စုံလင်သော ပေးကမ်းစွန့်ကြဲခြင်း

 အိုးပေါက်ထဲ ရေမဖြည့်နှင့်

                ကျှွန်ုပ်တို့ဝိညာဉ်ဖခင်ဆရာတော် ဦးတင်မောင်ထွန်း က ပြောဘူးပါသည်။ ပေး ကမ်းခြင်း နှင့် ပတ်သက်လျှင် သမ္မာ သတိရှိ ရှိပေးတတ်ဖို့လိုကြောင်း မိန့်မှာခဲ့ ဘူးပါသည်။

 တချို့လူများဟောပေးသလောက် အကျိုး မဖြစ် ဘဲ ပေးလေလေ၊ယိုလေ လေ၊ တောင်းလေလေ  စသဖြင့် သံသရာလည်နေသူများလည်းရှိပါသည်။ ပေးပြီးသူ့အတွက် အကျိုးဖြစ် ထွန်း၊ တည်ဆောက် လာလျှင် ကောင်းပါသည်။


သို့သော် ပေးသလောက် အကျိုးမဖြစ်ဘဲ အကျိုး

ယုတ် သွားလျှင် ထပ်မံမပေး သင့်ပါ။

ထိုသို့သော သူတို့သည် အိုးပေါက်ထဲ ရေဖြည့် သကဲ့သို့

အချည်းနှီးဖြစ်ကြောင်း ဆရာကြီးက ဝေငှဘူး ပါသည်။


မည်သူကို ပေးရမည်နည်း။

        သို့ဖြစ်လျှင် ပေးကမ်းသောအခါ မည်သူကို ပေးရမည်နည်း။ ဘုရားသခင်ကို

ပေးရမလား။ လူတွေ ကို ပေးရမလား။ လူဟုဆိုရာ၌ အမှုတော်ဆောင်လား၊ မုဆိုးမလား၊

ယုံကြည်သူဆင်းရဲသားလား၊ မယုံကြည်သူ ဒုက္ခသည်လားစသည်ဖြင့်

ဝေခွဲပိုင်းခြားသိရန် လိုပါ သည်။


        ကျွနု်ပ်တို့ပိုင်ဆိုင်သော ဥစ္စာ၊ ဘဏ္႑ာ၊ အချိန်၊ အစွမ်းသတိ္တနှင့်ပညာများကို

ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်အား ပေးကမ်းအပ်နှံခြင်း မပြုမှီ ထိုပုဂ္ဂိုလ် သည်

မည်သူမည်ဝါဖြစ်ကြောင်း အရင်သိဖို့ လိုအပ်ပါ သည်။


လေဝိတို့အား ပေးပါ

        (ဥပမာ) ဣသရေလလူတစ်မျိုးသည် ဆယ်ဘို့ တစ်ဘို့ကို ဘုရားအိမ်တော်သို့

ယူဆောင်လာသော အခါ၊ လေဝိသားများက အသုံးပြုရမည်ဖြစ်သည်။ လေဝိသားတို့သည်

ပရိသတ်စည်းဝေးရာတဲတော်အမှု ကို ဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ၊

™ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့ တစ်ဘို့ကို ငါပေးပြီ (တော ၁၈း၁၂) ဟု

ထာဝရဘုရားမိန့်မှာခဲ့ သည်။ ဤသို့ လေဝိသားတို့ကို ဆယ်ဘို့တစ်ဘို့

ပေးရမည်ဟု ဘုရားမိန့်မှာလျက်နှင့် စေတနာမေတ္တာ နှင့် လေဝိအမျိုးမဟုတ်သော

ဗင်္ယာမိန်အမျိုး၊ ဂဒ်အမျိုး တို့အား ပေးကမ်းပါက မိန့်မှာချက်နှင့်

လွှဲချော် သွား သည့်အတွက် ဘုရားသခင်လက်ခံ နှစ်သက်မည် မဟုတ်ချေ။


        ထို့ကြောင့် ပေးကမ်းစွန့်ကြဲသည့်အခါ စေတ နာရှိရုံနှင့်မပြီး၊

ပေးရမည့်ပုဂ္ဂိုလ်မှန်ကန်ဘို့ အရေး ကြီးပါသည်။ ဓမ္မဟောင်းÝ၌ မိန့်မှာခဲ့သော

ဘုရားသခင် ၏ အိမ်တော် (မာလခိ ၃း၁၀) ဆိုသည်မှာ ယနေ့ ဓမ္မသစ်ကာလအတွက်

အသက်ရှင်သော အသင်း တော်ကို ဆိုလိုသည် (၁တိ၃း၁၅)။ ချစ်သော မိတ်ဆွေ သင်၏

ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ အိမ်တော်၊ အသက်ရှင်သော အသင်းတော်ရှိ (သြမည

