ပြောင်းလဲတိုးတက်သောလမ်းသို့

၁၈၂၉ခုနှစ်တွင် နယူးယောက်မြို့တော်ဝန် Martin Buren က သမ္မတ Andrew Jackson ထံ မီး ရထားလမ်းဖောက်လုပ်ဖို့ လုပ်ဆောင်နေကြပြီ။ တကယ်လို့ ဒီစီမံကိန်းအောင်မြင်သွားရင် ရေကြောင်း ဆက်သွယ်ရေးနှင့် ဆည်မြောင်းလုပ်ငန်းများပျက်စီးပြီး အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်သွားပါ လိမ့်မယ်။

ဒါ့အပြင် မီးရထားဆိုတာ တစ်နာရီမှာ(၁၅)မိုင်တောင် အမြန်နှုန်းရှိတဲ့အတွက် မီးတောက် မီးလျှံများဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအဖို့ အသက်အန္တရာယ်ကြီးလွန်းပါတယ်။ တစ်ပြည်လုံးလည်း မီးလောင်ပြာကျသွားနိုင်ပါတယ်။
ဘုရားသခင်ကိုယ်တိုင်က လူသားတွေကို ဒီလောက်အမြန်နှုန်းနှင့် ခရီးသွားဖို့ အလိုတော်ရှိမှာတောင်မဟုတ်ပါဘူးဟု စာရေးလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀ဝ)ကျော်ကာလ၌ တစ်နာရီလျှင်(၁၅)မိုင်နှုန်းသည် အလွန်မြန်လွန်း သည်ဟူ၍ စိတ်ပင်မကူးရဲကြချေ။ ယခုခေတ်တွင်မူ တစ်နာရီလျှင်မိုင်(၅၀ဝ)ခန့်ပင် ခရီးရောက်နိုင် သဖြင့် (၁၅)မိုင်ဟူသည် အလွန်နှေးလွန်းပြန်သည်။
ဘယ်သူမှ ယာဉ်ရထားနှင့်ခရီးသွားမှာမဟုတ် ဘူး။ မြင်းနှင့် မြင်းလှည်းကိုပဲ အသုံးပြုကြမှာပါဟုလည်းကောင်း၊ လျှပ်စစ်မီးသီးထက် လက်ဆွဲမီး အိမ်က ပိုမိုအသုံးတည့်တယ်ဟုလည်းကောင်း ထင်မှတ်ကြသည့်အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည်နှင့်အမျှ မိမိတို့လည်း အလိုက်သင့်ပြောင်းလဲတတ်ရန် အရေးကြီးသည်။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသော်လည်း အမှုတော်လုပ်ဆောင်ပုံများသည် အမြဲပြောင်းလဲလေ့ရှိသည်။
သို့ဖြစ်၍ မိမိတို့၏ တရားဟောပုံ၊ သင်တန်းပေးပုံ၊ ခေါင်းဆောင်ပုံစသည် တို့ကို ကာလဒေသနှင့်အညီ လိုအပ်သလိုပြောင်းလဲတတ်ရန်ဖြစ်သည်။ အကယ်၍ မပြောင်းလဲတတ်ပါ က ခေတ်ဟောင်းတွင်ကျန်ရစ်ပြီး တိုးတက်နိုင်မည်မဟုတ်တော့ချေ။
" . . . ဖွားချိန်နှင့် သေချိန်ရှိ၏။ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်ရှိ၏။
သတ်ရသောအချိန်နှင့် အနာပျောက်စေရသောအချိန်ရှိ၏။
ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
ငိုရသော အချိန်နှင့် ရယ်ရသောအချိန်ရှိ၏။
ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
ဖြန့်ကြဲရ သောအချိန်နှင့် စုသိမ်းရသောအချိန်ရှိ၏။
. . . တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသော အချိန်ရှိ၏။
ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်ရှိ၏။
စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသော အချိန်ရှိ၏။(ဒေ ၃း၁-၈)။"
အရာခပ်သိမ်းတို့သည် သူ့အချိန်နှင့်သူ ဖြစ်ပျက်ပြောင်းလဲသည်။

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?