လူသား ကျဆင်းခြင်း (THE FALL OF MAN)

 ခရစ်တော်၌လူသစ် အခန်း (၆)

လူကို ဘုရားသခင် ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိအလိုတော်အတိုင်း လိုက်လျှောက်အသက် ရှင်ပြီး မိမိနှင့် အမြဲတမ်း မိတ်သဟာယဖွဲ့နေရန် ဖြစ်သည်။ သို့သော် ပထမဦးဆုံး လူသား များဖြစ်ကြသည့် အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ ရန်သူစာတန်၏ သွေးဆောင်ရာနောက်သို့ လိုက်ပါကြပြီး ဘုရားသခင်၏

စကားကို နားမထောင်ဘဲ ငြင်းဆန်ပုန်ကန်ခဲ့ကြပါသည် (က၊၃း၁-၇)။


ထိုသို့ဘုရားစကားတော်ကို ငြိုဆန်ပြီး စာတန်၏စကား

ကို နားထောင်မိချိန်မှစ၍ မူလအခြေအနေမှ ရွေ့လျော့ကျဆင်းပြီး ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် မညီတော့ဘဲ ပုံပျက်ခဲ့ရပါသည်။ မူလ ရှိထားသော ဘုရားသခင်၏ ဘုန်းအသရေ ပျောက်ကွယ်ဆုံးရံှုးခဲ့ရပါသည်။ ကြွေရုပ်တစ်ခု အောက်သို့ကျကွဲပြီး ကျေမွသွား သကဲ့သို့ လူသားသည် ဘုရားသခင်၏ ဘုန်အသရေနှင့် ပတ်ရစ်ထားသော သဏ္ဌာန်မှာ ပျက်သုဉ်း ခဲ့ရပါ တော့သည် (က၊၃း၉)။


(က) လူသားကျဆင်းရခြင်း၏ အဓိကအကြောင်း

လူ့အသက်တာ၏ အနှစ်သာရမှာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပေသည်။ ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင် (ဟေ၊၁၁း၆)ဟု ဖော်ပြထားသည်ဖြစ်ရာ ယုံကြည်ခြင်း မရွိပါက ဘုရားသခင်၏ စိတော်အလို စိတ်တော်အလိုပြည့်စုံစေနိုင်မည် မဟုတ်ပါ။


(၁) လူသားကျဆင်းရခြင်း၏ ပထမအချက်မှာ မယုံကြည်ခြင် ပင်ဖြစ်သည်။

စကားတော်ကို မယုံကြည်ခြင်းဖြစ်သည်။ မစားရဟု မိန့်မှာထားသော ဘုရားသခင်၏ စကားကို နားမ ထောင်ဘဲ စားပါဟု တိုက်တွန်းသွေးဆောင်လာသော စာတန်၏စကားကိုသာ နားတောင်ရန် ရွေးချယ်ဆုံး ဖြတ်ခဲ့ကြသည်။ မယုံကြည်ရာရောက်ပေသည်။ မယုံသင့်သော စကားကို ယုံမိခြင်း ဖြင့် ယုံရမည့်စကားကို ငြင်းပယ် လိုက် မိခြင်းဖြစ်သည်။ ဘုရားသခင်၏ စကားတော်ကိုသာ အကြွင်းမဲ့ယုံကြည်မည်ဆိုပါက အခြားဆန့်ကျင်ဘက် စကားကို လက်ခံယုံကြည်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်း မဲ့ယုံကြည်မှုမရှိခြင်းသည် လူသားကို ကျဆင်းစေ သည့် အဓိကအကြောင်းကြီးပင်ဖြစ်ပါသည်။


(၂) လူသားများကျဆင်းရခြင်း၏ဒုတိယအချက်မှာ မိမိအျပစ္ကို ဝန်မခံခြင်းဖြစ်သည်။

သို့သော် လူသားများသည် မိမိတို့၌အပြစ်ရှိကြောင်း ဝန်ခံရန် ဝန်လေးကြသည်။ အာဒံက မိမိ၏ဇနီးသည် ဧဝကြောင့် အပြစ်ဖြစ်ရခြင်းကြောင်း ဆင်ခြေပေးသလို၊ ဧဝကလည်း မြွေကြောင့်ဟူ၍ သူတစ်ပါး အပေါ်သာ အပြစ်ပုံချခဲ့ကြသည်။