ေါငေည) အမှု ဆောင် ယဇ်ပုရောဟိတ်များကို ပေးပါ သလား။ သို့ဖြစ်Õ၍

ထာဝရဘုရားရှင်အား ဆယ်ဘို့ တစ်ဘို့ကို ပေးသောအခါ အသက်ရှင်သော အသင်းတော်၌

အမှု တော်ဆောင်ဘို့ စားစရာရှိစေဖို့ ပေးရမည်။ ဆယ်ဘို့ တစ်ဘို့ကို

အဆောက်အဦး ဆောက်လုပ်ဖို့စသည့် အခြားကိစ္စရပ်များ၌ မသုံးရပါ။


ထာဝရဘုရားကိုပေးခြင်း

        လေဝိသားယဇ်ပရောဟိတ်တို့သည် ဣသ ရေလလူတို့ထံမှရသော ဆယ်ဘို့တစ်ဘို့ကို ထာဝရ

ဘုရားအား မိမိတို့ခံစားခဲ့သော အဘို့ထဲမှတဘို့ ပြန်ပေးရမည်။ တဖန်မောရှေအား

ထာဝရဘုရားက သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ သင်တို့ အမွေခံစရာဖို့

ငါပေးသော ဣသရေလအမျိုး သားတို့ ၏ ဥစ္စာဆယ်ဘို့တစ်ဘို့ကို သင်တို့သည်

ခံယူသော အခါ ထိုအဘို့၏ ဆယ်ဘို့တစ်ဘို့ကို ထာဝရဘုရား အား

ပူဇော်သက္ကာပြုရမည်။ ထို့ကြောင့် ယနေ့အသင်း တော်ရှိ

အမှုတော်ဆောင်များသည်လည်း မိမိတို့ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်အား

ပေးရပါလိမ့်မည်။ (ဝတ် ၂၆း၃၀၊ တော ၁၈း၂၅-၂၆)။


မုဆိုးမနှင့် ဆင်းရဲသားများကိုပေးရမည်။

        တတိယနှစ်တွင် သိမ်းသော ဆယ်ဘို့တစ်ဘို့ ကိုမူ၊ မြို့ထဲမှာ သိုထားရမည်။

လေဝိသား သင်တို့ နေရာ အရပ်၌ရှိသော တပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊

မုဆိုးမများတို့သည် ဝစွာစားရကြမည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်းမဟုတ်၊

