ယေရှုခရစ်တော်သည် အဘယ်သူနည်း WHO IS JESUS CHRIST?

 သခင်ခရစ်တော်သည် လူသားမ်ားအား အပြစ်နွံတွင်းမှ ကယ်တင်ခြင်းတည်းဟူသော မဟာအမှုတော် မြတ်ကြီးကို ဆောင် ရွက်နိုင်ရေးအတွက် အပျိုကညာစစ်ဖြစ်သူ မာရိ၏ ဝမ်း၌ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသနေ္ဓယူပြီး ဖွားမြင်ခြင်းကိုခံကာ လူ့ဖြစ်အင်ဖြင့် လောကသို့ကြွဆင်း လာခဲ့သူဖြစ်ပါသည်။ ခမည်းတော် ဘုရားသခင်၏ တစ်ပါးတည်းသော သား အနေနှင့် ခမည်းတော်၏ အလိုကို ဆောင်ရန် ဆင်းသက် လာခဲ့

ခြင်းဖြစ်ခဲ့ပါသည်။

အပြစ်ရှိသောလူသားများကို ကယ်တင်ရန် ဘုရားသခင်က မိမိ၏ တစ်ပါးတည်းသော သားတော် (ယေရှု)ကို လောကသို့စေလွှတ်တော်မူကြောင်း (ယော၊၃း၁၆)တွင် ဖော်ပြထားပါသည်။ သားတော်၏ နာမတော် မွာ ယေရှုခရစ်တော် (JESUS CHRIST) ဖြစ်ပါသည်။ ယေရှု ၏ အဓိပ္ပါယ်မှာ လူတို့ကို အဖြစ်မှကင်္ယ ချွတ်မည့်သူ ဟူ၍ဖြစ်ပြီး ခရစ်တော် ဆိုသည်မှာ ဘိသိက်ခံဘွဲ့နာမ ဖြစ်ပါသည်။


(က) ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်း (GOD THE SON JESUS CHRIST)

ယေရှုခရစ်တော်သည် မည်သည့်အရာမျှမရှိမီ အစဦးကတည်းကပင် ရှိနှင့်ပြီးဖြစ်ကြောင်း ကျမ်းစာ၌ တိက်စြာ ဖော်ပြထားပါသည်။ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏၊ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရွိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသူဖြစ်သတည်း (ယော၊ ၁း၁-၉)။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍-- (ယော၊ ၁း၁၄) စသည်ဖြင့် ဖော်ပြ ထားရာတွင် နှုတ်ကပတ်တော်ဟူသည်မှာ ယေရှုခရစ်တော်ကို ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။

ခရစ်တော်သည် အစအဦး၌ ရှိသူဖြစ်ကြောင်း၊ ဘုရားသခင်နှင့်အတူ ရှိခဲ့ကြောင်း၊ ကိုယ်တော်တိုင်လည်း ဘုရားဖြစ်ကြောင်း၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။


- ယေရှုခရစ်တော်က ငါသည် ဤေလာက၏ အလင်းဖြစ်တော်မူ၏ (ယော၊၈း၁၂)။

- ယေရှုက ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏ (ယော၊၁၄း၆)။

- ယေရှုက ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုး ရွိသမွ်ကို

ငါခံပြီ (ယော၊ ၂၈း၁၈)။

- သူ၏နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်

ခြင်းအရှင်ဟု ခေါ်ရမည်။ တန်ခိုးကြီးသော ဘုရားသခင်ဖြစ်သည် (ဟေ၊ ၉း၆)။

- ယေရှုနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည် (ယော၊ ၁၀း၃၀။ ၁၇း၁၁၊၂၁)။

- ယေရှုက ငါအမှန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏ ဟု မိန့်တော်မူ၏ (ယော၊ ၈း၅၈)။

- ယေရှုသည် မနေ့၊ ယနေ့၊ ဗနာင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏ (ဗြဲ၊ ၁၃း၈)။


(ခ) ယေရှုခရစ်တော်၏ ဂုဏ်အင်္ဂါလက္ခဏာများ

(POTENTIAL CHARACTERISTICS OF JESUS CHRIST)

ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်း အောက်ဖော်ပြပါ ဂုဏ်အင်္ဂါများ ပြည့်စုံခြင်းကြောင့် ဖြစ်သည် ကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

- ယေရှုခရစ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲသောအရှင် ဖြစ်သည် (ဗြဲ၊ ၁၃း၈)။

- ယေရှုခရစ်တော်သည် အရာအားလုံးကို တတ်နိုင်သောအရှင် ဖြစ်သည် (လု၊ ၈း၂၄။ မဿဲ၊၂၈း၁၈)။

- ယေရှုခရစ်တော်သည် ထာဝရတည်ရှိသူဖြစန၏ (မိက္ခာ၊၅း၂။ ယော၊၈း၅၈။ ကော၊၁း၁၇။ ဗျာ၊၁း၈)။

- ယေရှုခရစ်တော်သည် နေရာတိုင်း၌ရှိသောအရှင်ဖြစ်၏ (မဿဲ၊၁၈း၂၀။ မဿဲ၊၂၈း၂၀။ ယော၊၁း၄၈။ ၃း၁၃)။