ထိုကြောင့် လူသည် ဘုရားသခင်နှင့် ကွဲကွာပြီးကျဆင်းရသည့် အကြောင်းမှာ ဘုရားစကားကို နားမထောင်ဘဲ ကျူးလွန်ချိုးဖောက်ရုံမက မိမိ၌အပြစ်ရှိကြောင်းဝန်မခံ ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ ထိုအချိန်မှစ၍ အပြစ်နှင့်ကင်းစင်သော ဘုရားသခင်နှင့် အတူတကြ နေထိုင်ပြီး မိတ်သဟာယဖွဲ့ရန် မဖြစ်နိုင်တော့သောကြောင့် ဧဒင်ဥယာဉ်မှ နှင်ထုတ် ခြင်းခံခဲ့ရကြပေ သည်(က၊၃း၂၃)။


(ခ) အပြစ်ကြောင့် ခံစားရရှိသော ရလာဒ္မ်ား

အလုပ္တစ္ခုကို လုပ်သည့်အခါခါတိုင်း အရံှုးနှင့်အကျိုးဟူ၍ တစ်ခုခုအဖြေရလေ့ရှိသည်။ ပထမလူသား ဖြစ်သည့် အာဒံနှင့် ဧဝတို့ပညတ်ကို ချိုးဖောက်၍ ဘုရားစကားကို ငြင်းဆန်လျက် အျပစ္ကို လုပ်မိခြင်း၏ ရလာဒ်အဖြေသည် အောက်ပါအတိုင်းဖြစ်သည်။


ဂ အျပစ္သားမ်ား ဘဝသို့ရောက်သွား၏ (ဧဖက်၊၂း၁။ ရော၊၃း၉။ ၅း၁၂၊၁၉)။

ဂ မျက်စိပွင့်လာပြီး အဝတ်အချည်းစည်းရှိသည်ကို သိမြင်လာ၏။ မိမိကိုယ် ခန္ဓာသည် ပုံသဏ္ဌာန်ပျက်စီး

ခြင်းသို့ ကူးပြောင်းခြင်းကို မြင်တွေ့လာ၏ (က၊၃း၇၊ ဟောရှေ၊၄၇း၃။ ယေရ၊၁း၈)။

ဂ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းပျက်သွား၏။ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းကို ခံရ၏(က၊၃း၂၃)။

ဂ ဘုရားသခင်ကို မတွေ့ရဲလောက်အောင် ကြောက်ခြင်းရှိ၏ (က၊၃း၈)။

ဂ ဝိညာဉ်အသက်သေခြင်းသို့ ရောက်သွား၏။ ဝိညာဉ်သက် သေသောကြောင့် ဘုရားသခင်နှင့် မိတ္သဟာယ

ဖွဲ့ခြင်းပြတ်သွား၏။ ဘုရားသခင်သည် ဝိညာဉ်ဖြစ်၍ ဝိညာဉ်သေနေသူနှင့် မိတ္သဟာယ မဖွဲ့နိုင်ပေ

(ရော၊၆း၂၃၊ က၊၂း၁၇။ ရော၊၅း၁၂။ ၅း၁၆)။


- မြွေ သင်သည် ဗိုက်ဖြင့်တွားသွား၍ မြေမှုန့်ကို စားရမည်။

- မိန်းမသည် မွေးဖွားခြင်း၌ ဝေဒနာကို ခံစားရမည်။ မိမိ ခင်ပွန်းသည် သူ့သခင်ဖြစ်ရမည်။ ခင်ပွန်၏ အုပ်စိုးခြင်းကို ခံရမည်။

- ယောကျာ်းသည် ချွေးထွက်၍ ပင်ပန်းစွာ လုပ်စားရမည်။

- အပြစ်တရားကြောင့် လောကတစ်ခုလုံး ဘုရားသခင်၏ အမျက်တော် ကျိန်ခြင်းကို ခံရလတ္တံ့ (ရော၊၃း၁၉။ ဂလာ၊၃း၁၀)။


- ကမ်ဘာပေါ်ရှိ လူသားအားလုံး တို့သည် စာတန်၏ ကျွန်ဘဝသို့ ရောက်ရှိလာ၏ (၂ကော၊၄း၄။ ၁ယော၊၅း၁၉)။

- ဝိညာဉ်တော်၌ ပြန်လည်ဖွားမြင်ခြင်း မခံစားရေသာ လူသားအားလုံးသည် ဘုရားသခင် သားသမီးများမဖြစ်ဘဲ စာတန်၏သားသမီးများသာ ဖြစ်သည် (ယော၊၈း၄၄။ ၁ယော၊၅း၁၉)။

- ဌာဝရငရဲ မီးအိုင်ထဲသို့ ပစ်ချခြင်း ခံရမည် (ဗျာ၊၂၀း၁၄။ မဿဲ၊၂၅း၄၁)။


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?