သုံးနှစ်တကြိမ် ဤသို့ဝေမျှခွင့်ရှိကြောင်း တွေ့ရ၏ (တရား ၁၄း၂၇-၂၉)။


        သို့ဖြစ်၍ ယနေ့ကျွနု်ပ်တို့က ငါဘုရားသခင်ကို ပေးတာပဲ စေတနာရှိရှိ

ပေးလိုက်ရင်ပြီးတာပဲရတဲ့ လူက ဘာဘဲလုပ်လုပ်၊ သူနဲ့ဘုရားနှင့်သက်ဆိုင်တယ်

ဆိုပြီး ပစ္စလက်ခပ်မပေးသင့်ပေ။ အမှန်မှာ ကျွန်တော် တို့က ပေးလိုက်သောသူသည်

သမ္မာကျမ်းစာက သွန် သင်ဖော်ပြခဲ့သော ဘုရားပေးခိုင်းသည့် ပုဂ္ဂိုလ်ဟုတ်

မဟုတ် စဉ်းစားစိစစ်ပြီးမှ ပေးလှူသင့်ပါသည်။


စေတနာမှန်သော်လည်း

        ကျွနု်ပ်တို့ပေးလိုက်သော သူသည် ဘုရားလူ မဟုတ်ဘဲ ဘိန်းစားအရက်သမား

သစ္စာမရှိ သဖြစ်နေ ပါက အဆိပ်ပင် ရေလောင်းသလိုဖြစ်သွားပေလိမ့် မည်။


        ဤနေရာ၌ ကျွနု်ပ်အတွေ့အကြုံကို တစ်ခု ပြောပြချင်ပါသည်။ တစ်ခါက

ကျွနု်ပ်မိခင် အသက်ရှင် စဉ် ရှမ်းပြည်ကျိုင်းတုံမှ ချင်းတောင်ကို

စောင်နှင့်ငွေ ကျပ် (၅၀ဝ၀)ကို လူကြုံနှင့် စိတ်စေတနာရှိ ရှိပါးလိုက် ရာ

အမေထံမှာ စောင်သာရောက်သွားပြီး ငွေကျပ် (၅၀ဝ၀)မှာ ထိုသူက

လမ်းမှာအရက်သောက်၊ ဖဲရိုက် နှင့် ကုန်သွားကြောင်း နောက်မှသိရ၏။


ကျွနု်ပ်သည် စေတနာနှင့်ပါးလိုက်သော ငွေမှန်ကန်သော်လည်း သစ္စာမရှိ၊

ပစ္စည်းပါးသင့်သော ပုဂ္ဂိုလ်မရောက်တော့ ပါ။ ထို့ကြောင့် ယုံကြည်သူ မိတ်ဆွေ၊

ယနေ့ဘုရားပေး ထားသောကောင်းကြီးများထဲမှ အလှူငွေကို ဘယ်သူ အား ပေးနေပါသလဲ။

ပေးလိုက်သော ပုဂ္ဂိုလ်မှာ ဘုရားလူမဟုတ်ခဲ့ရင် ထိုငွေသည် ကောင်းကင် စာရင်း

၌ မဝင် အဘအိမ်တော်သို့ရောက်မည် ဘုရား လူ မဟုတ်ခဲ့ရင် ထိုငွေသည်

ကောင်းကင်စာရင်း၌ မဝင်၊ အဘအိမ်တော်သို့ရောက်မည် မဟုတ်ချေ။


သူဆင်းရဲပျောက်အောင်

        သင်၏ လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်အောင် ချေးငှားရမည်

(တရား ၁၅း၈)။ သူတောင်းစားတစ်ယောက်ကို နေ့စဉ်ထမင်း တစ်ထုပ်ပေးနေရုံနှင့်

သူ၏ ဆင်းရဲပျောက်မည်မဟုတ် ပေ။ လမ်းဘေးမှာ ဆင်းရဲသား သူတောင်းစားများကို

သနားပြီး ငွေ ငါးကျပ်၊ တစ်ဆယ် ပေးနေရုံနှင့် သူတို့

ဆင်းရဲပျောက်မည်မဟုတ်ပါ။ သို့ရာတွင် ဤသို့ ပေးကမ်းခြင်းသည်

မပေးသည်နှင့်စာလျှင်သာ၍ ကောင်းသော်လည်း ထိုသူ၏ ဆင်းရဲခြင်းသည်မကုန်

မပျောက်သေးပါက စုံလင်သော ပေးကမ်းခြင်းဟု မခေါ်ဆိုနိုင်ပါ။


အဓိပ္ပါယ်ဖွင့်ဆိုပုံက

        တခါက ပဲနွယ်ကုန်းရှိ အသင်းတော် သင်းအုပ် ဆရာတပါးက

ဤပေးကမ်းခြင်းကျမ်းပိုဒ်နှင့် ပတ်သက် ၍ အနက်အဓိပ္ပါယ်ကို

အလွဲဖွင့်မိသဖြင့် စေတနာ သည် ဝေဒနာဖြစ်ခဲ့ကြောင်း ပြောပြေလေသည်။ ဖြစ်ပုံ

ကတော့ သူတို့အနီးအနားရှိ မယုံကြည်သူတစ်ယောက် ကို ခရစ်တော်၏

သတင်းကောင်းဝေငှပြီး သူဘုရား ကျောင်းလာရန် ခရီးဝေးသည်က တစ်ကြောင်း၊ စား

