ပညာရှိသောသူ၏ ဂုဏ်အင်လက္ခဏာများ

 Characteristics of a wise person

၁။ ပညာရှိသောသူသည် ကာလအချိန်ကိုလည်း ကောင်း၊ စီရင်ရသော အခွင့်ကိုလည်းကောင်း၊

သိမြင်သောသူ ဖြစ်သည် (ဒေသနာ ၈း၅)။

၂။     ပညာရှိသောသူသည် မိမိ၏ အနာဂတ်အ တွက် ကြိုတင်ပြင်ဆင်သောသူ ဖြစ်သည် (သုတ္တံ  ၆း၆-၈)။ 

၃။     ပညာရှိသောသူသည် မိမိသွားရမည့်လမ်းကို  သိသူဖြစ်သည် (သုတ္တံ ၁၄း၈)။

၄။      ပညာရှိသောသူသည် မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှု ဆင်ခြင်သောသူ ဖြစ်သည် (သုတ္တံ  ၁၄း၁၅)။


၅။     ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်သည် (သုတ္တံ ၁၄း၁၆)။ 

၆။     ပညာရှိသောသူသည် မိမိသိသောအရာကို ထုတ်ဖော်ဝါကြွား၍ မပြောဆိုတတ် (သုတ္တံ ၁၂း၁၃)။ 

၇။     ပညာရှိသောသူသည် သတိပေးသောစကားကို နားထောင်တတ်၏ (သုတ္တံ ၁၃း၁၀)။

၈။     ပညာရှိသောသူသည် ဆုံးမသောစကားကို ဂရုပြုတတ်၏ (သုတ္တံ ၁ရး၁၀)။ 

၉။     ပညာရှိသောသူသည် အရာရာကို စေ့စေ့စပ်စပ် ကျင့်ဆောင်တတ်၏ (ဧဖက် ၅း၁၅)။


၁၀။     ပညာရှိသောသူသည် ဘုရားစကားကို ကြားရုံမျှမက နားထောင်တတ်၏ (မဿဲ ရး၁၄)။ 

၁၁။     ပညာရှိသောသူသည် မိမိနှုတ်ကို ချုပ်တည်းတတ်သူ ဖြစ်၏ (သုတ္တံ ၁၀း၁၉)။ 

၁၂။     ပညာရှိသောသူသည် ဒေါသအမျက်ကို လွှဲရှောင်တတ်၏ (သုတ္တံ ၂၉း၈)။

၁၃။     ပညာရှိသောသူ၏ လျှာသည် အနာရောဂါိုပင် ပျောက်ကင်းစေတတ်၏ (သုတ္တံ ၁၂း၁၈)။

၁၄။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏ (သုတ္တံ ၁၄း၃)။

၁၅။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏ (သုတ္တံ ၁၅း၇)။

၁၆။     ပညာရှိသောသူသည် စိတ်ရှည်သူ ဖြစ်၏ (သုတ္တံ ၁၄း ၂၉)။


၁၇။     ပညာရှိသောသူ၏ လျှာသည် ပညာအတတ်ကို နှစ်သက်တတ်၏ (သုတ္တံ ၁၅း၂)။ 

၁၈။     ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်းအားတိုးပွားတတ် ၏ (သုတ္တံ ၂၄း၁၅)။ 

၁၉။     ပညာရှိသောသူသည် (ပျောက်ဆုံး) ဝိညာဉ်များကို ရသောသူ ဖြစ်၏ (သုတ္တံ ၁၁း၃၀)။

၂၀။     ပညာရှိသောသူသည် အကြီးအ့ကဲခေါင်းဆောင်တို့၏ နှစ်သက်ခြင်းကျေးဇူးကို ခံယူ၏ (သုတ္တံ ၁၄း၃၅)။


၂၁။     ပညာရှိသောသူ၏ သွန်သင်ဆုံးမမှုသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက် စမ်းရေတွင်းဖြစ်၏ (သုတ္တံ ၁၃း၁၄)။ 

၂၂။     ပညာရှိသောသူသည် အရာရာကို သမ္မာသတိဖြင့် ပြုမူတတ်၏ (သုတ္တံ ၁၃း ၁၆)။ 

၂၃။     ပညာရှိသောသူ၏ နားသည် ပညာစကားကို ရှာတတ်၏ (သုတ္တံ ၁၈း ၁၆)။

၂၄။     ပညာရှိသောသူသည် သိပ္ပံသရဖူကို ဆောင်းတတ်၏ (သုတ္တံ ၁၄း ၁၈)။ 

၂၅။     ပညာရှိသောသူသည် မြွေကဲ့သို့ လိမ္မာ၍ ချိုုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိ၏ (မဿဲ ၁၀း၁၆)။

၂၆။     ပညာရှိသောသူသည် ကောင်းကင်မျက်နှာကျက်၏ အရောင်အဝါကဲ့သို့ အစဉ်အမြဲ ထွန်းလင်း လိမ့်မည် (ဒံယေလ ၁၂း၃)။


ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသော “ပညာရှိသောသူ” ဆိုသည်မှာ လောက ပညာ၊ ဘွဲဒီဂရီကို မြောက်မြားစွာ ပိုင်ဆိုင်ရရှိထားသော သူများကို ဆိုလိုခြင်း မဟုတ်ပါ။  

ကျွနု်ပ်တို့သည် ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည် ကိုးကွယ်၍ ခရစ်တော်၌ ရှိပြီဆိုလျှင် ခရစ်တော်သည် ကျွနု်ပ်တို့၌ ပညာ၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်း၊ ဖြစ်တော်မူ၏ (၁ကော၊ ၁း၃၀)။ တစ်နည်းဆိုရသော် ကျွနု်ပ်တို့သည် ခရစ်တော်အားဖြင့် “ပညာရှိများ” ဖြစ်ကြသည်။


ထာဝရဘုရားကို ကြောက်ရွံ့ ၍ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသူသည် ဘုရားရှေ့ တွင် ဉာဏ်ပညာနှင့် ပြည့်စုံသော “ပညာရှိ” ဖြစ်ပါသည်။ ထို့ကြောင့် “ပညာရှိသောသူ” ဟူသော နေရာတွင် မိမိနာမည်ကို ထည့်၍ ယေရှုနာမ၌ အကြိမ်ကြိမ်အခါခါ ဝန်ခံမြွက်ဆိုခြင်းဖြင့် မိမိ၏ ဝိညာဉ်ရေးရာနှင့် စိတ်ဓါတ်ရေးရာကို ဧကန်အမှန် မြှင့်တင်ပေးနိုင်ပါလိမ့်မည်။ 


(Rev. သိန်းသန်းထွန်း)



Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?