- ယေရှုခရစ်တော်သည် အရာအားလုံးကို သိမြင်သောအရှင်ဖြစ်၏(မဿဲ၊၂၄း၃-၃၁။ မာကု၊၁၁း၂-၆၊ ယော၊

၂း၂၄၊၂၅။ လု၊၅း၂၂)။

- ယေရှုခရစ်တော်သည် အပြစ်နှင့်ကင်းစင်သောအရှင်ဖြစ်၏(လု၊၂၃း၄။ လု၊၂၃း၄၁၊၄၇။ ယော၊၈း၄၆။ ၁၈း၃၈)။

- ယေရှုခရစ်တော်သည် သန့်ရှင်းမွန်မြတ်သောအရှင် ဖြစ်၏ (မာ၊၁း၂၄။ ယော၊၁၉း၄။ ၁ပေ၊၂း၂၂။ တ၊၄း၃၀)။

- ယေရှုခရစ်တော်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော အရှင်ဖြစ်၏ (ယော၊၁၅း၁၃။ ရော၊၅း၈။ ၁ယော၊၃း၁၆)။

- ယေရှုခရစ်တော်သည် သစ္စာနှင့်ပြည့်ဝသောအရှင် ဖြစ်သည် (၂တိ၊၂း၁၃)။

- ယေရှုခရစ်တော်သည် အသက်ဖြစ်၏ (ယော၊၁၄း၆။ ၁ယော၊၅း၁၂)။

- ယေရှုခရစ်တော်သည် သနားကြင်နာမှုနှင့် ပြည့်ဝသောအရှင် ဖြစ်သည် (တိတု၊၃း၅။ မဿဲ၊၁၄း၁၄၊၁၅၊၃၂။

မာ၊ ၆း၃၄)။

- ယေရှုခရစ်တော်သည် သေသောသူကို ရှင်ပြန်ထမြောက်စေသောအရှင် ဖြစ်၏ (ယော၊၁၁း၁၅။ ယော၊၁၁း၄၃-

၄၄)။


(ဂ) ခရစ်တော်ပြုသော အံ့ဩဖွယ်နိမိတ်လက္ခဏာများ

(MIRACLES PERFORMED BY CHRIST)

ယေရှုခရစ်တော်ဘုရားသည် လောကအသက်ရှင်စဉ်တွင် အံ့ဩဖွယ်နိမိတ်လက္ခဏာအမျိုးမျိုး လုပ် ဆောင်ခဲ့သည်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားလျက်ရှိပါသည်။ ဤအံ့ဩဖြယ္မ်ား ပြုလုပ်ခြင်းသည်လည်း သူသည်ဘုရားဖြစ်ကြောင်းကို ပြသခြင်း ဖြစ်ပေသည်။


- ရေကို စပျစ်ရည် ဖြစ်စေခြင်း (ယော၊၂း၁-၁၁)။ (ပထမဦးဆုံးပြုသော နိမိတ်လက္ခဏာ)။

- လူပေါင်းငါးထောင်အား မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ကျွေးပြီး ၁၂တောင်းကျန်ကြွင်းစေခြင်း

(မဿဲ၊၁၄း၁၅။ လု၊၉း၁၀-၁၇။ ယော၊၆း၁-၁၄၊ မာကု၊၆း၃၇-၄၅)။

- လေမုန်တိုင်းနှင့် လှိုင်းတံပိုးကို ငြိမ်းစေခြင်း (မဿဲ၊၈း၂၆-၂၇၊ မာကု၊၁း၂၃-၂၇။ မာကု၊၁း၁၂-၁၃)။

- နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း (မဿဲ၊၈း၂၈-၃၂။ ၉း၃၂-၃၃။ မာကု၊၁း၂၃၊၂၇။ မာကု၊၅း၁၂-၁၃)။

- အနာရောဂါအမျိုးမျိုးကို ပျောက်စေခြင်း

- မျက်စိကန်းသူကို မြင်စေ၏ (မဿဲ၊၉း၂၇-၃၁။ ၂၀း၂၉-၃၄)။

- ၁၂တိုင်တိုင် စွဲခဲ့သော သွေးသွန်ရောဂါကို ပျောက်ကင်းစေသည် (မဿဲ၊၉း၁၈-၂၂။ မာကု၊၅း၂၅-၃၄)