ဝတ်နေရေး ခက်ခဲမှုကြောင့်လည်းကောင်း၊ သူ့ကိုမစ သည့်အနေဖြင့်

မြင်းလှည်းလေးတစ်စီးကို အသင်း တော်က ပြင်ဆင်ဝယ်ပေးပါသည်။



 ရည်ရွယ် ချက်မှာမိသားစု စားဝတ်နေရေး ပြဿနာဖြေရှင်းဘို့နှင့် သူတို့မိသားစုအားလုံး

တနင်္ဂနွေနေ့ပုံမှန်ဘုရား ကျောင်းရောက်စေချင်လို့ဖြစ်ပါသည်။ သို့သော် ထိုသူ

သည် မြင်းလှည်းရပြီး (၆)လလောက် အကြာမှာ မြင်း ကိုလည်း ဂရုမစိုက်၊

မြင်းလှည်းလည်း မမောင်းတော့ သည်သာမက ဘုရားကျောင်းလဲ ရောက်မလာတော့ ချေ။


ထိုအခါ စိုးရိမ်တကြီးနှင့် လိုက်လံစုံစမ်းကြည့် သည့်အခါ

မြင်းနှင့်မြင်းလှည်းကို ပေါင်နှံရောင်းစားခဲ့ပြီး မိသားစုနှင့်ထွက်ပြေး

နယ်ပြောင်းသွားကြောင်း သိရပါ သည်။ နောက်မှအသင်းတော်က သိရှိ၍ နောက်ထပ်

ငွေပေးချေပြီး မြင်းနှင့်လှည်းကို ရွေးခဲ့ရကြောင်း ကျွနု်ပ် အား

ပြောပြလေသည်။ ဓမ္မမိတ်ဆွေတို့၊ ကျွနု်ပ်တို့သည် တချို့သူတို့အား

ကူညီမစခဲ့သော်လည်း စေတနာနှင့် မတန်သူများ ရှိလေသည်။ သူဆင်းရဲပျောက်အောင်

ရည်ရွယ်ပြီးကူညီသော်လည်း ဆင်းရဲမပျောက်သည် သာမက ပေးသမျှမြင်းရယ်၊

မြင်းလှည်းနှင့် သူမိသားစု ပါ ခြေရာဖျောက်ကြောင်း ကျေးဇူးမတင်ကြသည် သာမက

နောက်ပိုင်းတွင် ကျွန်တော်တို့ကိုပါ ဝေဖန်ပြစ် တင်ခဲ့ကြောင်း   

ကြားသိရသည်စသည်ဖြင့် သင်းအုပ် ဆရာက ဝေငှသက်သေခံပါသည်။


ပေါက်သောအိုးဖာပါ

        ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့ မြန်မာလူမျိုးများ

ဆိုရိုးစကားတစ်ခုရှိခဲ့ဘူးပါသည်။ ]]ခြေနှစ်ချောင်း လူသတ္တဝါကို

မကယ်ကောင်း}} ဟူသတည်း။ ကျွနု်ပ် မျက်မြင် ကိုယ်တွေ့တစ်ခုရှိပါသည်။

ရန်ကုန်မြို့ ရေကူးရပ်ကွက်ရှိ ဒေါ်ဒေါ်ကြီးတို့အိမ်မှာ တပည့်တော် ဖြစ်

သင်တန်းတက်နေစဉ် ဖြစ်ပါသည်။ ဒေါ်ဒေါ်ကြီး သည် အလွန်သနား ကြင်နာတတ်သော

အဒေါ်ဖြစ်ပါ သည်။ တစ်နေ့ ဆေးသမားများ သူ့အိမ်ရောက်လာပြီး တညတာ

အိပ်ခွင့်တောင်းလေသည်။ ဒေါ်ဒေါ်ကြီးက သနား၍ ထမင်းလည်းကျွေး အိပ်ခွင့်လည်းပေး

အ ကောင်းဆုံပြုစုခဲ့ပါသည်။ သို့သော် မိုးလင်းသည့်အခါ ခြေရာလည်းပျောက်

ရေလည်းနောက်ဆိုသကဲ့သို့ ခြင်ထောင်လည်းပျောက်လူလည်း ပျောက်သွားလေ သည်။


ထိုသူတို့ကို နောက်တစ်ကြိမ်မတွေရတော့ပါ။ ထိုသို့သော သူများကို

ပေးကမ်းရခြင်း ပြုစုရခြင်းသည် အိုးပေါက်ထဲမှာ ရေဖြည့်နေခြင်းသာဖြစ်လေသည်။

ထို့ကြောင့် ထိုသို့သောသူတို့ကို မပေးမှီ ပေါက်နေသော အိုးကို

ဖာပေးသင့်သည်။ ဆိုလိုသည်မှာ သူတို့အသက် တာ ဘုရားသခင်နှင့် မှန်ကန်အောင်

ဧဝံဂေလိတရား သက်သေခံသွန်သင်ရမည်။ အသက်တာပြောင်းလဲ မှန်ကန်လာပြီးမှ

ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဆက် လက်မေတ္တာပြပေးကမ်းသင့်ပါသည်။


