စာတန်မာရ်နတ်သည် အဘယ်သူနည်း WHO IS SATAN?

 စာတန်မာရ်နတ်သည် ကောင်းကင်မှ လျှပ်စစ်

ကဲ့သို့ ကျဆင်းလာသူ ဖြစ်ကြောင်း ယေရှုကိုယ် တိုင် ဖော် ပြထာါးသည်ကို တွေ့ရပါသည်(လု၊၁၀း၁၉)။ စာတန်မာရ်နတ်သည် ကမ်ဘာဦး အစ အာဒံနှင့်ဧဝတို့ ဧဒင်ဥယျာဉ်၌ နေစဉ်ပင် လျှင် ရှိခဲ့ပါပြီ။ ပထမလူဖြစ်သူ အာဒံနှင့်ဧဝတို့ထံ မြွေအသွငိဖြင့် လာပြီး အပြစ်သွေးဆောင်ခဲ့ပေသည် (က၊၃း၁-၅)။ ဤ လောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီး ကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်

ကြ၏(ဗျာ၊ ၁၂း၉)။


စာတန်သည် 

- ဉာဏ်ပညာနှင့် ပြည့်စုံ၍ ချောမော၏ (ယေဇ၊၂၈း၁၂)။

- ကျောက်မျက် ရတနာအမျိုးမျိုးနှင့် ဖုံးထားလျက် ရွိ၏ (ယေဇ၊၂၈း၁၃)။

- ဖြန့်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်သည် (ယေဇ၊၂၈း၁၄)။

- ဖွားသောနေ့မှစ၍ အပြစ်ထင်ရှားသောနေ့အထိ စုံလင်လျက်ရှိခဲ့သည် (ယေဇ၊ ၂၈း၁၆)။

- အဓမ္မအမှုနှင့် ပြည့်စုံသူဖြစ်သည် (ယေဇ၊၂၈း၁၆)။

- ကိုယ်၌ တင့်တယ်ခြင်းအသရေကြွားခဲ့သည် (ယေဇ၊၂၈း၁၇-၁၈)။

- လူစီဖာ မိုးသောက်ကြယ်ဟု ခေါ်သည် (ဟေ၊၁၄း၁၂)။

- ကောင်းကင်မှကျသော သူဖြစ်၏ (ဟေ၊၁၄း၁၂)။

- စာတန်သွားရာလမ်းကြောင်းသည် ငရဲသို့ဖြစ်၏ (ဟေ၊၁၄း၁၅)။


(က) စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်သည်

- ဘုရားသခင်ပြောသမျှကို ဆန့်ကျင်ဘက် ကန့်ကွက်သူဖြစ်၏ (က၊၃း၄-၆)။

- ရှေးဦးစွာမှ စ၍ ဒုစရိုက္ကို ပြုသူဖြစ်၏ (၁ယော၊၃း၈)။

- စာတန်သည် မာနနှင့် ယစ်မူးသူဖြစ်၏ (၁တိ၊၃း၆)။

- စာတန်သည် ယေရှုခရစ်တော်ကို စုံစမ်းသွေးဆောင်လျက်ဆန့်ကျင်ဘက်လုပ်သူဖြစ်၏(မဿဲ၊၄း၂-

၁၁)။


(ခ) စာတန်သည် လှည့်စားဖြားယောင်းတတ်၍ မုသား၌ ကျင်လည်သူဖြစ်သည်

- စာတန်သည် လူသားကြားထဲ၌ လှည့်လည်၍ လှည့်ဖြားရန် သွားလာလျက်ရှိလေသည် (ယောဘ၊

၁း၇)။

- စာတန်သည် သစ္စာတရား၌မတည်၊ မုသားစကား၌ ကျင်လည်သူဖြစ်၏ (ယော၊၈း၄၄)။

- စာတန်သည် ဧဝကို လှည့်စားဖြားယောင်းခဲ့ပေသည် (၂ကော၊၁၁း၃)။

- စာတန်သည် လောကတစ်နိုင်ငံလုံး လှည့်ဖြားသောသူဖြစ်၏ (ဗျာ၊၁၂း၉)။

- စာတန်သည် မုသား၏ အဘဖြစ်၏ (ယော၊၈း၄၄)။


(ဂ) စာတန်သည် အယောင်ဆောင်တတ်သောသူဖြစ်သည်

- စာတန်သည် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏ (၂ကော၊၁၁း၁၄)။

- စာတန်သည် ဘုရားသခင် ယောင်ဆောင်သူဖြစ်၏ (ယေဇ၊၂၈း၂)။

- ခရစ်တော်ယောင်ဆောင်သူနှင့် မိစၦာပရောဖက်တို့ ပေါ်လာမည် (မဿဲ၊၂၄း၂၄)။


(ဃ) စာတန်သည် တန်ခိုးပြနိုင်သောသူဖြစ်သည်

- စာတန်သည် ယောဘ၏ အသက္တာ၌ တန်ခိုးပြခြင်း (ယောဘ၊၁း၆-၁၉)။

- စာတန်သည် ထူးဆန်းသော တန်ခိုးနိမိတ်လက္ခဏာ၊ အံ့ဩဖွယ်အမျိုးမျိုးကို ပြခြင်း (၂သက်၊၂း၁၀)။