- ၃၈နှစ်ပတ်လုံး ရောဂါစွဲသူအား ချက်ချင်း ကျန်းမာခြင်းပေးခဲ့သည် (ယော၊၅း၅-၉)။

- နူနာစွဲသောသူကို ချက်ချင်းကျန်းမာခြင်းပေးသည် (ယော၊၈း၁-၂)။

- ခြေလက်သေနေသူကို ကျန်မာခြင်းပေးသည် (ယော၊၈း၅-၈)။

-- သေသောသူကိုပင် ရှင်ပြန်ထမြောက်စေခြင်း။

- လာဇရုကို ရှင်ပြန်ထမြောက်စေခြင်း (ယော၊၁၁း၄၃-၄၄)။

- မုဆိုးမသားကို ထမြောက်စေခြင်း (လု၊၇း၁၁-၁၇)။

- သေသောမိန်းမငယ်ကို ရှင်ပြန်ထမြောက်စေခြင်း (မဿဲ၊၉း၁၈-၂၆)။ ကိုယ်တော်တိုင်ရှင်ပြန်

ထမြောက်ခြင်း (၁ကော၊၁၅း၄။ ရော၊၁း၄)။ (အကြီးမားဆုံးသော အံ့ဖွယ်နိမိတ်လက္ခဏာဖြစ်သည်)။


(ဃ) ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း (RESURRECTION OF JESUS CHRIST)

ဃရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို က်မ္စာ၌ (၁၀၄)ကြိမ် ဖော်ပြထားပါသည်။ ခရစ်ယာန်တို့၏ ဝမ်းမြောက်ဖွယ်သတင်းနှင့် ကြွေးကြော်ခြင်းဝါဒသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ပေ တည်း။ လက်ဝါးကပ်တိုင်မှာ သတ်သောယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော် မူသည့်အတိုင်း ထမြောက်တော်မူပြီဟု သမ္မာကျမ်းစာတွင် တိက်စြာ တွေ့ရှိရပါသည် (မဿဲ၊၂၈း၆)။

ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အချက်အလက်များ -

- ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်သဖြင့် ဂူထဲသို့ ဝင်ကြည့်သောအခါ အလောင်းကို မတွေ့ရပါ

(လု၊၂၄း၃)။

- ကောင်းကင်တမန်တို့က သင်တို့သည်အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့်

ရှာကြသနည်း။ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ ဟု ဖော်ပြခဲ့ပေသည် (လု၊ ၂၄း၅-၆)။

- ယေရှုသည် သချႋုင်းမှ ထမြောက်ရှင်ပြန်ပြီး ပေတရု၊ မာရိ၊ ယောသပ်တို့နှင့် တွေ့ဆုံစကားပြော၏

(ယော၊၂၀း၂၄-၁၉)။


- ယေရှုသည် တပည့်တော်တို့ စည်းဝေးသည့် နေရာ၌ ကြွလာ၍ အလယ်မှာ ရပ်တော်မူ၏(ယော၊၂၀း၁၉)။

- ပရိသတ်ငါးရာကျော်က ယေရှုကို တစ်ပြိုင်တည်းတွေ့လိုက်ကြ၏ (၁ကော၊၁၅း၆)။

- ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ

သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော၊၁၅း၃-၄)။


- ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း (၄၀)တိတိ အတွေ့ခံတော်မူပြီးလျှင် တမန်တော်တို့အား ကိုယ်ကိုပြ၍

ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူ၏ (တ၊၁း၃)။


ယေရှုခရစ်တော်ဘုရားသည် လောကတွင် အမွန်မြတ်ဆုံးနှင့် လူတိုင်းအလိုအပ်ဆုံး၊ အဓိကအကျဆုံး ပုဂိ္ဂုလ်ဖြစ်သည့် ထာဝရအသက်ရှင်ခြင်းကို ပေးနိုင်ရေးအတွက် သေခြင်းကို အောင်မြင်၍ ရှင်ပြန်ထမြောက်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်မိန့်တော်မူသည်ကား ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံးကြည်၍ အသက်ရှင်သောသူရှိသမျှသည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည် (ယော၊၁၁း၂၅-၂၆)။


(င) ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွသွားခြင်း (ASCENSION OF JESUS CHRIST)

ရေစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် လောတွင် ရက်ပေါင်း (၄၀)နေခဲ့၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မြွက်တော်မူပြီးနောက် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူစဉ် တမန်တော်တို့နှင့် ပရိသတ်များတို့သည် မိုးပေါ်သို့ မျှော်ကြည့်ကြ၏။ ထိုသို့ ကြည့်ကြစဉ်တွင် အလွန်တောက်ပ ဖြူစင်သော အဝတ်ဖြူ ဝတ်ထားသော ကောင်းကင်တမန်နှစ်ပါး ဆင်းလာ၍ အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်ကြသနည်း။ သင်တို့နှင့် ခွဲ၍ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့ မျက်မှောက်တွင် ကြွတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟု ပြောဆို၏ (တမန်၊၁း၉-၁၀)။

ယေရှုခရစ်တော်သည် အများလူထုရှေ့မှာ ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်သို့ တက်ကြွသည်ကို မြင်ရသည့်အတိုင်း လောကသို့ ဒုတိယအကြိမ် ပြန်ကြွလာတော်မူလတ္တံ့။


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?