ပေတရု၏ ပေးကမ်းနည်း

        တခါက တင့်တယ်ဟူသည့် တံခါးမှာ အမြဲ တောင်းစားလေ့ရှိသော အမိဝမ်းတွင်းကပင်

ခြေမစွမ်း သည့် လူတစ်ယောက်ကိုတွေ့သော ယောဟန်နှင့် ပေတရုသည် ရွှေငွေမပေးပါ။

ပေတရုကလည်း ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားငါပေးမည်။

နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျှက်

ထိုသူ၏ လကျာ် လက်ကို ဆွဲချီြွကသောအခါ အကောင်းပကတိ ဖြစ် သွားလေ၏ (တ၃း၆-၈)။

ထိုသူသည် သွားလျက်၊ ခုန် လျက် ဘုရားသခင်ကို ချီးမွမ်းလျက်

တမန်တော်တို့နှင့် အတူ ဗိမာန်တော်သို့ ဝင်လေ၏ (တ ၃း၈)။



 ဤသည် မှာမှန်ကန်သော ပေးကမ်းနည်းဖြစ်ပါသည်။ ဤသူ တောင်းစားသည် နောက်တဖန် မတောင်းစား

တော့ ပါ။ သူ၏ ဆင်းရဲခြင်းသည် ဧကန်အမှန်ပျောက် လေပြီ။ ထို့ကြောင့်

ကျွနု်ပ်တို့သည် ဆင်းရဲသား၊ မုဆိုးမ၊ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ

ပစ္စည်းများမပေးကမ်း မှီ နာမ်ပိုင်းဆိုင်ရာအတွင်း ဝိညာဉ်ကို ပြောင်းလဲ

အသက်ရှင်အောင် ကူညီလုပ်ဆောင်ပေးပြီးမှ ရုပ်ပိုင်း

လိုအပ်ချက်များပေးကမ်းမှသာလျှင် မှန်ကန်သွားမည် ဖြစ်ကြောင်း

နှလုံးသွင်းသင့်ပါသည်။



စိတ်သဘောထား

        ပေးကမ်းသောအခါ လူကိုပေးသည်မဟုတ်။ ဘုရားသခင်ကို ပေးကမ်းခြင်းသာဖြစ်သည်။

လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊

မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ။ အ ကြောင်းမူကား စေတနာစိတ်နှင့်

လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ ပေးတိုင်း

လှူတိုင်းဘုရားသခင်ကို ရည်စူးပြီး စေတနာစိတ်နှင့် စွန့်ကြဲရန်ဖြစ်သည်

(၂ကော ၉း၇)။



မည်သူကို ပေးရမည်နည်း။


        ကျွနု်ပ်တို့ ပိုင်ဆိုင်သော ဥစ္စာဘဏ္႑ာများအထဲ တွင် ဆယ်ဘို့တစ်ဘို့မဟုတ်သော

အရာများကို မည်သူ အားပေးရမည်နည်း။ အထူးသဖြင့် ယုံကြည်သူ (မြသည ေါငေည)

ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲကြရမည်။ နောက်မှ တတ်နိုင်ပြီး

စေတနာစတ်ရှိက မယုံကြည်သူ ဒုက္ခဆင်းရဲဖြစ်နေသော သူများကိုလည်းပေးနိုင်သည်။

ထို့ကြောင့် ငါတို့သည် အဆင်သင့်သည့်အတိုင်း ယုံ ကြည်ခြင်း၏ အိမ်သူ၊

အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျှက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု

ကြကုန်အံ့ (ဂလာ ၆း၁၀)။


        သို့ဖြစ်၍ မိမိကိုယ်တိုင်က ပေးလှူသောအခါ ရုပ်ပိုင်းဆိုင်ရာကိုသာ

ပေးလှူခြင်းမဖြစ်စေဘဲ မိမိခန္ဓာ၊ စိတ်၊ ဝိညာသ်ကို ဘုရားသခင်အား

ဆက်ကပ်ပေးလှူ ပြီးမှ မိမိဥစ္စာကို ပေးလှူရပါမည်။ ထို့ကြောင့် ဘုရား သခင်၏

အလိုတော်နှင့်လည်းကောင်း မိမိတို့ကို မိမိတို့ လှူကြ၏ (၂ကော ၈း၅)ဟူသော

မာကေဒေါနိပြည်ရှိ အသင်းတော်များ၏ ပေးလှူခြင်းနည်းစနစ်သည် စစ်

မှန်စုံလင်သော ပေးလှူနည်းဖြစ်ကြောင်း မေတ္တာဖြင့် ဝေငှလိုက်ပါသည်။


နာမတော်မြတ်၌ 

 ညီအစ်ကိုပေါလ်ခေကျိုင်း




Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?