- စာတန်သည် လှည့်ဖြားလောက်အောင်ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်သောအမှု အမျိုးမျိုးကို

ပြကြလိမ့်မည် (မဿဲ၊၂၄း၂၄)။


(င) စာတန်သည် လူ၏အရာကို စွဲလမ်းသောသူဖြစ်သည်

- လူ၏အရာကို စွဲလမ်းသောသူဖြစ်၏ (မဿဲ၊၁၆း၂၃)။

- အစားအသောက်၌ စွဲလမ်းခြင်းရှိသူဖြစ်၏ (က၊၃း၅-၆)။

- လောကစည်းစိမ်၌ ဝါကြွားခြင်း၊ ွျှပ်မက်ခြင်း ရွိ၏ (၁ယော၊၂း၁၄-၁၆)။


(စ) စာတန်သည် နောက်လိုက်များစွာ ရှိသူဖြစ်သည်

- မာရ်နတ်နှင့်သူ၏တမန်တို့ (မဿဲ၊၁၆း၂၃)။

- ပြစ်မှားသော ကောင်းကင်တမန်တို့ (၂ပေ၊၂း၄)။

- စွန့်ပစ်သော ကောင်းကင်တမန်တို့ကို ထာဝရချည်နှောင်ထားတော်မူ၏ (ယုဒ၊၁း၆၊၁၃)။

- စာတန်နှင့်အတူ သူ၏ တမန်တို့ကို မြေကြီးသို့ ချလိုက်ကြ၏ (ဗျာ၊၁၂း၉)။


(ဆ) စာတန်သည် လောကကို အုပ္စိုးသူ ဖြစ်သည်

- လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်ထဲ၌ ရှိခြင်း (၁ယော၊၅း၁၉)။

- ဥာဏ္မ်က္စိကို ကွယ်စေခြင်း (၂ကော၊၄း၄)။

- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားရသောသူများ၏ စိတ်ထဲမှ ခိုးယူခြင်း (မဿဲ၊၁၃း၁၉)။

- မယုံကြည်သူ သူတို့၏ စိတ်အာရုံပိတ်ပင်ခြင်း (၂ကော၊၄း၄)။


(ဈ) စာတန်သည် လူသတ်သမားဖြစ်သည်

- လူ့အသက်ကို သတ်သောသူဖြစ်သည် (ယော၊ ၈း၄၄)။

- စာတန်သည် ဟောက်သောခြငေ်္သ့ကဲ့သို့ အဘယ္သူကို မြိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ

(၂ပေ၊၅း၈)။


(ည) စာတန်မာရ်နတ်၏ သွားရာလမ်း (THE WAY OF SATAN)

- စာတန်မာရ်သည် မိမိအချိန်ကုန်ခါနီးကြောင်းကို သိ၍ လောကီသားတို့ကို ကြီးစွာသော ဒေါသနှင့်

အနှောင့်အယှက် ပေးလိမ့်မည် (ဗျာ၊၁၂း၁၂)။

- ကောင်းကင်းတမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် စာတန်

မာရ္နတ္ကို ချည်နှောင်၍ အနှစ်တစ်ထောင် တွင်းနက်ကြီးထဲသို့ ချထားလိမ့်မည် (ဗျာ၊၂၀း၃)။

- အနှစ်(၁၀ဝ၀)ကုန်ပြီးမှ ခဏလွှတ်ခြင်း ခံရဦးမည် (ဗ်ာ၊ ၂၀း၇)။

- ပြန်လွှတ်လာပြီးနောက် မြေကြီးလေးမျက်နှာမှာ နေသောလူ အမျိုးမျိုးတို့ကို လှည့်ဖြားလိမ့်မည်

(ဗျာ၊၂၀း၈)။

- သားရဲနှင့် မိစၦာပရောဖက်ရှိရာ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ချပစ်၍ နေ့ညမပြတ်ကမ်ဘာ

အဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့ (ဗျာ၊၂၀း၈)။


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?