုတော်ထက် အသင်းသားများ၏ပျော်ရွှင်မှုအပေါ် သုံးသပ်သတ်မှတ်ကြသည်။
မိဘများသည် သားသမီးများကို မည်သည့်အရာပေးကြပါသနည်း။ အဝတ်အစား၊ အသုံးအ ဆောင်၊ အိုးအိမ်မြေယာ၊ ရွှေငွေရတနာစသည်တို့သည် မမြဲသည့်အပြင် ထိုအရာများကြောင့် မာန်မာန တက်ပြီး ၎င်းတို့၏မျှော်လင့်ချက်သည် ဘုရားသခင်ထံ၌ တည်မှီတော့မည်မဟုတ်ချေ။ သေချာစဉ်းစားကြပါစို့။ ရှင်ပေါလုတည်ထောင်သည့် အသင်းတော်၊ ဘုရားကျောင်း၊ အသုံးအ ဆောင်ပစ္စည်း၊ အစီအစဉ်နှင့် လှုပ်ရှားမှုအမျိုးမျိုးစသည်တို့သည် သင်္ခါရသဘောအရ ယခုအချိန်တွင် ပျက်သုဉ်းပျောက်ကွယ်၍ တစ်ခုမျှမရှိတော့ပေ။
သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏မှုတ်သွင်းမှုဖြင့် ဘုရားသခင်၏ အသုံးတော်ခံပုဂ္ဂိုလ်များ ရေးသားသည့် နှုတ်ကပတ်တော်သမ္မာကျမ်းစာမှာမူ အစဉ်တည်တံ့လိမ့်မည်သာဖြစ်သည်။ သို့ဖြစ်၍ တာရှည်မခံသည့်အရာများထက် နှုတ်ကပတ်တော်ကိုသာ အမွေအဖြစ်ပေးထားကြပါစို့။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?