ယေရှုခရစ်တော်၏ သံတမန်

တစ်ခါက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ တာဝန်ထမ်းဆောင်လျက်ရှိသော ခရစ်ယာန်သံတမန်တစ် ဦးက ခရစ်ယာန်များသည် ယေရှုခရစ်တော်၏ သံတမန်များဖြစ်ကြသဖြင့် ပြုလေရာတိုင်း၌ ဖြောင့် မတ်မှန်ကန်စွာ ကြိုးပမ်းလုပ်ဆောင်ကြပါစို့ ဟု ပြောဆိုဖူးသည်။ ထိုပြောဆိုချက်သည် အလွန်တန်ဖိုး ရှိသောစကားဖြစ်သည်။

ကျမ်းစာက ခရစ်ယာန်များသည် ကောင်းကင်နိုင်ငံသားများဖြစ်၍ ယေရှုခရစ်တော်၏ စစ်မှန် သောသံတမန်များဖြစ်ကြသည်ဟု ဖော်ပြသည်(ဖိ ၃း၂၀၊ ၂ကော ၅း၂၀)။
သို့ဖြစ်၍ ခရစ်ယာန်များ သည် ကောင်းကင်နိုင်ငံ၏ကျင့်ဝတ်နှင့်အညီ အသက်ရှင်နေထိုင်ရမည်ဖြစ်သည်(ဖိ ၁း၂၇)။
ထိုကျင့် ဝတ်များအနက် အရေးကြီးဆုံးအချက်တစ်ခုမှာ စည်းလုံးခြင်း၊ ရဲရင့်ခြင်းဖြစ်သည်(ဖိ ၁း၂၇-၂၈)။
မြန်မာနိုင်ငံသို့ရောက်လာသော နိုင်ငံခြားသားများသည် စိုးရွံ့ခြင်းမရှိဘဲ သွားလာနေထိုင်ကြသည်။ ခရစ်ယာန်များကလည်း မိမိတို့၏ ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကို သိရှိနားလည်ကြပါက စိုးစဉ်းမျှ ပင် ကြောက်ရွံ့ကြလိမ့်မည်မဟုတ်ပေ။
အမေရိကန်နိုင်ငံသားများသည် တိုင်းတစ်ပါးမှပြန်လာချိန်တွင် ၎င်းတို့၏ ပိုင်နက်ဝေဟင်နယ်န မိတ်ထဲသို့ လေယာဉ်ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် အမိမြေသို့ပြန်ရောက်ကြပြီဟု အော်ဟစ်ကြွေး ကြော်တတ်ကြသည်။ အမေရိကန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူဝင့်ကြွားကြသည်။
ခရစ်ယာန်များအနေ ဖြင့် ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူကြပါသလော။ ကောင်းကင်နိုင်ငံသားဖြစ်ပါက အဘယ် ကြောင့် စိုးရိမ်တတ်ကြသနည်း။ ယခုမှစ၍ ယုံကြည်စိတ်ချစွာ အသက်ရှင်ကြပါစို့။ ကောင်းကင်နိုင်ငံ သားဖြစ်ခြင်းကို စောင့်ထိန်းအသုံးချတတ်ကြပါစို့။
ယေရှုခရစ်တော်၏ သံတမန်များဖြစ်ကြသည့်အတိုင်း လောကီသားများထံ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြပါဟု ခရစ်တော်ကိုယ်စား တောင်းပန်ကြပါစို့(၂ကော ၅း၂၀)။
ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောဝေငှပြီး ယေရှုခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံနိုင်ရေး ကြိုးစားအားထုတ်ကြပါစို့။
မိမိတို့သည် ဤလောကတွင် ခရစ်တော်၏သံတမန်အနေ ဖြင့် နေထိုင်ရခြင်းဖြစ်သဖြင့် စေလွှတ်ပေးသောဘုရားသခင်၏မျက်နှာကို အိုးမည်းမသုတ်ကြပါစို့နှင့်။

Comments

Popular posts from this blog

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )